images
UN
UN
ပျော်ဘွယ်မြို့နယ်မှ ရွာပေါင်း ၃ဝ လျှပ်စစ်မီးရရှိရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေး
တင်တင်အေး Wednesday, 31 July 2019

ပျော်ဘွယ်မြို့နယ်မှ ရွာပေါင်း ၃ဝ လျှပ်စစ်မီးရရှိရေးအတွက် သက်ဆိုင်ရာ ပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းအေးက ယနေ့လွှတ် တော်တွင် မေးခွန်းမေးမြန်းလိုက်သည်။ယနေ့နံနက်က ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစီ အစဉ်တွင် ပျော်ဘွယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက''မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၏ မြောက်ပိုင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာပေါင်း ၃ဝ ခန့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ရန်အတွက် ယင်းတော်ရွာတွင် ၃၃/၁၁ုဠ ၃ဠြဗ ဓာတ်အားခွဲရုံတစ်ရုံ နှင့် ကျေးရွာများအတွက် ၁၁ုဠ ဓာတ် အားလိုင်း ၁၂ မိုင် တည်ဆောက်ခွင့်ပြုပေး နိုင်ခြင်းရှိမရှိ၊ ခွင့်ပြုပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်၊ ခွင့်ပြုနိုင် ခြင်းမရှိပါက မည်သည့်အတွက် ခွင့်မပြု ခြင်းဖြစ်ပြီး အဆိုပါရွာများကို မည်သည့် ကာလတွင် လျှပ်စစ်မီးရရှိအောင် မည်သို့ စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ကြောင်း''မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က''မေးခွန်းပါဓာတ်အားလိုင်းများ တည် ဆောက်ခြင်းလုပ်ငန်းအတွက် မန္တလေး တိုင်းဒေသကြီးအစိုးရ၏ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် ငါးနှစ်စီမံကိန်းတွင် ထည့်သွင်း လျာထားပြီးဖြစ်ပါ၍ ရန်ပုံငွေရရှိမှုပေါ် မူတည်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ၏ အဖြေအား ရှင်းလင်းဖြေကြားအပ်ပါ တယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပျော်ဘွယ်မြို့နယ်အတွင်း ကျေးရွာ အုပ်စုပေါင်း ၅၂ အုပ်စု၊ ကျေးရွာပေါင်း ၂၃၂ ရွာရှိသည့်အနက် ဓာတ်အားစနစ်ဖြင့် မီးလင်းသော ကျေးရွာ ၉၂ ရွာသာရှိ ကြောင်း သိရသည်။