images
UN
UN
ဓနုဖြူတွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့
အောင်သူဟိဏ်း(ဓနုဖြူ) Tuesday, 06 August 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ယခုလ ၃ ရက်တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက် စီးခဲ့သည့်နေအိမ်များအား ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မအူပင် ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် ဓနုဖြူမြို့နယ် သဲဖြူကျေး ရွာအုပ်စု၊ ရှမ်းစုကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ အင်္ဂလာကျေးရွာအုပ်စုတို့တွင် လေ ဘေးသင့် လူနေအိမ်သုံးလုံး၊ အိမ်ထောင်စု သုံးစုအတွက် အိမ် ထောင်စုတစ်စုလျှင် ငွေကျပ် ၁ဝဝဝဝဝနှုန်းဖြင့် အိမ်ဆောက် ပစ္စည်းဖိုး ငွေကျပ် ၃ဝဝဝဝဝ၊ ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုးပါ နှစ်ပုံးနှင့် ၁၆ မျိုးပါ တစ်ပုံး၊ အမိုး လန်နေအိမ်အတွက်ငွေကျပ်၃ဝဝဝဝ နှုန်းဖြင့် ကျပ် ၂၁ဝဝဝဝ စုစုပေါင်း လူဦးရေ ၃၇ ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာရန်ပုံငွေကျပ် ၇၇၇ဝဝ ရန်ပုံငွေစုစုပေါင်း ကျပ် ၅၈၇၇ဝဝ ကို ယမန်နေ့ မွန်းလွဲ ၃နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရပ်မိရပ်ဖ များရှေ့မှောက်၌ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။