images
UN
UN
မိခင်လောင်းများကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းနှင့် သမီးမိန်းကလေးများ စောစီးစွာအပျိုဖော်ဝင်ခြင်းတို့ဆက်စပ်နေ
KK(IR) Saturday, 27 July 2019
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အဝလွန်သည့်မိခင်များအနေဖြင့် သာမန်ကိုယ်အလေးချိန်ရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထက် စောစီးစွာအပျိုဖော်ဝင်နိုင် ဖွယ်ရှိသည့် သမီးမိန်းကလေးများ မွေးဖွားနိုင်ခြေပိုမိုရှိသည်ဟု အမေ ရိကန် သုတေသနတစ်ခုအရ သိရ သည်။
သုတေသီများသည် အမေနှင့် သမီးစုံတွဲပေါင်း ၁၅၃ဝဝ နီးပါး တို့၏ဆေးမှတ်တမ်းများကိုသုံးသပ် စိစစ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်ဝန် ဆောင်စဉ် သာမန်ကိုယ်အလေးချိန် ရှိသူမိခင်များ၏ သမီးမိန်းကလေး များနှင့် အဝလွန်သည့်မိခင်များ၏ သမီးမိန်းကလေးများကို နှိုင်းယှဉ် ကြည့်သည့်အခါတွင် အဝလွန်မိခင် လောင်းများ၏သမီးမိန်းကလေးများ က စောစီးစွာရင်သားများဖွံ့ဖြိုး ခြင်းနှင့် ဆီးခုံမွေးများထွက်ရှိခြင်း တို့ဖြစ်ပေါ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ် အဝလွန် ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင် စဉ် ကိုယ်အလေးချိန်အလွန်မြင့် တက်လာခြင်းတို့သည် အန္တရာယ်ရှိ သောမွေးဖွားမှုများဖြစ်ပေါ်လာခြင်း နှင့် ကလေးအရွယ်တွင်အဝလွန် ရောဂါဖြစ်ခြင်းတို့ကဲ့သို့သောခက်ခဲ ရှုပ်ထွေးသည့် ကိုယ်ဝန်ဆောင်မှုကို ဖြစ်ပေါ်စေသည်ဟု သိရသည်။
အဆိုပါသုတေသနသည် အဝ လွန်ခြင်းနှင့် သွေးချိုမြင့်တက်ခြင်း တို့က လူပျိုအပျိုဖော်ဝင်ချိန်အပေါ် သက်ရောက်မှုရှိသည်ကို ပြသ သည့် ယခင်အသိအမြင်အပေါ် ချဲ့ထွင်ကာ လေ့လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မိန်းကလေးငယ်များတွင်အရွယ် မတိုင်မီအပျိုဖော်ဝင်ခြင်းသည် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျအား ငယ်မှု၊ ခန္ဓာကိုယ်အပေါ် အလို မကျမှု၊ ဆယ်ကျော်သက်အရွယ် တွင်ကိုယ်ဝန်ဆောင်ရခြင်း၊ စောစီး စွာလိင်မှုကိစ္စများ တွေ့ကြုံရခြင်း များအပါအဝင် များစွာသောဆိုး ရွားသည့်စိတ်ခံစားချက်များ၊ အမူ အကျင့်များဆိုင်ရာရလဒ်များဖြစ် ပေါ်မှုနှင့်ဆက်စပ်နေလျက်ရှိသည် ဟု သိရသည်။ ထို့ပြင် အသက် ကြီးလာသည့်အခါတွင်လည်းနှလုံး ရောဂါများ၊ အသက်အန္တရာယ်ရှိ စေသည့်ရောဂါများနှင့် ရင်သားနှင့် သားအိမ်ကင်ဆာများလည်း ဖြစ် ပွားနိုင်ခြေမြင့်မားသည်ဟု သိရ သည်။
Ref: Channel News Asia