images
UN
UN
မြန်မာနိုင်ငံအတွင်းသို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်လာနေသော ဗဟုယဉ်ကျေးမှုဝါဒ
ဒဂုံသန်းမြင့် Friday, 26 July 2019
ဇူလိုင် ၃ ရက်နေ့ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းက ''သင်ရိုးညွှန်း တမ်းတွေရေးဆွဲတဲ့အခါ မြန်မာစာနှင့် သမိုင်းလိုဘာသာရပ်တွေမှာ ဇာတိမာန် တက်ကြွစေမယ့်၊ အထောက်အကူဖြစ်စေ မယ့်ကဗျာတွေ၊ စာရိတ္တကို အထောက် အကူပြုမယ့်စာတွေ၊ အမျိုးသားရေးစိတ် ဓာတ်ကိုပျိုးထောင်ပေးတဲ့ စာတွေထည့်သွင်း ပေးရန်လိုအပ်ပါတယ်'' ဆိုတဲ့ပြောစကား ကို ဖတ်မိသဖြင့် ယနေ့ခေတ်မြန်မာနိုင်ငံ အတွင်းနှင့် လူငယ်များအတွင်းသို့ အချို့ အချို့သောလူမှုအဖွဲ့အစည်းများအတွင်းသို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်နေသည့် ထင်မြင်နေသော ဗဟုယဉ်ကျေးမှုဝါဒ (Multiculturalism)အကြောင်းကို သတိရ မိပါသည်။
မိမိခံယူချက်၊ ယူဆချက်မှာ ဤ ဗဟု ယဉ်ကျေးမှုဝါဒ(ကြူအငခကူအကမေူငျာ)သည် နယ်ချဲ့လက်သစ်ဝါဒ((Neo Imperialism)) ၏ ပုံစံတစ်မျိုးအတွင်းသားရည်ရွယ်ချက် တစ်မျိုး၊ အနှစ်သာရမူဝါဒတစ်မျိုးပုံဖော် ဖန်တီးထားသည့် ယဉ်ကျေးမှုဝါဒတစ်ရပ် ပင် ဖြစ်သည်ဟု ထင်မြင်ထားပါသည်။ ယဉ်ကျေးမှုသက်သက်မဟုတ်ပေ။ နိုင်ငံတို့ ၏လူမျိုးစုရေး၊ လူ့အခွင့်အရေးတန်းတူ ဖြစ်ရေးစသည်များ အဓိကအားဖြင့်ပါဝင် နေပြီး လူငယ်ထုအတွင်းအလွယ်တကူ ဝင် ရောက်ပျံ့နှံ့ထိုးဖောက်နိုင်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာတို့ပေါင်းစပ်ထားသည့် ဝါဒ(ism)တစ်ခုပင်ဖြစ်သည်ဟု ခံယူမိ ပါသည်။
ကျွန်တော်တို့ပညာသင်စဉ်က သမိုင်း အဓိကဘာသာရပ်၏နောက်ဆုံးနှစ်တွင် ''နယ်ချဲ့ဝါဒ''(Imperialism)အကြောင်း သမိုင်းပါမောက္ခဆရာကြီးကိုယ်တိုင် သင်ပါ သည်။ ပါမောက္ခဆရာကြီးက ''နယ်ချဲ့ ဝါဒ''(Imperialism)အကြောင်း သင်ကြား ပို့ချရာတွင် ခေတ်သစ်နယ်ချဲ့ဝါဒ (Neo Imperialism)အကြောင်းကို ဦးစားပေး၍ နှစ်လုံးပေါက်အချိန်များစွာယူ၍ ကျောင်း သားများကို နိုင်ငံရေးအသိအမြင်ကြွယ်ဝ စေရန် စေတနာအပြည့်ဖြင့် ပို့ချခဲ့ပါသည်။ မှတ်သားမိသည်များကို အကျဉ်းချုပ်၍ ဗဟုယဉ်ကျေးမှုဝါဒ (Multiculturalism) နှင့်ဆက်စပ်ကြည့်ပြီး အကျဉ်းချုပ်တင်ပြ ပါမည်။
အကျဉ်းအားဖြင့် အရင်းရှင်စနစ်သည် ၁၆၄ဝ-၁၆၈၉ အင်္ဂလန်သက်ဦးဆံပိုင်စနစ် ၏အာဏာကို တော်လှန်မှု အင်္ဂလိပ်အရေး တော်ပုံများ၊ အမေရိကန်တို့၏ လွတ်လပ်ရေး စစ်ပွဲကြီး၊ ပြင်သစ်အရေးတော်ပုံ၊ ဂျာမနီ နိုင်ငံ၏ ဒီမိုကရေစီတော်လှန်ရေးစသည်တို့ သည်အရင်းရှင်စနစ်၏ အစပင်ဖြစ်လေ သည်။ ဘူဇွာဓနရှင်တို့ခေတ်ပြောင်းတော် လှန်ရေးသည် အရင်းရှင်စနစ်(capatilism) ပေါက်ဖွားလာခြင်းဖြစ်သည်။ ပြည်သူလူထု စည်းရုံးရန်အတွက် ဒီမိုကရေစီနိုင်ငံရေး စနစ်ကို ကျင့်သုံးကြသည်။ တစ်နည်းဆိုရ သော် အရင်းရှင်နိုင်ငံရေးစနစ်ဆိုသည်မှာ ပြည်သူကိုအခြေခံသော ဒီမိုကရေစီနိုင်ငံရေး စနစ်ဟူ၍ ပုံဖော်ခဲ့ခြင်းဖြစ်သည်။
အရင်းရှင်စနစ်၏ အတွင်းသရုပ်မှာ အမြတ်အစွန်း(Profit) ရရှိရေးသာ အဓိက ဖြစ်သည်။ ငွေကြေးအရင်းအနှီးမြှုပ်နှံပြီး လုပ်အားအပေါ်မှာလည်းကောင်း၊ကုန်ပစ္စည်း ရောင်းချမှုအပေါ်မှာ လည်းကောင်း အမြတ် အစွန်းရရှိရေးအတွက် အစွမ်းကုန်ထုတ် ယူသည်။ ခေါင်းပုံဖြတ်လေသည်။
အရင်းရှင်တို့သည်၎င်းတို့အကျိုးအတွက် ၄င်းတို့၏အရင်းရှင်စနစ်ကြီး တည်တံ့ခိုင်မြဲ ရေးအတွက် နိုင်ငံရေးစနစ်ကို ဒီမိုကရေစီ စနစ်ဖြင့် ပုံဖော်ခဲ့သည်။ အရင်းရှင်အစိုးရ ထို့နောက် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းထားသည့် ဒီမိုကရေစီအစိုးရစနစ်ကို ကျင့်သုံးလာသည်။ အရင်းရှင်တို့၏ဒီမိုက ရေစီအစိုးရ၊ ဒီမိုကရေစီပြည်သူ့ကိုယ်စား လှယ်ဆိုသည်မှာ ဟန်ပြအားဖြင့် ပြည်သူ ကို ကိုယ်စားပြုသည်ဟုဆိုသော်လည်း အရင်းရှင်တို့၏ငွေကြေးအကူအညီအပံ့အပိုး ဖြင့်ဖြစ်လာသည့်အစိုးရပင်ဖြစ်ပေသည်။

ပထမကမ္ဘာစစ်ကြီးဖြစ်ပွားပြီးနောက် အရင်းရှင်တို့၏ နယ်ချဲ့စနစ်(Imperialism) ကြီးသည်လည်း အရင်းရှင်အချင်းချင်း နယ်မြေလုစစ်ပွဲများဖန်တီး၍ လောဘ ဇောတိုက်လာကြလေသည်။ အရင်းရှင်တို့၏ နယ်ချဲ့စနစ်(Imperialism)ကိုအပြိုင်အဆိုင် စစ်ခင်း၍ နယ်မြေလုလာကြလေသည်။
ထိုအခါ အရင်းရှင်အစိုးရကစစ်ရေးအရ နယ်ချဲ့သည်ပူးတွဲ၍ အရင်းရှင်ကြီးများက ငွေကြေးထောက်ပံ့အကူအညီပေး၍ ကုန် ကြမ်းရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ကိုလိုနီ နိုင်ငံများအဖြစ် သိမ်းပိုက်နယ်ချဲ့လာခဲ့လေ သည်။
မြန်မာနိုင်ငံအပါအဝင်အရှေ့ကမ္ဘာခြမ်း တစ်ခုလုံး ကိုလိုနီနယ်ချဲ့အစိုးရနှင့် အရင်း ရှင်နယ်ချဲ့စနစ်ကြီးသည် ဆယ်စု၊ ရာစု တစ်မျှ ကြီးမား၊ကျယ်ပြန့်၊ ထွန်းကား လာခဲ့ လေသည်။ မြန်မာနိုင်ငံသည်အရင်းရှင်နယ် ချဲ့တို့၏ရာစုနှင့်ချီ၍ကျွန်ပြုခံခဲ့ရလေသည်။ ဤခေတ်ကို နယ်ချဲ့စနစ်(Imperialism) ထွန်းကားသောကာလဟုဆိုသည်။
ဆိုလိုသည်မှာ ထိုစဉ်က နယ်ချဲ့စနစ် (Imperialism)ဆိုသည်မှာ စစ်ရေးအဆိုပြု သည့် နယ်ချဲ့အရင်းရှင်စနစ်ပင် ဖြစ်သည်ဟု နားလည်မိပါသည်။ အင်္ဂလိပ်နယ်ချဲ့အစိုးရ လက်ထက် မြန်မာနိုင်ငံသည် နိုင်ငံရေးအရ သူ့ကျွန်ဘဝကျရောက်ခဲ့သည့်အပြင် မြန်မာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းကြီးတစ်ရပ်လုံး ကို နိုင်ငံခြားသား၊ ကုလားနှင့်အနောက်ခြမ်း နိုင်ငံအုပ်စုတို့က လက်ဝါးကြီးအုပ်ထား ခြင်းပင်ဖြစ်သည်။ မိမိတို့ငယ်စဉ်က မိမိတို့ ရွာတွင် လယ်ယာစီးပွားရေးနှင့် ငွေချေးလုပ် ငန်းများသည် ချစ်တီးကုလားကြီးများ၏ လက်တွင်းတွင်သာ ရှိနေခဲ့ပါသည်။ လယ် သိမ်း၊ ယာသိမ်း၊ လယ်သမားများ၏ လယ်ြေ<ွကးမကျေပါက သမီးပျိုများကိုပါ သိမ်း သည့်ခေတ် ကြုံခဲ့ရပါသေးသည်။အင်္ဂလန်နိုင်ငံသည် ပထမဆုံးသော အရင်းရှင်နိုင်ငံဖြစ်သည်။ စီးပွားရေးနှင့် အတူ စက်မှုလက်မှုဆိုင်ရာကုန်ထုတ် စွမ်း အားစုများထွန်းကားလာသောအခါ အရင်း ရှင်နိုင်ငံကြီးများ တဖြည်းဖြည်းများပြားလာ လေသည်။ စက်မှုလုပ်ငန်း ထွန်းကားတိုး တက်လာခြင်းဖြစ်သည်။ အရင်းရှင်တို့၏ြေ<ွကးကြော်သံမှာ ''လွတ်လပ်သောပြိုင် ဆိုင်ရေးနှင့်လွတ်လပ်သော ကုန်သွယ်ရေး'' ဟူ၍ဖြစ်သည်။ ထိုအခါ အရင်းရှင်စနစ် သည် နယ်ချဲ့အရင်းရှင်စနစ်ဖြစ်လာပြီး နယ်မြေများ အပြိုင်အဆိုင်လုလာကြသည်။
၁၉ဝဝ ပြည့်နှစ်အလွန်တွင် အရင်းရှင် နိုင်ငံကြီးခြောက်နိုင်ငံဖြစ်သည့် အင်္ဂလန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်ပြည် ထောင်စုနှင့်ဂျပန်တို့သည် နယ်မြေများ ခွဲဝေ ယူထားခဲ့သည်မှ မကျေနပ်ဖြစ်လာသည်။ မျှတမှုမရှိဟုယူဆလာသည်။ သို့ဖြင့် ကိုလိုနီ နယ်မြေသစ်များ လုလာကြရာမှ ဒုတိယ ကမ္ဘာစစ်ကြီးဆီသို့ ဦးတည်လာလေတော့ သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီ ပထမကမ္ဘာ စစ်ပြီး အရင်းရှင်စီးပွားရေးစနစ် ထွန်းကား ကျယ်ပြန့်လာသည်နှင့်တစ်ချိန်တည်းတွင် နိုင်ငံရေးအတွေးအခေါ်များလည်း ထွန်းကား ကျယ်ပြန့်လာလေသည်။ အရင်းရှင်တို့၏ ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဖက်ဆစ်ဝါဒ၊ အလုပ်သမား၊ ဆင်းရဲသားပြည်သူတို့ ရင်ထဲ တွင် ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်တို့ သည် ကြီးမားပျံ့နှံ့ထွန်းကားလာခဲ့လေ သည်။ နယ်ချဲ့ကိုလိုနီကျွန်နိုင်ငံအဖြစ် သိမ်းသွင်းခံရသည့်နိုင်ငံများတွင် အမျိုးသား ရေးဝါဒ၊ မျိုးချစ်စိတ်ဓာတ်များ၊ နယ်ချဲ့ဆန့် ကျင်ရေးဝါဒများ ထွန်းကားလာသည်နှင့် ပြည်သူလူထုအတွင်း၌လည်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ပါတီများ၊ အဖွဲ့အစည်းများ၊ အမျိုးသားရေးခေါင်းဆောင်များ ပေါ်ထွန်း လာခဲ့လေသည်။
ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၄၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ဤစစ် ကြောင့် အင်္ဂလန်နိုင်ငံသည် ကမ္ဘာ့လူစွာကြီး ဘဝမှချုပ်ငြိမ်းခဲ့ရသည်။ ဤစစ်ကြောင့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့လူစွာကြီးဘဝ ရောက်ခဲ့ရသည်။ ဤစစ်ကြောင့်ပင် ကိုလိုနီ နိုင်ငံများသည် သူ့ကျွန်ဘဝ ကိုလိုနီလက် အောက်မှလွတ်မြောက်၍ အများစုမှာ အမျိုး သားနိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ဤစစ် ကြောင့်ပင်Neo Imperialism ခေါ် ခေတ် သစ်နယ်ချဲ့စနစ်ဖြစ်ပေါ်လာပြီး ဝါဒရေးရာ အရ နိုင်ငံငယ်များအပေါ် သြဇာလွှမ်းမိုးနိုင် ရန် ကြိုးစားလာခဲ့သည့်ခေတ်သစ်သို့ရောက် ခဲ့ရလေသည်။
ကိုလိုနီနိုင်ငံဘဝမှ လွတ်မြောက်လာ ကြသည့် အမျိုးသားရေးဝါဒ ဦးဆောင် နိုင်ငံများသည် များသောအားဖြင့် နယ်ချဲ့ စနစ်အပေါ် ရွံမုန်းလာသည်နှင့် ၄င်းတို့၏ နိုင်ငံကို ဆင်းရဲသားလူအများစု၏ အုပ်စိုး သောစနစ်ဖြစ်သည့် ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်များဆီသို့ နိုင်ငံရေး၊ ဝါဒရေး အရ ဦးတည်လာခဲ့ကြလေသည်။
လွတ်မြောက်လာခဲ့ကြသည့် ကိုလိုနီ နိုင်ငံငယ်များသည် နယ်ချဲ့စနစ်ကို ရွံမုန်း လာခဲ့ကြသဖြင့် ထိုနိုင်ငံများကို ဆက် လက်၍ သြဇာညောင်းလိုသောခေတ်သစ် နယ်ချဲ့ဝါဒီ၊ အမေရိကန်သည် စစ်ရေး၊ စီး ပွားရေးအရ သြဇာလွှမ်းမိုးနိုင်ရန် မဖြစ် နိုင်တော့သဖြင့် ဝါဒရေးအရ လွှမ်းမိုးသြဇာ ညောင်းသည့်လက်အောက်ခံနိုင်ငံများအဖြစ် ဖန်တီးနိုင်ရန် ဝါဒရေးအရ သိမ်းသွင်းခြင်း ခေတ်သစ်နယ်ချဲ့ဝါဒ(Neo Imperialism)ကျင့်သုံးလာလေသည်။
ဤနည်းဖြင့် ကွန် မြူနစ်၊ ဆိုရှယ်လစ်တို့၏ လွှမ်းမိုးသွားမည့် အန္တရာယ်မှ ကာကွယ်လေသည်။
ဤနည်းတူပင် ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်တို့ကလည်း အပြိုင်အဆိုင်သိမ်း သွင်းစည်းရုံးသြဇာလွှမ်းမိုးနိုင်ရေးအတွက် ဝါဒရေးရာအရ သိမ်းသွင်းခဲ့ပြန်သည်။ သို့ ဖြင့် Neo Imperialismဝါဒကိုပင်ကျင့်သုံး ၍ နိုင်ငံငယ်များကို ဝါဒရေးအရ ချုပ်ကိုင် နိုင်ရန် မဟာဗျူဟာချမှတ်ခဲ့လေသည်။ မြန်မာနိုင်ငံသည်လည်း လက်ဝဲ၊ လက်ယာ တို့၏ဝါဒရေးအားပြိုင်မှုကိုခံစားရခဲ့လေသည်။
ဤသို့ ထိုစဉ်က ကျင့်သုံးခဲ့ကြသည့် ခေတ်သစ်နယ်ချဲ့စနစ်(ဝါဒ)Neo Imperia- lism) များကို ပါမောက္ခဆရာကြီးက အသေးစိတ်သင်ပြ၊ ပို့ချ၊ ဆွေးနွေးသွားပါ သည်။ နိုင်ငံကြီးများသည် ပုံသဏ္ဌာန်အား ဖြင့် စီးပွားရေးဖွံ့ဖြိုးရေးအကူအညီပေးသည် ဟုဆိုသော်လည်း အတွင်းသားသရုပ်အမှန် မှာ ဝါဒရေးအရ သိမ်းသွင်းခြင်း၊ သြဇာခံ ပြုခြင်း၊ ၄င်း၏ ထီးရိပ်အောက်တွင် ကြိုးဆွဲ ရာကရမည့် ဝါဒစနစ်ပင်ဖြစ်သည်။
ယနေ့တိုင်ရှင်သန်ကျင့်သုံးလျက်ရှိသည့် Neo Imperialism ခေတ်သစ်နယ်ချဲ့ဝါဒ၏ သရုပ်အမှန်မှာ-
Ideo Logical Imperialism ခေါ် ဝါဒရေးရာအရ နယ်ချဲ့ခြင်းဟူ၍ဖြစ်သည်။ အရင်းရှင်စနစ်နှင့် ဆိုရှယ်လစ်စနစ်တို့၏ ဝါဒရေးရာအရ အားပြိုင်စည်းရုံးခြင်းဖြစ် သည်။ ယနေ့တွင် အရင်းရှင်တို့၏ဝါဒရေး ရာအရ ထိုးဖောက်စည်းရုံးနေသည့်စနစ်မှာ လစ်ဘရယ်ဒီမိုကရေစီဝါဒရေးရာဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ ဝါဒများကျဆုံး သွားပြီးနောက် ကမ္ဘာကို လွှမ်းခြုံထားသည့် နည်းပါးမျှ လစ်ဘရယ်ဝါဒဖြစ်သည်။ ကျင့် စဉ်အားဖြင့် ဒီမိုကရေစီစနစ်ဖြစ်သည်။ လူထုကိုယ်တိုင်က ရွေးချယ်သည့် လူထု အစိုးရ ဆိုသည်မှာ ဤသဘောပင်ဖြစ် သည်။ လူထုအစိုးရဆိုသော်လည်း အစိုးရ အဖွဲ့ဝင်များ၊ ပြည်သူ့ကိုယ်စားလှယ်များထဲ တွင် အစစ်အမှန်ဆင်းရဲသားလူထုအများစု ၏ကိုယ်စားလှယ်များ၊ တစ်ဦးမျှပင် မပါဝင် ပေ။ ကိုယ်စားပြုသည်ဆိုသူများသာ ဖြစ်သည်။
Military Imperialism စစ်ရေးအားဖြင့် စွက်ဖက်ခြင်းဖြင့် နယ်ချဲ့သည် သြဇာ လွှမ်း ခြင်းမျိုးဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာကျွန်း နိုင်ငံများကို အမေရိကန်က ဤနည်းဖြင့် သိမ်းသွင်းထားသည်။ ကိုယ်တိုင် ထိပ်တိုက် မတွေ့၊ကျောထောက်နောက်ခံပြုထားသည်။ လောလောဆယ်တွင် ဗင်နီဇွဲလားအရေး အခင်း၊ ပိုလန်နိုင်ငံအရေးတို့သည် ဤ သဘောပင်ဖြစ်သည်။ ရုရှားကို အနီးကပ် ထိန်းချုပ် ဟန့်တားနိုင်ရန် ပိုလန်ကိုစစ်ရေး အရနည်းမျိုးစုံဖြင့် ထောက်ခံအားဖြည့် ပေးနေခြင်းဖြင့် ပိုလန်ကို သိမ်းသွင်းထား ခြင်းဖြစ်သည်။ အာရပ်နိုင်ငံများတွင် ပို၍ ထင်သာမြင်သာရှိသည်။အတွင်းသားကိုမြင် အောင်ကြည့်ရန်ဖြစ်ပေသည်။ အာရပ်ကမ္ဘာ ကြီး စည်းလုံးညီညွတ်မှုပြိုကွဲနေသည်မှာ သင်ခန်းစာယူနိုင်က ရပါမည်။
Map Imperialism နယ်မြေပိုင်ဆိုင်မှု ကိုအငြင်းပွားစေရန် ဖန်တီးခြင်းဖြင့် နယ်ချဲ့ ခြင်းဟူ၍ဆိုရပေမည်။ ပစိဖိတ်သမုဒ္ဒရာကြီး တွင် ကျွန်းနိုင်ငံများ၊ ကျွန်းများ များစွာ ရှိလေသည်။ ဤတွင် မိမိနိုင်ငံ၏နယ်မြေ ပိုင်နက်တွင်ရှိသည် ပါဝင်သည်ဟုတစ်ဖက် သတ်ဆိုလာခြင်းဖြင့် တွေ့ကြုံနေရသည့် တင်းမာမှုများပင်ဖြစ်သည်။ ကျယ်ပြန့်စွာ စဉ်းစားသုံးသပ်နိုင်ပါသည်။ ဤသည်မှစ၍ တင်းမာမှုများဖြစ်ပေါ်လာပြီး အင်အားကြီး နိုင်ငံများ ပါဝင်လာခြင်းဖြစ်သည်။အထိရောက်ဆုံးနှင့်အသိမ်မွေ့ဆုံးသော နယ်ချဲ့လက်သစ်ဝါဒမှာ ယဉ်ကျေးမှုအရ နယ်ချဲ့ခြင်းCultural Imperialism) ပင်ဖြစ် သည်။ နိုင်ငံများစွာရှိလူငယ်များသည် နိုင်ငံ တိုင်း၌ ကိုယ်ပိုင်ယဉ်ကျေးမှုများရှိနေသော် လည်း ခေတ်၏တိုးတက်မှု၊ ပြောင်းလဲလာ မှု၊ နိုင်ငံတကာဆက်ဆံ ဆက်သွယ်မှုများ ပြားလာသောအခါ ယဉ်ကျေးမှုအထူးသဖြင့် ဂီတအကအဆိုအပြစသည့်ယဉ်ကျေးမှုများ ရောယှက် လာလေသည်။
လူငယ်တို့၏သဘာဝအရအသစ်အဆန်း များကိုစမ်းသပ်ခြင်း၊ အတုယူခြင်း၊ တီထွင် ခြင်းများကို စိတ်အားထက်သန်လာကြရာ အနောက်တိုင်းယဉ်ကျေးမှု အနုပညာများ ကို ခုံမင်လာ၊ တွယ်တာလာ၊ လက်တွေ့ ခံယူလုပ်ဆောင်လာခြင်းဖြင့် မိမိတို့၏ရိုးရာ ယဉ်ကျေးမှုအနုပညာများ မှေးမှိန်လာလေ သည်။ ယနေ့လူငယ်များသည် အနောက် တိုင်း ဂီတအနုပညာကို လိုက်ပါလုပ်ဆောင် လာခြင်းဖြင့် မြန်မာ့ဂီတအနုပညာများ မှေး မှိန်လာလေသည်။ ဟစ်ဟော့များ၊ ရက်၊ ပေါ့များ၊ြီ များကို လူငယ်အားလုံး နီးပါး မြတ်နိုးတွယ်တာ လိုက်ပါလုပ်ဆောင်လာ ကြသည်။ အုံနှင့်ကျင်းနှင့်မြူးထူးပျော်ပါး တန်ဖိုးထားလာကြလေသည်။
ယခုအခါ မြန်မာ့ဂီတအနုပညာကို လူငယ်များစိတ်မဝင်စားတော့ပါ။ တန်ဖိုး မထားတော့ပါ။ များမကြာမီ တိမ်မြုပ်သွား မည်။ များမကြာမီ ပျောက်ကွယ်သွားတော့ မည်။ယခင်ကာလများက ဆို၊ က၊ ရေး၊ တီး မူဝါဒဖြင့် ထိန်းကျောင်းပေးနိုင်ခဲ့သော်လည်း ယခုမရှိတော့ပါ။ နောင်မြန်မာ့ဂီတအနုပညာ ကို အရုပ်ရေးပြရတော့မည်ဖြစ်သည်။
လူ့သဘာဝအရ စိတ်သွားတိုင်းကိုယ် ပါနေသဖြင့် မြန်မာ့ဂီတအနုပညာသာမက မြန်မာ့ယဉ်ကျေးမှုကြီးတစ်ရပ်လုံးပင်စိုးရိမ် ဖွယ်ရာဖြစ်သည်။ ဤလူငယ်များကို အနောက်ကျားငစဉ်းလဲများက ကောင်းစွာ နိုင်ငံရေးကိစ္စတွင် အသုံးချသွားတော့မည် ဖြစ်သည်။ ယခုပင်မြန်မာတို့၏ အဆုံးအမ ဖြစ်သော ဟီရိသြတ္တပ္ပဆိုသည်မှာ ဘာများ လဲဟုလူငယ်တို့မေးလာကြသည်။ အနောက် တိုင်းယဉ်ကျေးမှုကို အထင်