images
UN
UN
ဥပဒေနဲ့မညီဘူး အခြေခံမူက ဒီဥပဒေတစ်ခုလုံး၏ ကျောရိုးပဲ ဖွဲ့စည်းပုံ ဘာကြောင့်အရေးကြီးတယ် ဘယ်လိုအရေးကြီးတယ် ဒါကြောင့် ဒီလိုလုပ်ထားတယ်ဆိုတာ ရှင်းပြဆွေးနွေးမယ်ဟု ပျော်ဘွယ်လွှတ်တော်ကိုယ်စားလှယ်ပြော
Friday, 26 July 2019


ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပ သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ်အပြီးတွင် မီဒီယာများ နှင့်တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးသောင်းအေးက''ဥပဒေနဲ့မညီဘူး။ ဒီဟာကြီးကိုကြည့်လိုက်ရင်လည်း တက် လာတဲ့ ၃၇၆၅ ချက်ဟာ ဟိုတစ်နေ့က တပ်မတော်သားကိုယ်စားလှယ် ပြောသလို ပဲ အန္တရာယ်များတဲ့အချက်တွေ ပါတယ်။ ကိုယ်တို့ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆို တဲ့ ဒီဒို့တာဝန်အရေးသုံးပါးကို အထောက် အကူမပြုတော့ဘူး။ တချို့ကိစ္စတွေက။ နောက်တစ်ခုက အခြေခံမူကအစ အကုန် ဖျက်တယ်ဆိုတာ အခြေခံမူက ဒီဥပဒေ တစ်ခုလုံးရဲ့ ကျောရိုးပဲ။ ဒီကျောရိုးက အစ အကုန်ဖျက်တယ်ဆိုတာ ခုနပြောတဲ့ အိမ်ကြီးလိုပဲ တိုင်တွေရော အမိုးတွေရော အုတ်ပန္နက်တွေရော အကုန်ဖျက်လိုက်ရင် ဒီအိမ်ကြီးက ပြိုပျက်သွားတာကလွဲလို့ ကျန်တာအကောင်းမဖြစ်ဘူး။ ဒီဥပမာလေး ကိုပဲ နားလည်ကြည့်ပါ။ အန်ကယ်တို့က တော့ ဒါဟာ မလုပ်သင့်တဲ့ အလုပ်လို့ပဲ ဒီရှုထောင့်ကနေပဲ ပြောမယ်။ ဒီဖွဲ့စည်းပုံ ဘာကြောင့် အရေးကြီးတယ် ဘယ်လို အရေးကြီးတယ်လို့ ဒါကြောင့် ဒီလို လုပ်ထားတယ်ဆိုတာ အန်ကယ်တို့ ရှင်းပြ ဆွေးနွေးမယ်''ဟု ပြောသည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြင်ဆင်နိုင်ရေးအတွက်ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ၄၅ဦး ပါဝင်သော ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၏ အစီရင်ခံစာကို ယခုလ ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။
အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေး ရန် အမည်စာရင်းပေးပို့ထားသည့် လွှတ် တော်ကိုယ်စားလှယ် ၁ဝဝကျော်ရှိပြီး ပြည် ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် ၇ဝ ကျော်၊ NLD ပါတီမှ ငါးဦး နှင့်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် များ ပါဝင်သည်။ တင်တင်အေး