images
UN
UN
သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် ခြင်ဆေးပက်ဖျန်းပေး
စစ်ကြည်(စလင်း) Tuesday, 06 August 2019
မကွေးတိုင်းဒေသကြီး စလင်းမြို့ မြင်တင်ရပ်၌ ယမန်နေ့က သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် နေအိမ်များကို ခြင်ဆေးပက်ဖျန်း ပေးခဲ့သည်။
ယခုအခါ မိုးတွင်းကာလဖြစ်နေပြီး ရွှံ့ဗွက်များ၊ ရေဝပ်နေရာများ ကြောင့် ခြင်များပေါက်ပွားမှုနှုန်းများကာ ဒေသခံများ ရာသီတုပ် ကွေးဒဏ်ခံနေရသည်။ သို့ဖြစ်၍မြင်တင်ရပ်ကွက်၌ အုပ်ချုပ်ရေးမှူး ဦးကျော်မင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် စည်ပင်တို့ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ခြင်ဆေးများပက်ဖျန်းပေးခြင်း၊ ခြင်မပေါက်ပွားရအောင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။