images
UN
UN
ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသအဖွဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ကွင်းဆင်းကုသ
ဇော်မင်းထွန်း Sunday, 28 July 2019
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ဖြိုးစေ တနာအခမဲ့နယ်လှည့် ဆေးကုသမှု အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁ဝ၆)ရပ်ကွက်ရှိ အောင်ချမ်းသာ ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီမှ စတင် ၍ မွန်းလွဲ ၃ နာရီအထိ ပြည်သူ့ ကျန်းမာရေးအခမဲ့ကုသစောင့်ရှောက် မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
အဆိုပါ ဆေးကုသမှုအဖွဲ့အား အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် များဖြစ်ကြသော ဒေါ်လဲ့လဲ့အေး၊ ဒေါက်တာအောင်ထွန်း၊ ဒေါက်တာ ဇော်လင်းပြုံးတို့ ဦးဆောင်ကာ ပါတီ၏မူဝါဒနှင့်အညီ ပြည်သူများ ၏ ကျန်းမာရေးအခက်အခဲများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
အဆိုပါ နယ်လှည့်ဆေးကုသမှု ကို ရန်ကုန်တိုင်းဒေသကြီး ဗဟို ကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပါတီအတွင်းရေး မှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ ခရိုင် ပါတီကော်မတီဝင်များ၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ အတွင်းရေးမှူး ဦးထွန်းလွင်၊ ဘဏ္ဍာရေးမှူး ဦးစိန် သန်း၊ မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်အရန်ပါတီကော်မတီ ဝင်များ၊ (၁ဝ၆)ရပ်ကျေးအဖွဲ့ပါတီ ဝင်များနှင့် လူငယ်အမျိုးသမီးအဖွဲ့ ဝင်များ၊ ရပ်မိရပ်ဖများမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့သည်။
ဆေးကုသရာသို့ ဒေသခံ ပြည်သူများမှ အထွေထွေရောဂါ များ၊ သွားရောဂါများ၊ သွေးတိုးနှင့် ဆီးချိုဝေဒနာရှင်များ၊ ရာသီဖျားနာ ရောဂါဝေဒနာရှင်များကလာရောက် ကုသခဲ့သည်။