images
UN
UN
ကလေးမြို့နယ်၌ လက်နက် ခဲယမ်းများနှင့် စကားပြောစက် ခြောက်လုံးသိမ်းဆည်းရမိ
WT Monday, 05 August 2019
ကလေးမြို့နယ် လက်ပံချောင်း ကျေးရွာနေ မင်းထန်ဇားဝါ (၄၁နှစ်) ၏နေအိမ်သို့ ကလေးခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောဦးစီးပူး ပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ် ဆေးဝါးတစ်စုံတစ်ရာရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်းအတွင်းရှိအိမ်သာ မျက်နှာကြက်ပေါ်မှပွိုင့် ၂၂ သေနတ်အရှည် တစ်လက်(စနိုက်ပါတပ် လျက်)၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ၁၁တောင့်၊ နှစ်လုံးပြူးပြောင်းရှည် တစ်လက်၊ ၄င်းကျည် ၃၉တောင့်၊ လေသေနတ်နှစ်လက် (အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် အတောင့်၂ဝဝဝ၊ ဂက်(စ်)ပစ္စတို နှစ် လက်၊ ဂက်(စ်)ဘူး ၈၅ ဘူး၊ ဘောစေ့ ၈ဝဝ လုံးစီပါသုံးဘူး၊ စနိုက်ပါ မှန်ပြောင်းလေးခု(အတို ၁၊ အရှည် ၃)၊ မှန်ပြောင်းနှစ်ခု၊ တရုတ်နိုင်ငံ ထုတ်လမ်းလျှောက် စကားပြောစက်ခြောက်လုံး၊ အားသွင်းခုံလေးခုနှင့် သေနတ်အိတ်လေးခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းထန် ဇားဝါ(ဖမ်းမိ) အား ကလေးမြို့မရဲစခန်း (ပ)၁၆၂၆/၂ဝ၁၉၊ လက်နက် ဥပဒေပုဒ်မ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၁၆၂၇/၂ဝ၁၉၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ဖြင့်လည်းကောင်း အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရ သည်။