images
UN
UN
ဇီးကုန်းမြို့၌ ရှာဖွေကယ်ဆယ်ရေး သက်ကယ်သင်တန်းအမှတ်စဉ် ၁/၂ဝ၁၉ ဖွင့်လှစ်
အောင်မြင်၊ မြင့်အာကာ(ဇီးကုန်း) Monday, 22 July 2019
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးခန်းမ တွင် ယနေ့ မွန်းလွဲ ၁ နာရီက ရှာဖွေကယ် ဆယ်ရေးသက်ကယ်သင်တန်း(၁/၂ဝ၁၉) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ် ရေးမှူးဦးဝင်းမြင့်က တက်ရောက်လာကြ သော သင်တန်းသားများကို ယခုသင်တန်း သည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို ရှာဖွေ ကူညီဖြေရှင်းကယ်ဆယ်ရသော သင်တန်း ဖြစ်သဖြင့် အလွန်မွန်မြတ်သည့် သင်တန်း ဖြစ်ကြောင်း၊ သင်တန်းကာလကပင် ကုသိုလ်တရားတို့ကို ရရှိစေမည် ဖြစ်ပါ ကြောင်း၊ သို့အတွက် သင်တန်းသားများ အနေဖြင့် သင်ခန်းစာများကို ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစား သင်ကြားကြစေလိုကြောင်း၊ သင်ကြား တတ်မြောက်ပြီးသော ပညာရပ်များဖြင့် လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်များကို ကယ်ဆယ်ရင်း အလုပ်အကျွေး ပြုကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
(၁/၂ဝ၁၉)ရှာဖွေကယ်ဆယ်ရေးသင် တန်းဖွင့်ပွဲသို့ လူဝင်မှုဦးစီးဌာနနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အထောက် အကူပြုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများအင်အား ၅ဝ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။သင်တန်းကာလမှာ ယနေ့မှ ယခုလ ၂၉ ရက်အထိ တစ်ပတ်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။