images
UN
UN
H1N1 ရောဂါကြောင့် သေဆုံးသူ ၈၇ဦးရှိလာခဲ့ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုတွင် ရောဂါဖြစ်ပွားမှုများရှိနေ
NG Monday, 05 August 2019
မြန်မာနိုင်ငံအတွင်း၌ ရာသီ တုပ်ကွေးရောဂါဖြစ်သောH1N1 ရောဂါကြောင့် သေဆုံးသူ ၈၇ဦး ရှိနေပြီဖြစ်ကာ ပြည်နယ်နှင့်တိုင်း ဒေသကြီး ကိုးခုတွင် ရောဂါကူး စက်ပြန့်ပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဆင်ဟွာသတင်းဌာန က ဖော်ပြသည်။
H1N1 ရောဂါကြောင့် သေ ဆုံးခဲ့သူများထဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နေထိုင်သူ အများဆုံးပါဝင်ခဲ့သည်ဟု အတည် ပြုခဲ့သည်။ H1N1 ရောဂါကြောင့် သေဆုံးခဲ့သူများအနက် ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ နေထိုင် သူ ၆၃ဦး၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း၌ နေထိုင်သူ ရှစ်ဦး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌ နေထိုင်သူ ငါးဦး ပါဝင်ခဲ့သည်။ ၂ဝ၁၇ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း၌ H1N1 ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပွားခဲ့ ဖူးကာ ရောဂါကူးစက်ခံရသူ ၄ဝဝ ရှိခဲ့ပြီး သေဆုံးသူ ၃၈ဦးရှိခဲ့ သည်။ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက H1N1 ရောဂါကူး စက်ပြန့်ပွားမှုများကို ထိန်းချုပ် ရန်အတွက် လုံလောက်သည့်အစီ အစဉ်များ ဖော်ဆောင်လျက်ရှိ သည်ဟု သတင်းထုတ်ပြန်ထား သော်လည်း လက်ရှိအချိန်အထိ ရောဂါကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ H1N1 ရောဂါသည် ရောဂါပိုး ကူးစက်ခံရပါက ကုသရန်အတွက် လုံလောက်သည့်ဆေးဝါးမျိုးထုတ် လုပ်နိုင်ခြင်းမရှိသေးသည့်ရောဂါ မျိုးဖြစ်သည်။