images
UN
UN
မေးမြန်းမှုနှင့် ဝန်ကြီးဖြေဆိုမှု မေးခွန်းနှင့် တခြားစီဖြစ်နေဟု ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်ပြော
ကိုကိုလွင် Wednesday, 31 July 2019

မေးမြန်းခဲ့သည့် မေးခွန်းအပေါ် ပညာရေးဝန်ကြီးမှ ပြန်လည် ဖြေဆိုခဲ့ရာ၌ မေးမြန်းသည့်မေးခွန်းနှင့် ပြန်လည်ဖြေဆိုခဲ့သည့် အကြောင်းအရာ သက်ဆိုင်မှုမရှိဘဲ တခြားစီဖြစ်နေသည်ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ်(၃)မှ ဦးခင်မောင်လတ်က ပြောသည်။
ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ်တော်၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားအကူအညီ၊ နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီဖြင့် ပူးပေါင်းဖွင့်လှစ်သင်ကြားသော AGTI/ GTC အဆင့် စက်မှုသိပ္ပံ ကျောင်းပေါင်း မည်မျှရှိသည်နှင့် ရခိုင်ပြည်နယ်၌ ယင်းကဲ့သို့ ကျောင်းအမျိုးအစားတစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ခြင်းအား ပညာရေးဝန်ကြီး၏ ပြန်လည်ဖြေဆိုခဲ့သည့် အပေါ် သက်ဆိုင်မှုမရှိဘဲ မေးခွန်းနှင့်ဖြေဆိုမှု တခြားစီဖြစ်နေ ကြောင်း ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။''မြန်မာပြည်မှာ အများ ကြီးရှိပါတယ်။ ဂျပန်၊ ဂျာမနီ ကိုရီးယား၊ အိန္ဒိယ အဲဒီနိုင်ငံတကာ အဖွဲ့အစည်းတွေက အကူ အညီ ပေးတယ်။ နည်းပညာ ဖြန့်ပေး တယ်။ သူတို့ဆီက ဆရာတွေ ကိုယ်တိုင်လာသင်တယ်။ နောက် ဒီပလိုမာကိုလည်း သူတို့နိုင်ငံက ပဲပေးတယ်။ ဂျပန်ဆိုရင် JICA ကပေးတယ်။ အဲဒီ လက်မှတ် တွေက နိုင်ငံတကာမှာ အထောက် အကူပြုတယ်။ အဲဒီအဆင့်ကျောင်း မျိုးကို တောင်းတာပါ။ ဒါပေမဲ့ ဝန်ကြီးဖြေတာက အလယ်တန်း အဆင့်ကျောင်းသားတွေသင်တဲ့ ကြိမ်ကုလားထိုင်ထိုးတာတို့ မော် တော်ဆိုင်ကယ်ပြင်တဲ့ လုပ်ငန်းတွေ ဒီပြင်ကိစ္စတွေကိုပြောသွားတယ် မေးတာနဲ့တော့ တခြားစီပဲ။ နိုင်ငံ တကာကလာပြီး ကမ်းလှမ်းရင် တော့ အကူအညီပေးမယ့်သဘော တော့ပြောတာပဲ''ဟု ပညာရေး ဝန်ကြီး၏ဖြေဆိုခဲ့မှုအပေါ် ဦးခင် မောင်လတ်က ထောက်ပြခဲ့သည်။
ရခိုင်ပြည်နယ်၌ ဆိပ်ကမ်း များစွာရှိပြီး အင်ဂျင်နီယာနှင့် ပတ်သက်သည့်လုပ်ငန်း၊ စက်မှု လုပ်ငန်းအတွေ့အကြုံရှိသူပညာရှင် များစွာလိုအပ်ကြောင်း သင်္ဘော များ၊ ဆိပ်ကမ်းများနှင့်ပတ်သက် ၍ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်ခြင်း ဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ် ကမ်း စီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ ကြီးမားသည့်တည် ဆောက်ရေးလုပ်ငန်းများအတွက် တစ်စိတ်တစ်ဒေသ အကောင် အထည်ဖော်ဆောင်လျက်ရှိနေရာတို့ အတွက်ပညာရှင်များ မွေးထုတ် ပေးနိုင်ရန်ရည်ရွယ်၍ မေးခွန်းမေး မြန်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။
ပညာရေးဝန်ကြီး၏ ဖြေဆိုခဲ့မှု နှင့်ပတ်သက်၍ ထပ်ဆင့်မေးမြန်းမှု ပြုလုပ်သင့်ကြောင်း အကြံပြုချက် နှင့်ပတ်သက်၍ ထပ်ဆင့် မေးမြန်း မှုမပြုရသည့် အကြောင်းအရာ အပေါ်အောက်ပါအတိုင်း ထပ်မံ ပြောသည်။
''မေးသင့်ပါတယ်။ မေးပေ မယ့်လွှတ်တော်ဥက္ကဋ္ဌက ပြောဦး မှာပဲ ဝန်ကြီးဖြေသွားပြီးပြီလို့ သူ့ မှာအစအနလေးပါသွားတယ်။နိုင်ငံ တကာက ကမ်းလှမ်းလို့ရှိရင် ကြိုး စားမယ်။ အဲလိုသဘောမျိုး ပြောသွားတယ်။ အဲဒါပဲ လွှတ် တော်ဥက္ကဋ္ဌကပြောမှာ။ ဒါကြောင့် မမေးလိုက်ဘူး။ ဝန်ကြီးက ပြတ် ပြတ်သားသားမပြောဘူး။ ဒါပေမဲ့ အဲဒီစကားတစ်ခွန်းပါသွားတယ်။ နိုင်ငံတကာက ကမ်းလှမ်းလာရင် တော့ ကြိုးစားပေးမယ်ဆိုတဲ့ သဘောအမှန်ကကိုယ်တို့က ကြိုး စားရမှာ။ ရခိုင်ပြည်နယ် အစိုးရ ကြိုးစားရမယ်။ ပြည်ထောင်စု အစိုးရ ကြိုးစားရမယ် တိုင်းနဲ့ ပြည်နယ်အနှံ့ပေါ့။ နိုင်ငံတကာ အဆင့်မီကျောင်းတွေက အနည်း ဆုံး ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ တစ်ကျောင်းစီကတော့ ပေါ်လစီက ချပေးဖို့လိုတာပေါ့။ အဲဒါလိုချင်လို့မေးတာ ထပ်မေး လည်း လွှတ်တော်ဥက္ကဋ္ဌက ပြော မှာ ဖြေပြီးပြီလေလို့ ပြောမှာ'' ဟု ၄င်းကသုံးသပ်ခဲ့သည်။