images
UN
UN
အမျိုးသားရေးသတိ အမြဲရှိပါ(ကဗျာ)
Tuesday, 06 August 2019
* လူကောင်းဆိုတာ သစ္စာသမာဓိ
မေတ္တာရှိ၍ အသိတရား
လက်ကိုင်ထားပြီး အများသူငါ
ဖြေရှင်းရာတွင် မှန်တာထင်တိုင်း
မဆိုင်းမတွ ဖြေရှင်းကြခြင်း
အလျဉ်းမရှိ အသိဉာဏ်၏
အဂတိကင်း မှန်ကန်ခြင်းသာ
ဆုံးဖြတ်ရာ၏။
* ထို့နည်းတူစွာ တို့ပြည်ရွာရေး
တို့ဆွေးနွေးရာ တို့ရေးတို့ရာ
တို့ဝန်တာမို့ တို့သာတာဝန်
တို့ကျေပွန်ရေး သမိုင်းပေးဖို့
ငါတို့တာဝန်ယူရမယ်။
* တို့ပြည်ရွာရေး သူများတွေးပြီး
သူရေးညွှန်ရာ တို့လမ်းရှာရင်
တို့မှာလမ်းပျောက် အမှောင်အောက်ဝယ်
ကြောက်ဖွယ်စမ်းတဝါး တို့လမ်းမှားလိမ့်မယ်။
* လူကောင်းဆိုတာ ဉာဏ်ပညာနှင့်
ချင့်ချိန်သင့်ရာ ချင့်ချိန်ရာ၏
ကိုယ့်ရွာသာရေး မျိုးသားရေးကို
လေးပေးသတိ အသိနဲ့ယှဉ်
နောင်တွင်သမိုင်း မရိုင်းကောင်းအောင်
စွမ်းဆောင်ပါမှ တော်ကာကျမို့
ငါတို့သတိ အမြဲရှိပါစေ။
ကိုလှ(နပတ)