images
UN
UN
H1N1 ရောဂါဖြင့် လူနာတစ်ဦး သေဆုံး
Wednesday, 24 July 2019
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တောအုပ်စု ထိန်တောကျေးရွာ တာကြီးတန်းလမ်းနေ ဒေါ်စိုးစိုးဦး(၄၇)နှစ်သည် ဖျားနာခြင်းလက္ခဏာဖြင့် နေအိမ် တွင် ၁ဝ ရက်ခန့် ခံစားရပြီး ယခုလ ၂ဝ ရက်တွင် မိုးညိုပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ Uncontrol DM with fever Diagnosis တွေ့ရှိရသဖြင့် မိုးညိုပြည်သူ့ ဆေးရုံမှ ညနေ ၄ နာရီခွဲတွင် သာယာဝတီဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ယခုလ ၂ဝ ရက်မှစပြီး ရာသီတုပ်ကွေး H1N1 ဖြင့် ဆေးရုံတက်ရောက်ကုသနေခဲ့ရပြီး ယခုလ ၂၂ ရက်ညပိုင်း တွင် ကွယ်လွန်သွားခဲ့သည်။
လူနာနှင့်အတူနေမိသားစုဝင်များဖြစ်သည့် (ခင်ပွန်း) ဦးမောင်မောင်ခိုင်(၅၂)နှစ်၊ သားမောင်ဟန်ထက်နိုင် (၁၄)နှစ်၊ မောင်ဘုန်းထက်နိုင်(၄)နှစ်၊ (တူ)ဦးအောင်မျိုးထက် (၃၃)နှစ် တို့ လေးဦးအား မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက် ထားရှိပြီး လူနာတွေ့ရှိရာ ကျေးရွာသို့ကွင်းဆင်း၍ ကျန်းမာ ရေးပညာပေးခြင်းများနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။