images
UN
UN
နည်းလမ်းမှန်ကန်မှုမရှိဘဲ ပြင်ဆင်ခြင်းများသည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲလုပ်ဆောင်နေခြင်းသာဖြစ်
Wednesday, 31 July 2019


ဦးစိုင်းကျော်မိုးက ''၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မိမိတို့နိုင်ငံရဲ့ ရေမြေ သဘာဝပထဝီအနေအထား၊ သမိုင်း ကြောင်းတွေပေါ် အခြေခံပြီး လိုက်လျော ညီထွေဖြစ်စေရန် အချိန်ယူရေးဆွဲထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၅ မှာ နိုင်ငံတော်သည် ဥပဒေပြုရာတွင်လည်းကောင်း၊ အုပ်ချုပ် ရာတွင်လည်းကောင်း၊ နိုင်ငံတော်၏ အခြေခံမူများနဲ့အညီ အလေးဂရုပြု ဆောင်ရွက်ရပါမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သူ့ပုံစံ သူ့စနစ်နဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ရောသမ မွှေပြီး ရေးချင်တိုင်းရေးလို့ မရပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ် ကတည်းက အနာဂတ်နိုင်ငံတော်အတွက် ပြည့်စုံအောင် ရေးဆွဲခဲ့သည် မှန်သော် လည်း ခေတ်ကာလအခြေအနေ အချိန် အခါနှင့် အံဝင်ခွင်ကျဖြစ်သော အားနည်း ချက်များ ရှိကောင်းရှိမှာ ဖြစ်ပါတယ်။ သို့သော် အားနည်းချက်များကို အခွင့် ကောင်းယူကာ တစ်ဦးချင်း တစ်ဖွဲ့ချင်း လိုရာဆွဲ ဆောင်ရွက်ခြင်း၊ နည်းလမ်း မှန်ကန်မှုမရှိဘဲ ပြင်ဆင်ခြင်းများဟာ တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေကို မိမိ တို့ လိုရာဆွဲလုပ်ဆောင်နေခြင်းသာ ဖြစ် သောကြောင့် ပူးပေါင်းကော်မတီရဲ့ အစီ ရင်ခံစာနဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် များအပေါ် ကန့်ကွက်ပါကြောင်းနဲ့ ဥပဒေ ပြုရေးကဏ္ဍမှာ အဓိကကျတဲ့ ကျွန်တော် တို့လွှတ်တော်ကြီးကလည်း တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များကို တိကျစွာလိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း ဆွေးနွေးလိုက်ပါတယ်'' ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ၄င်းက''အခု လွှတ်တော် အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ အနေနဲ့ အစီရင်ခံစာကို တင်သွင်းခြင်း ဟာ တိုင်းရင်းသား ပြည်သူများအကြား၊ နိုင်ငံရေးပါတီများအကြား၊ လွှတ်တော် နဲ့ တပ်မတော်အကြား ဃသည်အငအကအငသညေူ ဃမင်င် ဖြစ်အောင် တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဘာကြောင့်လဲဆိုရင် ပြင်ပမှာ အစီ ရင်ခံစာမတင်မီနဲ့ တင်ပြီးနောက် ပြင် ဆင်ဖို့ ထောက်ခံတာတွေ၊ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ပါအတိုင်း လိုက်နာပြင် ဆင်ရေး ဆန္ဒဖော်ထုတ်တာတွေ၊ နိုင်ငံ တော်ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေရဲ့ အနှစ်သာရကို ပျက်စီး စေမယ့် ပုဒ်မတွေကိုမပြင်ဖို့ ဆန္ဒဖော် ထုတ်နေတာတွေက နေရာအနှံ့အပြားမှာ ရှိလာပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်း နှစ်ခုရဲ့ ပွတ်တိုက်မှု ဖြစ်ပေါ်လာနိုင်လို့ နိုင်ငံ့အရေးဟာလည်း စိုးရိမ်စရာ ဖြစ်လာ ပါတယ်''ဟုလည်း ထပ်လောင်းပြော ကြားခဲ့သည်။