images
UN
UN
အိမ်တွင်းမှုသက်မွေးပညာသင်တန်းသူများအား မှုခင်းအသိပညာပေးဟောပြော
ဖေထွဏ်းဇော်(ရေစကြို) Tuesday, 23 July 2019
ပညာရေးနှင့်လေ့ကျင့်ရေး ချင်းပြည်နယ် ကန်ပက်လက်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း တွင် ယနေ့နံနက်က ကျန်းမာရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲပြုလုပ်ကြောင်း သိရသည်။
အဆိုပါမှုခင်းအသိပညာပေးဟောပြောပွဲတွင် ကန်ပက်လက် မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးအောင်နိုင်ထွေးက မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးတို့နှင့် ပတ်သက်၍ အသိပညာပေးဟောပြောကြောင်း သိရသည်။
ဟောပြောပွဲသို့ သင်တန်းကျောင်းကျောင်းအုပ်ကြီးနှင့် သင် တန်းဆရာမ ၁၅ ဦး၊ သင်တန်းသူ ၈၄ ဦး စုစုပေါင်း ၁ဝဝ တက်ရောက်ကြကြောင်း သိရသည်။