images
UN
UN
လူငယ်နှင့် စာဖတ်ခြင်း
သူရအေး Tuesday, 06 August 2019
လူငယ်များ လိမ္မာရေးခြားရှိစေရန်၊ အသိပညာပြည့်ဝရန်နှင့်ဘဝရည်မှန်းချက် များအောင်မြင်ရန် စာဖတ်ဖို့ လိုသည်။ လူတွင်မွေ့လျော်မှုများစွာရှိသည့်အနက် စာပေမွေ့လျော်မှုသည် စိတ်ဓာတ်ရင့်သန် မှုကိုဖြစ်စေနိုင်သလို ဆင်ခြင်တုံတရား ကိုလည်းမြင့်မားစေသည်။ စာဖတ်ခြင်း က ဘဝအသိအမြင်ကို ရင့်သန်စေပြီး အသင့်အတင့်နှလုံးသွင်းတတ်ခြင်းကိုဖြစ် ပေါ်စေကာ ဘဝတွင် လိုက်လျောညီထွေ နေတတ်သည့်အလေ့အကျင့်ကိုလည်းရရှိ စေနိုင်သည်။ ထို့ကြောင့် လူငယ်များဘဝ အောင်မြင်ရေးအတွက် ပညာရှိရန်လိုအပ် သကဲ့သို့ အသိပညာရှိရန်အတွက် စာဖတ် ခြင်းလည်းလိုအပ်ပေသည်။ 'အလိမ္မာစာ မှာရှိ'၊'စာအုပ်စာပေလူ့မိတ်ဆွေ'ဟူသော စကားများအတိုင်း အလိမ္မာကိုစာပေဖတ် ရှုခြင်းဖြင့် ရှာရမည်။ စာအုပ်စာပေမိတ် ဆွေကောင်းကိုရှာ၍ ပေါင်းရမည်ဟုဆိုလို သည်။ မိတ်ဆွေသဖွယ် အကြံကောင်း ဥာဏ်ကောင်းများပေးနိုင်သည့် စာအုပ် စာပေများကိုဖတ်ရှုခြင်းဖြင့် လိမ္မာယဉ် ကျေးမှု၊ အသိပညာတိုးပွားမှုများရရှိလာ နိုင်မည်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် လူ တော်လူကောင်းများဖြစ်နိုင်သလို ယဉ် ကျေးလိမ္မာသူများ၊ ဆင်ခြင်တုံတရားနှင့် ဥာဏ်ပညာရှိသူများဖြစ်ပြီး အောင်မြင်သူ များဖြစ်လာနိုင်သည်။ 'ပညာမြင့်မှလူမျိုး တင့်မည်'ဆိုသော စကားအတိုင်း လူမျိုး တင့်ရန်နှင့် ပညာမြင့်ရန်အတွက် စာပေ ဖတ်ရှုခြင်းသည် မလွဲမသွေလိုအပ်သည် သာဖြစ်သည်။
''ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စ ကြီးငယ်အသွယ်သွယ်ကို၊ဆောက်သဖွယ် လျှင်၊ကျဉ်းကျယ်ထွင်းဖောက်၊ဖြတ်တောက် လိုရာ၊ပြီးနိုင်စွာ၏'ဆိုသောစကားအတိုင်း ပညာနှင့်ပြည့်စုံပါက ကိစ္စကြီးငယ် အသွယ်သွယ်ကို ပိုင်းခြားဖြတ်တောက် ၍ လိုသလိုပြီးမြောက်နိုင်သည်ဟု ဆို လိုရင်းဖြစ်သည်။ စာဖတ်ခြင်းဖြင့် ဗဟု သုတအကြားအမြင်ပြည့်စုံနိုင်ပြီး လူမှု ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး ဘက်စုံကဏ္ဍစုံကို သိရှိနိုင်သည်။ နိုင်ငံ ခြားကိုမသွားရဘဲနိုင်ငံပေါင်းစုံကိုအလည် ရောက်ပြီးသည့်နှယ် အမြင်ကျယ်နိုင် သည်။ ဒေသန္တရဗဟုသုတသာမက ဘာ သန္တရဗဟုသုတများလည်း ရရှိနိုင်သည်။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သား မယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာ လည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာရှိသည်သာတည်း''ဟူသော ရှင်မဟာရဋ္ဌသာရ ဆုံးမစာပါအတိုင်း စာပေဖတ်ဖန်များက အသိÓဏ်နည်းပြီး မလိမ္မာသည့်သားမယားများပင် နေ့တိုင်း ကြားရသဖြင့် လိမ္မာရေးခြားရှိလာနိုင် သည်ဟု ဆိုလိုရင်းဖြစ်သည်။ လူ၏ခန္ဓာ ကိုယ်ကျန်းမာသန်စွမ်းဖွံ့ဖြိုးရေးအတွက် အစာအာဟာရသည် အဓိကဖြစ်သည့် အတွက် အာဟာရဖြစ်စေသော အစား အသောက်များကို ချင့်ချိန်စားသုံးခြင်းဖြင့် ကာယစွမ်းရည်ကို ပြည့်ဖြိုးစေနိုင်သည်။ ထို့အတူ စိတ်ဓာတ်စွမ်းအားဖြစ်သော အသိÓဏ်ပညာ၊ အတွေးအမြင်၊ ဗဟု သုတများဖွံ့ဖြိုးရှင်သန်စေရန် စိတ်အာဟာ ရဖြစ်သော စာဖတ်ခြင်းကို လူငယ်များ အနေဖြင့်အစဉ်မပြတ်ပြုလုပ်သင့်ပေသည်။
အမေရိကန်သမ္မတ အေဘရာဟင် လင်ကွန်းသည် ဆင်းရဲသားမိဘမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီးငယ်စဉ်ကလျှပ်စစ် မီးမသုံးနိုင်၍ ထင်းမီးအလင်းရောင်နှင့် လမ်းဘေးမီးတိုင်အောက်တွင် စာဖတ်ခဲ့ ရသူဖြစ်သည်။ သို့သော် စာဖတ်များလွန်း ၍ နောင်အခါ အမေရိကန်သမ္မတအဆင့် အထိဖြစ်လာခဲ့သည်။ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက် ယောမင်း ကြီးဦးဖိုးလှိုင်သည် စာအလွန်ဖတ်သူ တစ်ဦးဖြစ်သည်။ ဖတ်ထားသည့် ပညာ ဗဟုသုတနှင့်Óဏ်အသိအမြင်များကြောင့် မိုးကုတ်ပတ္တမြားမြေဆုံးရှုံးရမည့် မရှူနိုင် မကယ်နိုင် ပြဿနာကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။ ထို့အတူမြန်မာ နိုင်ငံမှ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဖြစ်ခဲ့သူဦးသန့်သည် ဘွဲ့ရတစ်ဦး မဟုတ်သော်လည်း စာမည်မျှဖတ်ထား သည်မသိ၊ ကမ္ဘာ့နိုင်ငံအားလုံးက ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တညီ တညွတ်တည်း တင်မြှောက်ခြင်းခံခဲ့ရ သည်။ စာဖတ်ရာတွင် စာကောင်းပေ ကောင်းများကိုသာ ရွေးချယ်ဖတ်ရှုသင့် သည်။ ဘယ်စာအကောင်းဆုံးလဲဟူသော အမေး လောကတွင်မရှိဟုဆိုသော်လည်း အကျိုးမပြုသော၊ မကောင်းသောစာများ လည်း ရှိတတ်သဖြင့် ယင်းတို့ကိုလိုက်လံ ဖတ်ရှုခြင်းဖြင့် အကျိုးရှိသောအချိန်များ ကုန်ဆုံးနိုင်သည်ဖြစ်ရာ စာကောင်းပေ ကောင်းများကို ရွေးချယ်ဖတ်ရှုနိုင်မှသာ အကျိုးများမည်ဖြစ်သည်။


လူငယ်များဘဝမြှင့်တင်ဖို့အတွက် အရေးကြီးဆုံးမှာပညာဆည်းပူးဖို့ရန်ဖြစ် ရာ ပညာဆည်းပူးခြင်းထဲမှ အကောင်း ဆုံးနည်းလမ်းဖြစ်သည့် စာဖတ်ခြင်းကို မလွဲမသွေ အစဉ်အမြဲပြုလုပ်သင့်သည်။ လူငယ်များအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ စာကြည့်အသင်း၊ စာကြည့်တိုက် စသည် များကိုအားကိုး၍ ရှာဖွေဖတ်ရှုသင့်သည်။ စာကြည့်တိုက်မရှိသော နေရာများတွင် စာအုပ်စုဆောင်းသိမ်းဆည်းတတ်သူများ ထံချဉ်းကပ်၍ ရှာဖွေဆည်းပူးရမည်ဖြစ် သည်။ ယနေ့ခေတ် လူငယ်များသည် စာဖတ်ခြင်းအလေ့အကျင့်အလွန်နည်းပါး ပြီး ဖုန်းကိုမပြတ်ပွတ်၍အွန်လိုင်း၊ ဖေ့စ် ဘွတ်ခ်မှစာများကိုသာ အငမ်းမရဖတ်ရှု နေကြသည်ကို ဝမ်းနည်းစဖွယ်တွေ့မြင် နေရသည်။ ယင်းစာများသည် အကျိုး ထက်အပြစ်ကိုသာ ပိုမိုဖြစ်စေနိုင်သဖြင့် ထိုက်သင့်သလောက်သာဗဟုသုတအဖြစ် ဖတ်ရှုသင့်သည်ဟုယူဆပါသည်။ မိမိ နိုင်ငံဒေသအသီးသီးနှင့် ကမ္ဘာ့နိုင်ငံများ ၏ လတ်တလောနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးသတင်းများနှင့် အခြားအရေးကြီးသတင်းများအနက် မိမိ အတွက်အချိန်နှင့်တစ်ပြေးညီအကျိုးရှိမည့် သတင်းများနှင့်စာများကိုသာ ရွေးချယ် ဖတ်ရှုသင့်ပါသည်။ အွန်လိုင်း၊ ဖေ့စ် ဘွတ်ခ်မှစာများသည် ဖတ်ပြီးပျောက်သွား တတ်သဖြင့်မှတ်သားစရာအဖြစ်ပြန်လည် ရှာဖွေရန် ခက်ခဲသည်ကို တွေ့ရသည်။ ထို့ပြင် အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်မှ စာများ သည် မိမိတို့ ထင်ရာမြင်ရာအကြောင်း အချက်များကို စိစစ်မှုနှင့် လူမှုကွန်ရက် ဆိုင်ရာကျင့်ထုံးများ လိုက်နာခြင်းမရှိဘဲ ကြိုက်သလို အွန်လိုင်းတွင် တင်နေခြင်း ဖြစ်၍ အနှစ်သာရနည်းပါးပြီး အကျိုး သိပ်မရှိသည်ကများသည်ကိုလည်း တွေ့ ရသည်။ ထို့ကြောင့် စာအုပ်ကောင်းများ ကို ရှာဖွေဖတ်ရှုခြင်းက ပို၍အကျိုးများ နိုင်ပြီး ဝယ်ယူသိမ်းဆည်းထားပါက နောင်လိုအပ်သည့်အချိန်တွင် ပြန်လည် ဖတ်ရှုမှတ်သားကိုးကားနိုင်သည့် အကျိုး ကျေးဇူးကိုလည်းရရှိနိုင်သည်။ မိတ်ဆွေ များကို ငှားရမ်းဖတ်ရှုစေခြင်းဖြင့်လည်း အသိပညာဝေငှဖြန့်ဖြူးပေးနိုင်သည်။ ထို့ ကြောင့် လူငယ်များအနေဖြင့် အွန်လိုင်း နှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှစာများကို ရွေးချယ် ဖတ်ရှုသင့်ပြီး စာအုပ်ကောင်းများစွာကို ဦးစားပေးရှာဖွေ၍ ပိုမိုဖတ်ရှုသင့်ကြောင်း အကြံပြုလိုပါသည်။
ဤနေရာတွင် 'ဘယ်လိုစာတွေကို ဖတ်သင့်သလဲ'ဟူသော မေးခွန်းပေါ် လာရာ မိမိအတွက် အကျိုးပြုသောစာ မျိုးကိုသာဖတ်သင့်သည်ဟု အတိုဆုံးဖြေ ရမည်ဖြစ်သည်။ မိမိအတွက် အကျိုးပြု နိုင်သောစာမျိုးဖြစ်သည့် သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တို့တွင်ပါသည့် အတွေး အခေါ်၊ ဗဟုသုတဆိုင်ရာစာများကို ဦးစွာ ဖတ်သင့်သည်ဟုမြင်ပါသည်။ ထို့ပြင် အတုယူစရာကောင်းသည့် ပုဂ္ဂိုလ်ကြီး များ၏ အတ္ထုပ္ပတ္တိများကိုလည်းဖတ်သင့် သည်။ အတ္ထုပ္ပတ္တိဆိုရာတွင်လည်း ဘေး လူကရေးသည့် အတ္ထုပ္ပတ္တိနှင့် ကိုယ် တိုင်ရေးအတ္ထုပ္ပတ္တိဟူ၍နှစ်မျိုးရှိရာ မည် သည့် အတ္ထုပ္ပတ္တိမျိုးပင်ဖြစ်စေ ယင်း အတ္ထုပ္ပတ္တိရှင်၏ ခေတ်ကာလကိုလှမ်းပြီး သိနိုင်သည့် အကျိုးရရှိနိုင်သည်။ ထို့ပြင် သမိုင်းဆိုင်ရာစာအုပ်များကိုဖတ်ရှုခြင်းဖြင့် သမိုင်းကာလကလူတွေ၏အကြောင်း၊ လောကကြီး၏အကြောင်းအပါအဝင် အကြောင်းအရာမျိုးစုံကို သိရှိနိုင်သည်။ ခရီးသွားစာပေနှင့် တိုင်းတစ်ပါးအတွေ့ အကြုံများကိုလည်းဖတ်ရှုသင့်သည်။ယင်း တို့သည် စိတ်ကူးယဉ်စာပေများ ထက် တန်ဖိုးရှိသည်ကိုတွေ့နိုင်သည်။ အမျိုး သားပညာဝန်ဦးဖိုးကျားရေးသည့် 'မြန်မာ့ ဂုဏ်ရည်'၊ မွန်ဝန်ကြီးဗညားဒလရေး သည့် 'ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း'၊ ဘုရင့်နောင်မင်းတရားကြီးအကြောင်း၊ အလောင်းဘုရားအရေးတော် ပုံကျမ်း စသည်များကို ဖတ်ကြည့်မှ ကိုယ့်လူမျိုး များ၏သမိုင်းကြောင်းနှင့် ကိုယ့်ဘိုးဘွား ဘီဘင်များ၏ အကြောင်းသိလာရမှာဖြစ် သည်။ ကမ္ဘာ့သမိုင်းနှင့် ပတ်သက်လျှင် 'လောကီထုပ္ပတ်လူတို့ ဇာတ်' စာအုပ်ကို ဖတ်သင့်သည်။ အတွဲလေးတွဲရှိပြီးစာအုပ် အဟောင်းဆိုင်များတွင် ရနိုင်သည်။
မြန်မာ့သမိုင်းဆိုလျှင် ဦးဘသန်း၏ 'ကျောင်းသုံးမြန်မာရာဇဝင်'ကို ဖတ်သင့် သည်။မဟာရာဇဝင်ကြီးနှင့်မှန်နန်းရာဇဝင် တော်ကြီးတို့မှာ လူငယ်များအဖို့ ကျမ်း လေးနေသဖြင့် အကြမ်းမျှသာ ဖတ်သင့် သည်ဟုယူဆပါသည်။ ယခုခေတ်ပေါ် စာအုပ်များအနက် ဖေမြင့်၏ 'မဟာ ကရုဏာရှင်များ' စာအုပ်ကို ဖတ်သင့်ပါ သည်။ ဂျော့ခ်ျဝါရှင်တန်ကာဗာ၊ ဟင်နရီ ဒူးနန့်၊ မာသာထရီဇာစသည့် မဟာ ကရုဏာရှင်ခုနစ်ဦးအကြောင်းကိုရေးထား သည်မှာ ဖတ်ဖို့မှတ်ဖို့ကောင်းလှပါသည်။ ထို့ပြင် စိတ်ဓာတ်ခွန်အားကို မြင့်မားစေ သည့်စာမျိုးဖြစ်သော ဆရာအောင်သင်း၊ ဆရာဖေမြင့်၊ ဆရာလူထုစိန်ဝင်း၊ ဆရာ မောင်သာချို၊ ဆရာကောင်းသန့်တို့၏ စာမျိုးများကိုလည်း ဖတ်သင့်ပါသည်။ ထို့အတူမကြာခင်ကထွက်ရှိခဲ့သည့် ဆရာ ဗန်းမော်သိန်းဖေ၏ 'မျှဝေလိုသောအတွေး များ' အတွဲ ၁/၂/၃/၄ ကိုလည်း ဖတ်ရှု သင့်ပါသည်။ အညာဓလေ့၊ ရွာဓလေ့ နှင့်အညာစကားများကို သိရှိမှတ်သားလို သူများက ဆရာမခင်ခင်ထူး၏ ဝတ္ထုတို များကို ဖတ်ရှုသင့်သည်။ ဤကဲ့သို့ ကောင်းနိုးရာရာ ရှာဖွေဖတ်ရှုခြင်းဖြင့် မည်သည့်စာရေးဆရာက လေးနက်သလဲ၊
မည်သည့်စာရေးဆရာက ပေါ့တန်သလဲ ဆိုသည်ကို အလိုလိုသိမြင်လာမည်ဖြစ်သည်။ ဆရာများထဲတွင် လည်း စာကိုစာနှင့်တူအောင် ကြိုးစားရေးသားသည့် စာရေးဆရာရှိသလိုစာဖြစ်သည်ဆိုရုံမျှ ရေးတတ်သည့် စာရေးဆရာများလည်း ရှိသည်ကိုအလိုလိုသိရှိလာ မည်ဖြစ်သည်။ ထိုမှတစ်ဆင့် တကူးတကရှာဖွေဖတ်ရှု ရမည့်စာအုပ်များကိုလည်း သိလာမည်ဖြစ်ရာ တဖြည်း ဖြည်းနှင့် ကိုယ့်ကိုယ်ကိုယ်မသိလိုက်ဘဲ အတွေးအခေါ် ရင့်ကျက်လာကာ သူငယ်ချင်းအပေါင်းအသင်းများ နှင့်စကားပြောကြသည့်အခါ ကိုယ်ကဦးဆောင်ဆွေး နွေးသူဖြစ်မှန်းမသိဖြစ်လာလိမ့်မည်။ နောက်ဆုံးတစ်စုံ တစ်ရာပြဿနာပေါ်လာလျှင် ကိုယ့်ကိုအားကိုး တကြီး တိုင်ပင်လာသည့် အခြေအနေမျိုးအထိ ရောက်လာ မည်ဖြစ်သည်။
စာဖတ်ခြင်းအလေ့အထသည် ရှေးမြန်မာမင်းများ လက်ထက်ကပင်ရှိခဲ့သည်။ မြန်မာတို့၏ မွန်မြတ်သော အလေ့အထတစ်ခုဖြစ်သည်။ ယခုခေတ်စာကြည့် တိုက်များ၏ ရှေ့ပြေးဟုဆိုနိုင်သည့် ပိဋကတ်တိုက်ကို ပုဂံခေတ်ကာလကပင် တွေ့ရှိရသည်။ ပိဋကတ်တိုက် သည်ဘုရားဟောပါဠိပိဋကတ်တော်များနှင့်သာ သက် ဆိုင်သည်ဟုဆိုနိုင်သော်လည်း ကုန်းဘောင်ခေတ်တွင် ပိဋကတ်တော်များတင်မက ပေပုရပိုက်များ၊ပျို့၊ ကဗျာ စာများပါဝင်သည့် စာကြည့်တိုက်ကြီးအသွင် ကူး ပြောင်းနေပြီဖြစ်သည်။ ကုန်းဘောင်ဘုရင်များထဲတွင် ဘိုးတော်ဘုရားသည်စာအလွန်ဖတ်သူဖြစ်ပြီး အမရပူရ မြို့တော်သစ်တည်စဉ်ကပင် အရေးပါသော(၇)ဌာန ထဲ၌ ပိဋကတ်တိုက်ခေါ် စာကြည့်တိုက်ကိုထည့်သွင်း တည်ဆောက်ခဲ့သည်ကိုတွေ့ရသည်။ ဘိုးတော်ဘုရား ၏ စာကြည့်တိုက်တွင် ရာဇဝင်ကျမ်းများ၊ ဆေးကျမ်း များ၊ ပျို့၊ ကဗျာလင်္ကာများ၊ နန်းတွင်းဇာတ်တော် များစသည်ဖြင့် အစုံအလင်ရှိခဲ့သည်။ ရတနာပုံခေတ် တွင် မင်းတုန်းမင်းသည် စာဖတ်ဝါသနာပါသူဖြစ်ရာ ရတနာပုံ နေပြည်တော်သတင်းစာကို ထုတ်ဝေခဲ့ပြီး နန်းတွင်း၌ စာဖတ်တော်များကို ခန့်အပ်ထားရှိခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်မဖြစ်မီကလူငယ်များ စာဖတ် ဝါသနာကိုအရှိန်အဟုန်မြှင့်တင်ပေးခဲ့သည့် အဖွဲ့ အစည်းတစ်ခုမှာ 'နဂါးနီစာအုပ်အသင်း'ပင်ဖြစ်သည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း စာအုပ်(၇ဝ)ခန့် ပုံနှိပ်ထုတ်ဝေခဲ့ကာ လူငယ်များ၏ မျက်စိကိုဖွင့် ပေးခဲ့သည်။
ပညာသမာ၊အာဘာနတ္ထိ-ပညာနှင့်တူသောအလင်း ရောင်သည် မရှိဟူသောဘုရားဟောစကားအရ အသိ ဉာဏ်ပညာတည်းဟူသော အလင်းရောင်ကိုပေးစွမ်း နိုင်သည့်ပညာကိုရရှိရန် စာဖတ်ခြင်းက စွမ်းဆောင် နိုင်သည်။ ထို့ကြောင့်လည်း ရေးသားခြင်းကတိကျ သောလူတစ်ယောက်ဖြစ်စေနိုင်သလို ဆွေးနွေးခြင်းက အသင့်ပြင်ဆင်ပြီးသည့်လူတစ်ယောက်ဖြစ်စေနိုင်ကာ စာဖတ်ခြင်းက ပြည့်ဝသော လူတစ်ယောက်ဖြစ်စေ နိုင်သည်ဟုဆိုကြသည်။ စာအုပ်နှစ်မျိုးရှိရာ တစ်မျိုး ကတဒင်္ဂဖတ်ရန်စာအုပ်ဖြစ်ပြီး၊ ကျန်တစ်မျိုးက တစ်သက်လုံးဖတ်ရန် စာအုပ်ဖြစ်သည်ဟုဆိုသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည်များသည် တဒင်္ဂ ဖတ်ရန်စာအုပ်စာပေများဖြစ်ပြီး ကျမ်းကြီးကျမ်း ခိုင်များနှင့်ဂန္ထဝင်စာပေများသည် နက်နက်နဲနဲအသိ အမြင် ရင့်ကျက်နိုင်သည့် ဒုတိယတန်းစားစာအုပ်မျိုး တွင် ပါဝင်သည်။ ပညာရှင်ဆာဖရန့်စစ်ဘေကွန်က ''အချို့စာအုပ်များကို မြည်းစမ်းကြည့်သင့်တယ်။ အချို့စာအုပ်များကို မျိုချသင့်တယ်။ အချို့စာအုပ် အနည်းငယ်ကိုတော့ သေသေချာချာကျေညက်အောင် (ဖတ်)ဝါးစားသင့်တယ်'' ဟူ၍ ပြောဖူးသည်။ ၄င်းက ဆက်လက်၍ ''အတိုက်အခံပြုရန်နှင့်ငြင်းခုံရန် စာ မဖတ်ပါနဲ့။ ယုံကြည်ရန်နှင့်စွဲမြဲသွားရန်လည်း စာ မဖတ်ပါနဲ့။ စကားစရပြီး အာဝဇ္ဇန်းရွှင်ဖို့ စာမဖတ် ပါနဲ့။ နှိုင်းဆချင့်ချိန် စဉ်းစားတွေးခေါ်ဖို့သာ စာကို ဖတ်ပါ''ဟူ၍ပြောခဲ့သည်။ မှတ်သားသင့်သည့်စကား များဟုလည်း ယူဆပါသည်။ ထို့ကြောင့် လူငယ်များ လိမ္မာရေးခြားရှိရန် အသိပညာပြည့်ဝရန်နှင့် ဘဝရည် မှန်းချက်များအောင်မြင်ရန်စာဖတ်ကြပါ။ စာဖတ်သည့် အခါတွင်လည်း ဖတ်သင့်သည့်စာများကိုသာ ရွေးချယ် ဖတ်ရှုပြီး ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားတွေးခေါ်သုံးသပ် သွားကြပါဟု တိုက်တွန်းလိုက်ရပါသည်။