images
UN
UN
ဒီမိုကရက်တစ် ဦးတည်ရာ နှင့် သွေဖည် သွားနိုင်သော မြန်မာ့အသွင်ကူးပြောင်းမှုများ
ပြည့်ဖြိုးနိုင် Tuesday, 30 July 2019
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိဟု သတ် မှတ်ကာ လက်ရှိမြန်မာအစိုးရအပေါ် နိုင်ငံ တကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန် မှုများပြုလုပ်ခဲ့သည့်အပြင် လက်ရှိအစိုးရ ၏ ပုံရိပ်ပိုင်းကျဆင်းမှုများနှင့်ပါ ကြုံတွေ့ ခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် AA သောင်းကျန်းသူအဖွဲ့က စစ်ရေးလှုပ် ရှားမှုများ ပြုလုပ်ခြင်းနှင့် နယ်ခြားစောင့် ရဲစခန်းများအား တိုက်ခိုက်ခဲ့ခြင်းများ ကြောင့် မတည်ငြိမ်မှုများ ဆက်လက်ဖြစ် ပေါ်ခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အောင်မြင်မှုရရှိရန်အတွက် တပ်မတော် နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန် လိုအပ်မည်ဖြစ်သော်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ကိုင်စွဲထား သော ရပ်တည်ချက်အချို့ကြောင့် ရလဒ် ကောင်းများ ထွက်ပေါ်ခဲ့ခြင်းမရှိဟု ဆိုရ ဖွယ်ရှိနေသည်။ လွှတ်တော်များအတွင်း ၌ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေခြင်းကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝ၂ဝပြည့် နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ရွေး ကောက်ခံကိုယ်စားလှယ်ဦးရေ၏ သုံးပုံ နှစ်ပုံခန့် ရရှိသည့်အနိုင်ရလဒ်မျိုးပိုင်ဆိုင် မှသာလျှင် လွှတ်တော်များအား ဆက် လက်ထိန်းချုပ်ထားနိုင်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ် ပါက တိုင်းရင်းသားပါတီများ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ က မဟာမိတ်ဖွဲ့ကာ အစိုးရအဖွဲ့ ဖွဲ့စည်း နိုင်မည့်အခြေအနေသို့ ရောက်ရှိသွားနိုင် သည်။ လက်ရှိအချိန်၌ နိုင်ငံတော်တည် ဆောက်ရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ပူးပေါင်းဆောင်ရွက်ရေး ဆိုသော အကြောင်းအရာများတွင် အရင်း အနှီးကြီးမားသည့်ဖြစ်စဉ်များ ဖြစ်ပေါ် လျက်ရှိသော်လည်း မြန်မာအစိုးရအဖွဲ့၏ တရားဝင်မဟုတ်သောခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့သည် ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲ အား ပစ်မှတ်ထားသော နိုင်ငံရေးမူဝါဒ များအား ဦးစားပေးကျင့်သုံးမှုပြုလုပ်လာ ကြောင်း မြင်တွေ့နေရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ သည် အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဘက်မလိုက်မှုများကို အသားပေးသည့် မူဝါဒမျိုးဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများ နှင့် မြန်မာနိုင်ငံကြားမှ ဆက်ဆံရေး အခြေအနေ၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုအခြေအနေများသည် တပ်မတော်အနေဖြင့် မည်သည့်အချိန်တွင် နိုင်ငံရေးမှ ဆုတ်ခွာမည်ဆိုသော မေးခွန်း အတွက် အဓိကအကျဆုံးအကြောင်းအရာ များဖြစ်သည်။ တပ်မတော်သည် အမျိုး သားရေးကို အခြေခံအကျဆုံးမူဝါဒအဖြစ် ကိုင်စွဲထားသည့်အပြင် ပြည်ထောင်စု မပြိုကွဲရေးနှင့် လုံခြုံရေးနှင့်ဆိုင်သော ကဏ္ဍများတွင် မတည်ငြိမ်မှုများ မဖြစ် ပွားရေးတို့ကို ဦးစားပေးစဉ်းစားမြဲဖြစ် သည်။ တပ်မတော်အစိုးရလက်ထက် ကတည်းက အသုံးပြုခဲ့သော စည်းကမ်း ပြည့်ဝသည့်ဒီမိုကရေစီစနစ်ဆိုသော စကား လုံးသည် တပ်မတော်အနေဖြင့် နိုင်ငံရေး ကဏ္ဍတွင် လွှမ်းမိုးထားရန်နှင့် အသွင် ကူးပြောင်းမှုများအား အရှိန်အဟုန်ဖြင့် ဖော်ဆောင်မှုမပြုလုပ်နိုင်အောင် ထိန်းချုပ် ထားရန်ဆိုသော အချက်များအား ကိုယ် စားပြုခြင်းမရှိဟု ဆိုရဖွယ်ရှိသည်။
အမျိုး သားလုံခြုံရေးနှင့်ဆိုင်သောအကြောင်း အရာများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ဆိုင် သော အကြောင်းအရာများအပေါ် ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် ဒီမိုကရက်တစ်အင် စတီကျုရှင်းများ အားကောင်းလာစေရန် လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုဖြစ်စဉ်များသည် ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့်ဆိုင်သောအကြောင်းအရာများ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ချိန်ညှိမှုပြု လုပ်ရာ၌ ပေါ်ထွက်လာသောဖြစ်စဉ်များ ကြား၌ ရှုပ်ထွေးမှုအနည်းငယ်ရှိသည်ဟု သတ်မှတ်နိုင်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်ဖော်ဆောင်ခဲ့သော ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်များသည် အင်အား ကြီးနိုင်ငံတစ်နိုင်ငံတည်းအပေါ် မှီခိုနေမှု များအား လျှော့ချနိုင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့်အတူ တပ်မတော်အစိုးရ ပေါ်ထွက်လာခဲ့ပြီးနောက်တွင် အနောက် နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့်ဥရောပနိုင်ငံများက မြန်မာ နိုင်ငံအပေါ် ချမှတ်ခဲ့သည့်အရေးယူပိတ် ဆို့မှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အဆက်ပြတ်သွားစေရန် တွန်းပို့သကဲ့ သို့ ဖြစ်ခဲ့သည်။ ပြည်တွင်း၌ လက်နက် ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက် ရှိသည့်အပြင် စီးပွားရေးပိတ်ဆို့မှုများနှင့် ပါ ရင်ဆိုင်ခဲ့ရသောကြောင့် မြန်မာနိုင်ငံ သည် ဆယ်စုနှစ် နှစ်ခုခန့် အထီးကျန် နိုင်ငံအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ကုန် သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ သံ တမန်ဆက်ဆံရေးကဏ္ဍ၊ စစ်လက်နက် ဝယ်ယူရေးကဏ္ဍများတွင် အင်အားကြီး နိုင်ငံတစ်နိုင်ငံတည်းကိုသာ မှီခိုအားထား ရသည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်။
၂ဝ၁ဝ ပြည့်နှစ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ စတင်ဖော်ဆောင် ခဲ့ပြီးနောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည့် အစိုးရအဖွဲ့သည် အချုပ်အခြာအာဏာပိုင် ဆိုင်မှုနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ များတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင် နိုင်ခဲ့ပြီဟု တွေ့ရမည်ဖြစ်သည်။ ထို့အပြင် အနောက်နိုင်ငံများနှင့်ပါ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် လုပ် ဆောင်နိုင်ခဲ့ခြင်းများကြောင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့်အရေးယူပိတ်ဆို့ မှုအများစု ဖယ်ရှားသွားခဲ့ခြင်းက မြန်မာ့ စီးပွားရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှု များဖြစ်ပေါ်မည်ဟု ယုံကြည်ရသော အလားအလာကောင်းများ ပေါ်ထွက်လာ စေခဲ့သည်။
(Ref; Myanmar’s Democratic Backsliding in the Struggle for National Identity and Independence By Jonathan T. Chow)
(ဆက်လက်ဖော်ပြပါမည်)