images
UN
UN
ကမ္ဘာ့ရွာကြီးထဲက မြန်မာ့အိမ်ထောင်စု၏ စီးပွားရေးအခြေအနေ
ဝင်းမောင်(ဘောဂဗေဒ) Saturday, 03 August 2019
ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် အနိမ့်အမြင့်များ၊ စိန်ခေါ်မှုနှင့် အခက် အခဲများရှိခဲ့သော်လည်း အတက်ဘက်သို့ ဦးတည်လျက်ရှိသည်ကို မြင်တွေ့ကြရပါ မည်။ တိုးတက်မှုဖြစ်စဉ်တွင် အံ့မခန်းတိုး တက်မှုများရှိခဲ့ပါသည်။ စီးပွားရေးစန်း ပွင့်ချိန်နှင့် စီးပွားရေးပျက်ကပ်များကြုံ တွေ့ကြရသော်လည်း လုံ့လနှင့် ပညာြ<ွကယ်ဝသော လူသားများက ဖြေရှင်း လျက် တိုးတက်မှုဖြစ်စဉ်များအဆက်မ ပြတ်ရခဲ့ကြပါသည်။
စီးပွားရေးတိုးတက်မှုအစ ရေနွေးငွေ့က
ကမ္ဘာ့စီးပွားရေး အံ့မခန်းတိုးတက် မှုသည် ပထမစက်မှုတော်လှန်ရေးက စသည်ဟု ဆိုရပါမည်။ ၁၈ရာစုပတ်ဝန်း ကျင်တွင် ရေနွေးငွေ့စွမ်းအင်သုံးစက်များ ကို တွင်ကျယ်စွာသုံးစွဲရာက စက်မှုလုပ် ငန်းများ ထွန်းကားလာပြီး အများအစား ကုန်ထုတ်လုပ်မှုလုပ်ငန်းများစခဲ့ပါသည်။ တစ်ဆက်တည်း ရေနွေးငွေ့စွမ်းအင်သုံး မီးရထား၊ မီးသင်္ဘောများ၊ ပေါ်ထွန်း ခဲ့ရာ ထုတ်လုပ်မှုနှင့်ပြိုင်လျက် လိုက် ဖက်ညီသော ကုန်သွယ်ရေးကို ဖြစ်ပေါ် စေခဲ့ပါသည်။ ကုန်ကြမ်း ကုန်ချောသယ် ပို့မှုက ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုကို အလေးထားအပြန်အလှန်အားဖြင့် ထုတ် လုပ်စွမ်းအင်များတိုးတက်မှုရခဲ့ကြပါ သည်။ ထိုစဉ်က ကမ္ဘာ့မြောက်ခြမ်းရှိ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ကနေဒါစသော နိုင်ငံများ သည် စက်မှုအင်အားကြီးနိုင်ငံများအဖြစ် အစပျိုးနိုင်ခဲ့ကြပါသည်။
စီးပွားတိုးတက်လာသော နိုင်ငံများ က ကုန်ကြမ်းအတွက် နယ်ပယ်သစ်ရှာ ဖွေမှုနှင့် ကုန်ချောဖြန့်ဖြူးရာနယ်သစ်များ ရှာဖွေမှုတိုးချဲ့ခဲ့ကြပါသည်။ အလားတူ လက်နက်သစ်များ၊ နိုင်ငံရေး၊ အုပ်ချုပ် ရေးစနစ်သစ်များပေါ်ပေါက်ကာ ကိုလိုနီ နယ်ချဲ့စနစ်ပေါ်ခဲ့ပြီး ကျွန်နိုင်ငံများနှင့် သခင်နိုင်ငံများအဖြစ် အနိမ့်အမြင့်ကွာ ဟမှုဖြစ်စေခဲ့ပါသည်။ ထိုမှတစ်ဆင့် ကုန် ကြမ်းများစရိတ်နည်းနည်း လုပ်အားခ စရိတ်နည်းနည်းနှင့် ထုတ်လုပ်နိုင်သော အခွင့်အရေးများရကာ ထွက်ရှိလာသော ကုန်ချောများကို ဈေးမြှင့်ကာ ရောင်းချခဲ့ မှုကြောင့် ဆင်းရဲချမ်းသာနိုင်ငံများကွာဟ မှု ပိုမိုများခဲ့ကြရပါသည်။ ဆင်းရဲသော နိုင်ငံများအဖို့ ခါးသီးသောအတွေ့အကြုံ များစွာ ခံစားခဲ့ကြရပါသည်။ ယင်းဖြစ် စဉ်တွင် မြန်မာနိုင်ငံသည် ကျွန်နိုင်ငံ အဖြစ်သာ ရပ်တည်ခဲ့ရပါသည်။ သမိုင်း သည် ရိုင်းခဲ့ပြီး ရင်နင့်ဖွယ်ခါးသီးမှုများ လည်း ခံစားခဲ့၊ တွေ့ကြုံခဲ့ကြရပါသည်။


စုစည်းမှုအားနှင့် နည်းပညာမြင့်မား လာသော ကမ္ဘာ
ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ကြီးမားသော ပြောင်းလဲမှုအဖြစ် ၁၉၇ဝ ပြည့်နှစ်ခန့်က ဒုတိယအကြိမ်ထပ်မံဖြစ်ခဲ့ သည်ဟု ပညာရှင်များက ဖော်ညွှန်းခဲ့ပါ သည်။ စက်မှုနည်းပညာ သိသာစွာတိုး တက်မှုအပြင် ဆက်သွယ်ရေးနည်းပညာ (ICT)သည်လည်းတိုးတက်မှုစခဲ့ပါသည်။ ဆက်သွယ်ရေးနည်းပညာသည်ကမ္ဘာကြီး ကို ရွာကြီးသဖွယ်ကျဉ်းမြောင်းစေခဲ့ပြီး ဂလိုဘယ်လိုက်ဇေးရှင်းဟု ခေါ်သော ကမ္ဘာလုံးဆိုင်ရာဆက်စပ်မှုအား ကောင်း မွန်စပြုခဲ့ကြပါသည်။ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကလည်းထပ်မံအရှိန် အဟုန်မြင့်တိုးတက်ခဲ့သဖြင့် နိုင်ငံကြီးများ တွင် နိုင်ငံတကာထုတ်လုပ်မှုလုပ်ငန်းများ ကုန်သွယ်မှုလုပ်ငန်းများ၊ဝန်ဆောင်မှုလုပ်ငန်း ကြီးများသည် ကုမ္ပဏီကြီးများ၊ ကော်ပို ရေးရှင်းကြီးများအသွင် အများအပြားဖြစ် ထွန်းလာခဲ့ပါသည်။ ယင်းဖြစ်စဉ်တွင် ၁၉၆၇ ခုနှစ်က အရှေ့တောင်အာရှ(မူလ) ငါးနိုင်ငံသည်လည်း ထုတ်လုပ်မှုမြင့်မား လာခြင်းတန်ဖိုးမြင့်ထုတ်ကုန်များဖြင့်ကမ္ဘာ့ ထုတ်လုပ်မှုလမ်းကြောင်းသို့ ဝင်ရောက်ခဲ့ ပါသည်။ ယင်းတိုးတက်ပြောင်းလဲဖြစ်စဉ် ကိုလိုက်ပါစီးနင်းနိုင်ခဲ့သော နိုင်ငံများက ပို၍ကြွယ်ဝချမ်းသာလာကြပြီး မလိုက်ပါ နိုင်ဘဲ နောက်ကျန်နိုင်ငံများအဖို့ ပိုမိုဆင်း ရဲမှုဒဏ်ခံကြရပါသည်။ယင်းဖြစ်စဉ်ထဲတွင် မြန်မာမိသားစုသည်နောက်ကျန်ခဲ့ပါသည်။
ဆက်စပ်မှုပို၍အားကောင်းလာသော ကမ္ဘာ့ရွာကြီး
ကမ္ဘာ့ရွာကြီးအတွင်း ၁၉၈ဝပြည့်နှစ် နောက်ပိုင်းကာလများတွင်ကမ္ဘာ့အရပ်ရပ် နိုင်ငံများသို့ဖြန့်ခွဲကာလုပ်ငန်းခွဲများပြောင်း ရွှေ့ထုတ်လုပ်မှုများကိုမြင်တွေ့ကြရပါသည်။ ယင်းဖြစ်စဉ်တွင်လုပ်ငန်းကြီးများကအသုံး စရိတ်တတ်နိုင်သမျှလျှော့ချနိုင်ခဲ့ပြီးအရင်း အနှီးများပိုမိုအသုံးပြုမှုကြောင့်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများအဆင့်မြင့်လာပြီး အကျိုး အမြတ်ရရှိကာ၊ သုတေသနနှင့်အဆင့်မြင့် နည်းပညာများပေါ်လာခဲ့ပါသည်။ ယင်း သို့ပေါ်ပေါက်မှုများထဲတွင်ပြိုင်ဆိုင်မှုများ၊ နည်းပညာသစ်များရှိစတိုင်သစ်များ၊ထုတ် ကုန်အသစ်အဆန်းများ၊ စားသုံးသူများ အတွက် ဆွဲဆောင်မှုအား ကောင်းသော ဖန်တီးချက်များပေါ်ထွန်းလာကာ ကမ္ဘာ့ အဆင့်မြင့်ထုတ်လုပ်မှု၊ဝန်ဆောင်မှုမြင့်မား လာသော စီးပွားဖြစ်ထွန်းမှုအစီအစဉ်ကို မြင်တွေ့ကြရပါမည်။ ကုန်ကြမ်းမှသာမန် ကုန်ချောသာမကတန်ဖိုးမြှင့်(value ad-ded)ထုတ်ကုန်များပေါ်ထွန်းလာခဲ့ပါသည်။ ယင်းတိုးတက်မှုဖြစ်စဉ်ကို အထောက် အကူပြုနိုင်သော ငွေကြေးစနစ်၊ ဘဏ် စနစ်ဖွံ့ဖြိုးမှုဆိုင်ရာ ဘဏ်များလည်း ပေါ်လာခဲ့ပြီး ဆက်သွယ်ရေးနည်းပညာ သစ်(ICT)နှင့် ဆက်စပ်တိုးတက်နိုင်ခဲ့ကြ ပါသည်။ မြန်မာမိသားစုသည် ကမ္ဘာ့ရွာ ကြီးတွင် ဖွံ့ဖြိုးမှုနည်းသော နောက်ပိုင်း နေရာတွင်သာ တွေ့မြင်ရပါမည်။
စီးပွားရေးစိန်ခေါ်မှုများ
ကမ္ဘာကြီးသည် စီးပွားရေးဆိုင်ရာ တိုးတက်မှုများအတွင်း စီးပွားရေးကျပ် တည်းမှုများ၊ စီးပွားရေးပျက်ကပ်များ၊ စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ကြရမှုလည်း ရှိပါသည်။ ၂ဝ၁ဝမတိုင်မီကာလတွင် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းများ အပြင် ထုတ်လုပ်မှုလုပ်ငန်းများတွင် သွင်းအားစုအကန့်အသတ်များရှိလာသဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးများတွင် စီးပွားရေးအကျပ်အတည်းများကြုံတွေ့ ကြရသည်ကိုမြင်တွေ့ခဲ့ရပါသည်။ စီးပွား ရေးအပြိုင်အဆိုင်နယ်ပယ်ရှိနိုင်ငံကြီးများ အတွင်း နည်းပညာမြင့်စက်မှုထူထောင် ရေးတွင် စိန်ခေါ်မှုများကြုံလာမှုများရှိ လာပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးပါ ထိခိုက်ပွန်းရှမှုများပေါ်ပေါက်လာခဲ့ပါ သည်။ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များတွင် အသိပညာအခြေခံသည် တန်ဖိုး မြှင့်ဆောင်ရွက်မှုများ တဖြည်းဖြည်းရှေ့ တန်းသို့ရောက်လာပါမည်။ ယင်းဖြစ်စဉ် များတွင် ကမ္ဘာ့ရွာတွင်မြန်မာအိမ်ထောင် စုအနေဖြင့် ငေးမောကြည့်ရှုနေရသော အခြေအနေတွင်ရှိပါသည်။
မြန်မာ့စီးပွားရေးအခြေအနေ
အထက်ပါကမ္ဘာ့စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် မြန်မာ့စီးပွားရေးသည် နောက်ကျကျန်လျက်ရှိသည်မှာ ထင်ရှား သိသာလှပါသည်။ သို့သော်ယခုနှစ်ပိုင်း များတွင် ပိုဆိုးလာသည့်အတွေ့အကြုံ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ အတွင်း မြန်မာသည် လာအို၊ ကမ္ဘော ဒီးယားထက် တစ်ဦးကျထုတ်လုပ်မှု (Per capital Gdp)မြင့်မားခဲ့သော်လည်း ယခုအခါ အောက်ဆုံးအဆင့်သို့ကျရောက် သွားပြီဟု ကမ္ဘာ့စီးပွားရေးဆိုင်ရာအဖွဲ့ အစည်းအချို့၏ တွက်ချက်ဖော်ပြမှုကို တွေ့ရှိလာရပါသည်။ အိုင်အမ်အက်(ဖ်) အဖွဲ့၏ခန့်မှန်းစာရင်းများအရ ၂ဝ၁၈ ခုနှစ် အာဆီယံနိုင်ငံ၁ဝနိုင်ငံ၏ စုစုပေါင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(ဂျီဒီပီ)ခန့်မှန်းခြေကို ကြည့်ရှုပါက အာဆီယံ ၁ဝ နိုင်ငံ၏ လူဦးရေ ၆၉ဝ ဒသမ ၄၉ သန်းသည် ဂျီဒီပီတန်ဖိုး (အမေရိကန်ဒေါ်လာ ဘီလီယံ ၂၈၉၁ ဒသမ ၂) ရှိပြီး တစ်နှစ် ပြည်သူတစ်ဦး ပျှမ်းမျှဂျီဒီပီသည် (အမေရိကန်ဒေါ်လာ ၄၄၄၄)ဖြစ်ကြောင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် လူဦးရေ ၅၂ ဒသမ ၈၃၄ သန်း၊ ဂျီဒီပီတန်ဖိုး (အမေရိကန် ဒေါ်လာ ဘီလီယံ)သည် ၇၁ ဒသမ ၅၄ ရှိပါသည်။ တစ်နှစ်အတွင်း ပြည်သူ တစ်ဦး ပျမ်းမျှဂျီဒီပီတွင် မြန်မာသည် (အမေရိကန်ဒေါ်လာ ၁၃၅၄)ဖြစ်လာပြီး လာအိုသည် အမေရိကန်ဒေါ်လာ ၂၆၉ဝ နှင့် ကမ္ဘောဒီးယားသည် အမေရိကန် ဒေါ်လာ ၁၄၈၅ ရှိကြောင်း ဖော်ပြထား သည်ကိုတွေ့ရပါသည်။
အာဆီယံအတွင်းအခြေအနေ
တစ်နှစ်အတွင်းပြည်သူတစ်ဦးကျ ဂျီဒီပီမြင့်မားသောတိုင်းပြည်များမှာ လူဦး ရေ ၅ ဒသမ ၆၆သန်းရှိသော စင်ကာပူ သည် ဒေါ်လာ ၆၁၂၃ဝ၊ ဘရူနိုင်းသည် ၃၃၈၂၄ဒေါ်လာ၊ မလေးရှားသည် ၁ဝ၇ဝ၃ဒေါ်လာ၊ ထိုင်းသည် ၇ဝ၈၄ ဒေါ်လာရရှိသည်ကို ဖတ်ရှုရပါသည်။ စင်ကာပူက မြန်မာတို့နှင့် ပျမ်းမျှတစ်ဦး ကျ ဂျီဒီပီထက် ယင်းစာရင်းအရ ၄၅ဆ မြင့်မားလျက်ရှိပါသည်။ ယင်းတွက်ချက် ခန့်မှန်းဖော်ပြမှုအပေါ် ပြည်တွင်းရှိမြန်မာ ပြည်သူများ၏စားဝတ်နေရေး ပိုမိုကျပ် တည်းလာမှု၊ ဆင်းရဲနွမ်းပါးလာမှုများက သက်သေပြုလျက်ရှိပါသည်။ ပြည်သူများ အတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေမမြင့်မားလာသော်လည်း ကုန်ဈေး နှုန်းကြီးမြင့်မှု၊ အခွန်အကောက်များ တိုး မြင့်လာမှုအပြင် အိမ်ထောင်စုနှင့် စက်မှု လုပ်ငန်းဆိုင်ရာများအတွက် လျှပ်စစ် ဓာတ်အားခများမြင့်မားလာမှုက ပြည်သူ များ စားဝတ်နေမှုစရိတ်ကို ပိုမိုကြီးမား စေပြီး အခြားလူမှုစီးပွားသုံးစွဲရန်ငွေကို လျော့ကျစေကာ လူနေမှုအဆင့် နိမ့်ကျ လာမည့်အလားအလာကို မြင်တွေ့ကြရ ပါသည်။ ယင်းသို့သောအခြေအနေတွင် မြန်မာ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန်နှင့် ဒေသ တွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်မှာ နိုင်ငံအစိုးရ၊ ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင် များနှင့် ပြည်သူများအားလုံး၏ကြိုးစား ကြရမည့်အမျိုးသားရေးတာဝန်ဖြစ်ပါ သည်။တစ်မျိုးသားလုံးတက်ညီလက်ညီ ကြိုးပမ်းသင့်ပါသည်။ ဈေးကွက်စီးပွား ရေးစနစ်ဖြစ်၍ လက်မည်းကြီးကနောက် ကွယ်မှထိန်းကျောင်းမည်ဟူသောအယူ အဆသည် ယနေ့ခေတ်ကာလနှင့် အလုံးစုံဆီလျော်မှုမရှိတော့သည်ကို စီးပွား ဖွံ့ဖြိုးသောနိုင်ငံများက လမ်းကြောင်း ပြနေပါသည်။ အထူးသဖြင့် နိုင်ငံတော် ၏ တာဝန်ရှိအဖွဲ့အစည်းများက ပြည်သူ များ၏စားဝတ်နေရေး ချောင်လည်ဖူလုံမှု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်စေကာပြီးမှတိုးတက် ဖွံ့ဖြိုးမှုကို ရရှိရန်မျှော်လင့်နိုင်ပါသည်။ စီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ် များကိုဖော်ညွှန်း၍ အကောင်အထည် ဖော်ပေးမှသာ ပြည်သူများသက်သာရာရ ကြပါမည်။