images
UN
UN
သွေးလှူသည်ဟုသဘောထားကာ ခြင်များအားမသတ်ရန်တိုက်တွန်းခဲ့သူ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရ
Sunday, 04 August 2019
ပြင်သစ်နိုင်ငံသား တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သော အိုင်မီရစ်ကာရွန်ဆိုသူသည် ခြင်များနှင့်ပတ်သက်သည့်အကြောင်းအရာ များအား ဖြေကြားခဲ့ရာတွင် သွေးလှူသည်ဟုသဘောထားကာ ခြင်များ အား သတ်ဖြတ်မှုမပြုလုပ်သင့်ဟုပြောကြားခဲ့ခြင်းကြောင့် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။
အိုင်မီရစ်ကာရွန်သည် ရုပ်သံတစ်ခုနှင့်ပြုလုပ်ခဲ့သော အင်တာဗျူး တစ်ခုအတွင်း၌ ခြင်ကိုက်ခံရချိန်တွင် မည်ကဲ့သို့တုံ့ပြန်သင့်သနည်းဟု မေးမြန်းခဲ့မှုအား ''သွေးလှူတယ်လို့ပဲ သဘောထားသင့်ပါတယ်။ ခြင် တွေဟာ လူတွေရဲ့သွေးကနေတစ်ဆင့် အသားဓာတ်ရရှိတာကြောင့် သူတို့ရဲ့မျိုးဥတွေအပေါ် အထောက်အကူပြုစေတဲ့ရလဒ်တွေ ပိုင်ဆိုင်ကြ ပါတယ်။ ဒါဟာ ခြင်တွေ မျိုးဆက်ပြန့်ပွားဖို့အတွက် အဓိကကျသော အကြောင်းအရင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရချိန်မှာ ခြင်တွေကို မသတ်သင့်ပါဘူး''ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်အား ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ခဲ့ပြီးနောက်တွင် အိုင်မီရစ် ကာရွန်၏ဆိုရှယ်မီဒီယာစာမျက်နှာများတွင် ၄င်းအား ဝေဖန်တိုက်ခိုက်မှု များစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
NG(Ref; BBC)