images
UN
UN
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)နှင့် ရာပြည့်ရန်ကုန်တက္ကသိုလ်
မောင်ခြိမ့် Monday, 05 August 2019
''မြန်မာပြည်သည် အင်္ဂလိပ်တို့၏ လက်အောက်သို့ လုံးဝကျရောက်သည့် အခါကစ၍ တိုင်းသူပြည်သားတို့မှာ လွတ်လပ်ရေးဆုံးရှုံးကြသဖြင့် ကျွန်ဘဝ သို့သက်ဆင်းကြရလေသည်။ ဤအခြေ အနေဆိုးသို့ ရောက်ရှိရာဝယ် အင်္ဂလိပ် အစိုးရက မြန်မာပြည်ကို တိုက်ရိုက်မအုပ် စိုးဘဲ အင်္ဂလိပ်တို့ပိုင်ပြီး အိန္ဒိယအင်ပါ ယာထဲသို့ မြန်မာပြည်ကို သွတ်သွင်းကာ အိန္ဒိယအစိုးရမှတစ်ဆင့် အုပ်စိုးလေ သည်။ ဤအစီအစဉ်အရ အထက်က အင်္ဂလိပ်၊ အလယ်က အိန္ဒိယ၊ အောက်က မြန်မာဖြစ်လေရာ အင်္ဂလိပ်က သခင်၊ အိန္ဒိယက အင်္ဂလိပ်၏ကျွန်၊ မြန်မာက အိန္ဒိယ၏ကျွန် အောက်သပေါက်အခြေသို့ ဆိုက်ရောက်လေသည်။
ဤအခြေအနေဆိုးသို့ ဆိုက်ရောက် သည့်အချိန်သည်ကား သီပေါမင်းတရား ပါတော်မူသွားသော ၁၂၄၇ ခုနှစ် တန် ဆောင်မုန်းလပြည့်ကျော် ၈ရက်ဖြစ်၏။ ထိုအချိန်ကစ၍ မြန်မာပြည်သို့ အင်္ဂလိပ် လက်အောက်ရှိ အိန္ဒိယ၊ စင်ကာပူ၊ ဟောင်ကောင် စသော တိုင်းပြည်များမှ နိုင်ငံခြားသားများ ဥဒဟို ဝင်ရောက်နေ ထိုင် လုပ်ကိုင်စားသောက်ခွင့်ရကြရာ မြန်မာပြည်မှာ မဟာသာလာယံဇရပ်ကြီး ကဲ့သို့ ဖြစ်တော့၏။ အုပ်ချုပ်ရေး၊ စီးပွား ရေးတို့၌ အင်္ဂလိပ်က အထက်ကနေ၍ အင်္ဂလိပ်အောက်တွင် ကုလားစသည်တို့ က အလယ်အလတ်နှင့် အောက်တွင်ပါ ဝင်ကြပြီးလျှင် မြန်မာပြည်ဖွားတိုင်းရင်း သားတို့မှာ အလယ်နှင့်အောက်တန်းတွင် ပါဝင်ကြရကား ထင်းခွေရေခပ်အခြေ၌ သာ တည်လျက်ရှိတော့၏။
ဤအချိန်အခါဝယ် မြန်မာပြည်ဖွား တိုင်းရင်းသားတို့မှာ အားကိုးရာမဲ့ဖြစ် ကာ ဇာတိသွေးဇာတိမာန်တို့မှာလည်း ပျောက်ကွယ်တော့၏။ နိုင်ငံရေးဟူ၍ မရှိ တော့ပေ။ အင်္ဂလိပ်အစိုးရနှင့် အိန္ဒိယ အစိုးရတို့ခြယ်လှယ်ရာကို ခေါင်းငုံ့၍သာ ခံနေကြရတော့သည်။ သို့ရာတွင် မြန်မာ များထဲ၌ ကျွန်ဘဝကိုမနှစ်မြို့ဘဲ လွတ် လပ်ရေးကိုလိုလားတောင့်တသော လူ ငယ်များတဖြည်းဖြည်းပေါ်ထွက်လာလေ တော့သည်။ ထိုသို့သဘောရောက်သော လူငယ်များက ၁၉ဝ၆ ခုနှစ်တွင်The Young Men's Buddhist Association အတိုကောက်Y.M.B.A ခေါ် ဗုဒ္ဓဘာ သာကလျာဏယုဝအသင်းကို စတင်ထူ ထောင်ကြတော့၏။''
ဤသည်မှာ ဝိုင်အမ်ဘီအေအသင်း ကြီး၏ (၇၅)နှစ်ခရီးစာအုပ် ၁၉၈၂ ခုနှစ် ဇွန်လထုတ်တွင်ပါဝင်သော ဝိုင်အမ်ဘီ အေကိုစတင်ထူထောင်သူ သုံးဦးထဲတွင် ပါဝင်သည့် ထိုစဉ်ခါက သစ်တောရေး ရာ ဝန်ကြီးဌာန ဝန်ကြီးဖြစ်သည့် ဦးဘ ဘေ(ဘကြီးဘဘေ)၏ သဝဏ်လွှာမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။
၁၈၂၄-၁၈၅၂-၁၈၈၅ ခုနှစ်များ တွင် စစ်ပွဲကြီး (၃)ကြိမ်ဆင်နွှဲပြီး မြန်မာ နိုင်ငံကိုကျွန်ပြုသိမ်းပိုက်ခဲ့သော အင်္ဂလိပ် တို့သည် မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ်၊ ဘာသာသာသနာချစ်စိတ်ဓာတ်၊ကိုယ့်ယဉ် ကျေးမှုအနုပညာဓလေ့ထုံးတမ်းတို့ကို တန်ဖိုးထားမြတ်နိုးသောစိတ်ဓာတ်တို့ကို နည်းလမ်းပေါင်းစုံဖြင့် နှိပ်ကွပ်ခဲ့သည်။ တစ်နည်းအားဖြင့် အညွန့်ချိုးခဲ့ကြသည်။ကိုလိုနီပညာရေးစနစ်ကိုဦးစားပေးပြီးကျွန် ပညာရေးစနစ်ကို ရိုက်သွင်းခဲ့ကြသည်။ ဗျူဂိုကရေစီခေါ်သည့် အရာရှိဆိုးများကို မွေးမြူပြီး ကျွန်စိတ်မွေးပေးခဲ့သည်။
သို့သော်လည်း အသွေးအသားထဲက ပင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့် သာသနာကို တန်ဖိုးထားလေးစားခဲ့ကြ သော မြန်မာတို့၏မျိုးချစ်စိတ် ဇာတိသွေး ဇာတိမာန်ကို အလုံးစုံဖျက်ဆီး၍ မရခဲ့ပါ။ အခြေအနေမပေး၍ ခေါင်းငုံ့ခံနေကြရ သော်လည်း မြန်မာလူမျိုးတို့၏ရင်ထဲတွင် မူ နေသေးသပချုံထဲက၊ ချိုသွေးတမြမြ ဆိုသကဲ့သို့ အံကြိတ်ခံခဲ့ကြရသည်။ ၁၉ဝဝ ပြည့်နှစ်တစ်ဝိုက်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ စတင်ပေါ်ပေါက်ဖွဲ့စည်းလာခဲ့ကြသည်။ ဗုဒ္ဓဘာသာကျောင်းများကိုလည်း ဖွင့်လှစ် တည်ထောင်လာခဲ့ကြပါသည်။
မိမိတို့မြန်မာလူမျိုးများအထွတ်အမြတ် ထားသော ဘာသာသာသနာအပေါ်တွင် တိုင်းတစ်ပါးသားတို့က စော်ကားမှုများ မထီမဲ့မြင်ပြုမှုများ၊ မလေးမစားလုပ်မှု များကို မြင်ရ ကြားရ တွေ့ရ ကြုံရသော အခါ ဆတ်ဆတ်ခါနာခဲ့ကြသည်။ ထို့ ကြောင့်ပင် မိမိတို့ကိုးကွယ်ရာဘာသာသာ သနာကို စောင့်ရှောက်ရန် ဗုဒ္ဓဘာသာ အသင်းကြီးများပေါ်ပေါက်လာခဲ့ခြင်းဖြစ် သည်။

ထိုအသင်းများထဲတွင် ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ကြီးလည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ထို အသင်းကြီးကို ဦးဘဘေ(ဘကြီးဘဘေ)၊ ဦးမောင်ကြီး (ဆာမောင်ကြီး)၊ ဦးဘရင် (ဒေါက်တာဘရင်)တို့က ဦးဆောင်ကာ ကျောင်းသား ၂ဝ ခန့်ဖြင့်ဦးမောင်ကြီး၏ နေအိမ်ဖြစ်သော အမှတ် ၈၆-၂၈ လမ်း တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန် ထိုအခါသည် နယ်ချဲ့အင်္ဂလိပ်၏လက် အောက်တွင်ဖြစ်၍ ဘုရားထူးခံနယ်ချဲ့တို့ ကို အထူးကြောက်ရွံ့နေရသည့်အချိန်ဖြစ် လေရာ မဟာစွန့်စားခန်းကြီးတစ်ခုဟုပင် ဆိုရမည်ဖြစ်သည်။ ဝိုင်အမ်ဘီအေအသင်း ကြီးကိုထူထောင်ခဲ့ကြသော ဦးဘဘေတို့ လူငယ်တစ်စုကို ထောင်ကျမည့် ကောင် တွေ၊ ထောင်စာကလေးတွေဟုပင် ဆိုကြ သည်ဟု မှတ်ဖူးဖတ်ဖူးခဲ့ပါသည်။
ဝိုင်အမ်ဘီအေအသင်းကြီးသည် ၁၉၁၁ ခုနှစ်မှ ၁၉၂ဝ ခုနှစ်အတွင်း နှစ်လည် ကွန်ဖရင့်ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် ပေါင်း ၁၈၂ ချက်ကို ချမှတ်နိုင်ခဲ့သည်။
ထိုဆုံးဖြတ်ချက်များအရ ပညာရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ဘာသာရေးကို ဒုတိယဦးစားပေးအဖြစ်ဖြင့်လည်းကောင်း၊ စီးပွားရေးကို တတိယဦးစားပေးအနေဖြင့် လည်းကောင်း ဆောင်ရွက်နိုင်ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်တို့၏ ပညာရေး သည် သူတို့အုပ်ချုပ်သော ဗျုရိုကရေစီ ယန္တရားကြီးလည်ပတ်ပြီး ကျွန်သက်ရှည် အောင် ဖန်တီးထားသော ကိုလိုနီပညာ ရေးစနစ်သာဖြစ်ပြီး ဥရောပတိုက်သား များအတွက် ဥပဒေတစ်မျိုး၊ မြန်မာတိုင်း ရင်းသားများအတွက် ဥပဒေတစ်မျိုး စသဖြင့် နှစ်မျိုးခွဲခြားထားတာ ဖြစ်သည်။ ထို့ကြောင့် ဝိုင်အမ်ဘီအေနှစ်လည်ကွန် ဖရင့်ကြီးက ကန့်ကွက်အရေးဆိုခဲ့ပြီး တန်းတူဖြစ်ရေး၊ ဥပဒေတစ်မျိုးတည်း ဖြစ်ရေး တောင်းဆိုခဲ့ကြသည်။ အထူး သဖြင့် ဗုဒ္ဓဘာသာကောလိပ်ကျောင်းကြီး ဖွင့်လှစ်ပေးရန်အထိ တောင်းဆိုခဲ့တာ တွေ့ရသည်။
နိုင်ငံခြားသို့ ပညာသင်များ စေလွှတ် ရာတွင် အစိုးရစရိတ်ဖြင့် စေလွှတ်သည့် အခါ အရေအတွက် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပြီး ပညာထူးချွန်သူများကို ဝိုင်အမ်ဘီအေအသင်းကြီး၏ငွေဖြင့် စေ လွှတ်ပညာသင်ကြားပေးရန် ဆုံးဖြတ်ခဲ့ ကြသည်။ ထိုစဉ်ကာလမှာပင် မြန်မာလူ မျိုးတို့အထွတ်အမြတ်ထားသည့် ဘုရား ကျောင်းကန်များသို့ ဖိနပ်စီးဝင်သည့်ကိစ္စ ပေါ်ပေါက်လာသည်။ ''ဥရောပတိုက် သားများမှလွဲ၍ ဖိနပ်မစီးရ''ဟူသော ဘုရားကျောင်းကန်များတွင် ချိတ်ဆွဲထား သော ဆိုင်းဘုတ်များကြောင့် မြန်မာတို့ သည် အသည်းကိုကျွဲခတ်ခံရသည့်နှယ် နာကြည်းခဲ့ကြသည်။ သတင်းစာ၊ မဂ္ဂဇင်း များကလည်း ထိုကိစ္စကိုဆန့်ကျင်သည့် အနေဖြင့် ရုပ်ပြောင်များ၊ စာချိုးများဖြင့် ကန့်ကွက်တိုက်ပွဲဝင်ခဲ့သည်။
အဆိုပါ ရုပ်ပြောင်များကိစ္စဖြင့် သူရိယမဂ္ဂဇင်း အယ်ဒီတာဦးဘဘေ၊ ဘကြီးဘဘေ (ဝိုင် အမ်ဘီအေတည်ထောင်သူ)သည် ထိုစဉ် က ပုလိပ်မင်းကြီးမက်ဟန်းတားနှင့် ထိုး မည်ကြိတ်မည်အထိ ဖြစ်ခဲ့ရသည်။
ထိုစဉ်မှာပင် ပဲခူးမြို့တွင် ပြဿနာ တစ်ရပ် ပေါ်ပေါက်ခဲ့သည်။ ဖြစ်ပုံမှာ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက် ဒေါက်သည် ဘုရားရင်ပြင်ပေါ်သို့ ဖိနပ် စီး၍ တက်ရောက်ခဲ့သောကြောင့် ဂျူဗလီ ဟောကြီးတွင် လူထုအစည်းအဝေးကြီး ခေါ်ယူ၍ စည်းလုံးညီညွတ်စွာ အရေး ဆိုခဲ့သည်။ ထို့ကြောင့် ''ဘုရားမြေ၊ ကျောင်းမြေတွင် လူမျိုးခြားများ ဖိနပ်မစီး ရ''ဟူသည့် အမိန့်ထုတ်ပြန်ခဲ့ရသည် အထိ အောင်မြင်မှုရခဲ့သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးသည် အမျိုးဘာသာအတွက်သာမက တိုင်းပြည် ၏ပညာရေးအတွက်လည်း အထူးစိတ် ဝင်စားပြီး တက်တက်ြ<ွကြ<ွကပါဝင်ဆောင် ရွက်ခဲ့သည်မျာကို တွေ့ရသည်။
ရာပြည့် ရန်ကုန်တက္ကသိုလ်စာအုပ် တွင် ''မြန်မာနိုင်ငံတွင် တက္ကသိုလ် တစ်ခုတည်ထောင်ရန် ကြိုးပမ်းရာတွင် မီဒီယာလောကလည်း တစ်တပ်တစ်အား ပါဝင်ခဲ့သည်။ သတင်းစာများသည် မြန် မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေး ရန် အသနားခံကြသည်။ အထူးသဖြင့် သူရိယသတင်းစာသည် ''မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးသင့်ကြောင်း တင်ပြရာတွင် ထိပ်ဆုံးကပါဝင်ခဲ့သည်''
သူရိယသတင်းစာဆိုသည်မှာအခြား မဟုတ်။ ဝိုင်အမ်ဘီအေအသင်းကြီးကို တည်ထောင်သူဦးဘဘေ(ဘကြီးဘဘေ) နှင့်ဦးလှဖေတို့နှစ်ဦးက ဦးစီး၍ သူရိယ သတင်းစာကို တစ်ပတ်လျှင်သုံးကြိမ် ထုတ်ဝေသည်ဟု ဝိုင်အမ်ဘီအေ ၇၅နှစ် ခရီးမှတ်တမ်း (၁၉၁၁ ဇူလိုင်လ ၄ရက်) ကိုကြည့်၍သိနိုင်သည်။ ထိုမှတ်တမ်းမှာ ပင် ၁၉၂ဝပြည့် ဇူလိုင်လ ၄ရက်နေ့စွဲဖြင့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်း ဝိုင်အမ် ဘီအေအသင်းချုပ်ရုံးအစည်းအဝေးခန်းမ ၌ ဗဟိုအသင်းချုပ်(ဂျင်နရယ်ကောင်စီ) အစည်းအဝေးတစ်ရပ်ကို ကျင်းပသည်။
ထိုအစည်းအဝေးတွင် ယူနီဗာစတီဥပဒေ ပြဋ္ဌာန်းရေး ကိစ္စကို မြန်မာပြည်အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ အတည်ပြုပေးသည်အထိ ဆိုင်းငံ့ထားရန် ဆုံးဖြတ် သည်ဟု ပါရှိသည်။
ရာပြည့်ရန်ကုန်တက္ကသိုလ်တွင် ''ဝိုင်အမ်ဘီအေ အသင်းချုပ်ကိုယ်စားလှယ်များ၏ အသနားခံစာလွှာ တွင် အချက်ကိုးချက်ရှိပါသည်။ အချက်ကိုးချက် အနက် အမှတ်စဉ် (၉) တွင် မြန်မာပြည်အတွက် အဆင့်အတန်းမီ တက္ကသိုလ်ကျောင်းတစ်ကျောင်း နှင့် တရားလွှတ်တော်ချုပ်တစ်ခုကို အမြန်ဆုံးတည် ထောင်ဖွင့်လှစ်ပေးစေလိုသည်''ဟုပါရှိကြောင်း ရေး သားထားသည်။ သို့ဖြစ်ပေရာ ဝိုင်အမ်ဘီအေအသင်း ကြီးသည် နိုင်ငံအတွက် လွန်စွာတာဝန်ကျေခဲ့သည် ကို တွေ့နိုင်ပါသည်။
၁၉၂ဝပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သော ရန်ကုန် တက္ကသိုလ်သည်လာမည့် ၂ဝ၂ဝ တွင် နှစ်တစ်ရာ ပြည့်ပါတော့မည်။ နိုင်ငံတစ်နိုင်ငံအတွက် လွန်စွာ အရေးပါလှသော အဆင့်မြင့်တက္ကသိုလ်များ ဖွင့်လှစ် နိုင်ခြင်းသည် လူမျိုးအတွက် လွန်စွာဂုဏ်ယူဖွယ် ရာပင် ဖြစ်ပါသည်။
''အင်းယာကန်နောက်ခံ၊ဘွဲ့နှင်းသဘင်အဆောက် အအုံ၊သစ်ပုပ်ပင်၊အဓိပဓိလမ်းကျယ်ဝန်းသော တက္က သိုလ်နယ်မြေတို့ကြောင့် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှတွင် အလှပဆုံးသော တက္ကသိုလ် ဖြစ်ခဲ့သည်''ဟု ရာပြည့်ရန်ကုန်တက္ကသိုလ်(၁၉၂ဝ-၂ဝ၂ဝ)၏ အမှာစာတွင် ရေးသားခဲ့သည်။
သို့ဖြစ်ပေရာ နိုင်ငံနှင့်လူမျိုးဘာသာ သာသနာ အတွက် အထူးအားထားတန်ဖိုးများလှသည့် ဝိုင်အမ် ဘီအေ (ဗုဒ္ဓဘာသာကလျာဏယုဝအသင်း)ကြီးနှင့် အခက်အခဲပေါင်း မြောက်မြားစွာကြားမှ ဝံ့ဝံ့ ကြွားကြွားပေါ်ပေါက်လာခဲ့သော အရှေ့တောင်အာရှ တွင် အလှပဆုံးသော ရန်ကုန်တက္ကသိုလ်ကြီးသည် နှစ်ပေါင်းထောင်သောင်းမက တည်ရှိနိုင်ပါကြောင်း ဆန္ဒ ပြုရေးသားလိုက်ရပါသည်။