images
UN
UN
မန္တလေး-မြစ်ကြီးနား အမှတ်(၄၁)အဆန်ရထားပေါ်၌ ခရီးသည်၏လက်ဆွဲအိတ် ခိုးယူသွားသောအမျိုးသားတစ်ဦးကို ၂၄နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
စံကျော်အုန်း Sunday, 21 July 2019

အမှတ်(၄၁)အဆန် မန္တလေး-မြစ်ကြီးနားရထားပေါ်၌ ခရီးသည် တစ်ဦး၏ လက်ဆွဲအိတ်ခိုးယူသွား သော အမျိုးသားတစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိကြောင်း ခင်ဦးရထား ရဲတပ်ဖွဲ့ထံမှ သိရ သည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသ ကြီး ကသာခရိုင် ပင်လည်ဘူးမြို့ နယ် ချောင်းကွေ့ကျေးရွာနေ ဒေါ် မာဦး၊ ဒေါ်အေးချို၊ မမြတ်ကေ အောင်၊ ဒေါ်မစိန်တို့နှင့်အတူ ယမန် နေ့ ညနေ ၆ နာရီက မန္တလေး ဘူတာမှ အမှတ်(၄၁) အဆန် မန္တလေး-မြစ်ကြီးနား လူစီးရထား အတွဲ(၁) ခုံအမှတ်(၁၊ ၂ ၊၃၊ ၄) တို့တွင် လိုက်ပါစီးနင်းခဲ့ရာ ည ၁၂ နာရီ၌ ခင်ဦးဘူတာတွင် ခေတ္တရပ်နား၍ ပြန်လည်ထွက်ခွာ စဉ် ဒေါ်မာဦး(၃၅) နှစ်ပိုင်ဆိုင် သော ဆင်းကတ်ပါ HUAWAI အမျိုးအစားဖုန်းတစ်လုံး၊ ဆင်းကတ် ပါ MI အမျိုးအစားဖုန်းတစ်လုံး၊ ငွေစက္ကူရောရာ ကျပ်ခြောက် သောင်းနှင့် အင်္ကျီအဝတ်အစားများ ထည့်ထားသော ADVENTURE အမှတ်တံဆိပ်ပါ အမျိုးအစား အညိုရောင် မိန်းမကိုင် လက်ဆွဲ အိတ်တစ်လုံးအား အမည်မသိ လူတစ်ဦးက ယူဆောင်၍ ရထား ပေါ်မှ ခုန်ဆင်းသွားသဖြင့် အရေး ယူပေးပါရန် ခင်ဦးမြို့မ ရဲစခန်း သို့တိုင်တန်းခဲ့ရာ (ပ)၄ဝ၁/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ပြီး ခင်ဦးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)တပ်ခွဲ တပ်စု(၁) ရထား ရဲ(ခင်ဦး) ရဲအုပ် မင်းသိန်းဌေးတို့ အဖွဲ့နှင့်အတူ ခင်ဦးဘူတာ ဝန်းကျင် များသို့ စုံစမ်းရှာဖွေခဲ့ရာ မိုးကောင်း မြို့ ဇီးကုန်းရပ်ကွက်နေ အောင်ကို ဝင်း(ခ)အူဝဲ (၂၄နှစ်)ဖြစ်ကြောင်း သိရသဖြင့် ဆက်လက်စုံစမ်းရာ ခင်ဦးကားဂိတ်တွင် ယနေ့ နံနက် ၅ နာရီက သက်သေခံ ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။