images
UN
UN
သမီးရေးတဲ့ အဖေ့အကြောင်း
ချစ်နိုင်(စိတ်ပညာ) Wednesday, 07 August 2019
နိဒါန်း
*******
ယုဝတီခင်ဦး(ဒေါက်တာရီရီလှ၊ကလေး အထူးကုဆရာဝန်ကြီး)ဆိုတဲ့ စာရေးဆရာ၊ ထင်ရှားတဲ့ဆရာဝန်ကြီးတစ်ဦးရှိခဲ့ဖူးတယ်။ သူ မဟုတ်ဘူး။ ကျွန်တော်ရင်းနှီးကျွမ်းဝင် ခြင်းမရှိတဲ့ အမျိုးသမီး ကလောင်တစ် ချောင်း။ အမည်ကခင်ဦးတဲ့။ ကျွန်တော်နဲ့ တပ်ရင်းတစ်ရင်းတည်း အတူတကွ တာဝန် ထမ်းဆောင်ခဲ့ရပြီး နောင်အခါ ကျောက် မျက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်ဦး ဆိုတာရှိဖူးတော့ သူ့ဝတ္ထုတိုလေးကို စိတ် ဝင်စားမိတာနဲ့ ဖတ်ကြည့်တယ်။ ကလောင် သစ် ဆရာမခင်ဦး (သို့မဟုတ်) ခင်မေခ။
''ကျွန်မ ငယ်ငယ်တုန်းက အဖေ့ကို မချစ်ခဲ့ပါ''တဲ့။ ''ကြောက်စိတ်နှင့် ရွံ့စိတ် သာရှိခဲ့ပါတယ်''တဲ့။ ဟာဗျာ ... အဖွင့်ဝါကျကို ဒီလိုစတာတော့ ကျွန်တော် ခံတွင်းမတွေ့လှ။ ''အဖေနဲ့ တူတဲ့ သမီးလို့ ကျွန်မကိုပြောတဲ့အခါတိုင်း မကြိုက်ခဲ့ပါ ဘူး''တဲ့။ ဒီလေသံမျိုးဆို ကျွန်တော် မကြိုက်ချင်ပါဘူး။ သို့ပေမယ့် သူ့အဖေပုံ ပန်းကို ဆက် ရေးတော့ ဆက်ဖတ်ဖြစ်ပါ တယ်။ ''အဖေ သို့မဟုတ် ကျွန်မ၏ စံပြပုဂ္ဂိုလ်'' ဟူသော စာတစ်ပုဒ်ကို။
ပုံပန်း
''ညိုမှောင်တဲ့အသားအရေ အရပ်မြင့် မြင့်၊ ခေါင်းဖြူဖြူ၊ မျက်ခုံးမျက်လုံး ကောင်းကောင်းတွေဟာ အဖေ့ရဲ့ ထင်ရှား တဲ့ အမှတ်သညာတွေပါပဲ'' တဲ့။ စသဖြင့် ရုပ်လုံးပုံပေါ်အောင် ရေးဖွဲ့လာပါတယ်။
သဘောထား
စာဖတ်သူရဲ့ မျက်စိထဲမှာ သူ့ဖခင်ရဲ့ ရုပ်ဆင်းအင်္ဂါ၊ ပုံပန်းသဏ္ဌာန်ကို ထင်ရှား ပေါ်လွင်အောင် သရုပ်ဖော်တင်ပြပြီးတဲ့ အခါမှာတော့ အဖေ့သဘောထားကို ဖော်ပြ လာပါတယ်။
''အဖေအိမ်မှာရှိရင် ကျွန်မတို့ကတော့ ကြောင်ရှိတြဲ့<ွကက်တွေလိုပါပဲ။ စကားကျယ် ကျယ်ပြောပြီး အငြင်းအခုံမလုပ်ရဲ၊ ရန် မဖြစ်ရဲ၊ မဆော့ရဲကြပါဘူး။ အဖေကိစ္စ တစ်ခုခုနဲ့ အပြင်သွားတိုင်း အလွန်ပျော်ကြ တာ ကျွန်မတို့အငယ် မောင်နှမ သုံး ယောက်ပါပဲ။ ကျွန်မတို့ မွေးချင်း ၁၁ ယောက်ရှိခဲ့တယ်။ အဖေမရှိရင် အိမ်မှာ လွတ်လပ်ရေးပါပဲ။ ဗြောင်းဆန်အောင် ဆော့ကြ၊ ရန်ဖြစ်ကြ၊ ငြင်းကြ၊ ခုံကြ၊ ငိုကြ၊ ပူကြ ဆူကြတာ ကျွန်မတို့တွေပေါ့''
''အဖေပြန်လာလို့ အတိုင်ခံရရင်တော့ တန်းစီပြီး ကြိမ်လုံးနဲ့ဆော်ခံထိပါတယ်''
အင်းပေါ့လေ၊ အဖေကို ကြောက်ရတာ များခဲ့ပေတာကိုး ''ကျွန်မငယ်ငယ်တုန်းက အဖေ့ကို မချစ်ခဲ့ပါ'' ဆိုတာ သဘော ပေါက်ပြီ။
''အဖေဟာ အရပ်ထဲမှာ လူချစ်လူခင် ပေါပါတယ်'' ရပ်ထဲလမ်းထဲမှာ အလှူပွဲ၊ မင်္ဂလာပွဲလုပ်မယ်ဆိုရင် အဖေက ဦးစီးဦး ဆောင်ပြီး အကုန်စီမံခန့်ခွဲတယ်။ ဘယ်သူ ဘယ်ဝါချက်ရေးပြုတ်ရေးအဖွဲ့၊ မဏ္ဍပ် ဆောက်လုပ်ရေးအဖွဲ့၊ ဧည့်ခံကျွေးမွေးရေး အဖွဲ့၊ ဖျော်ဖြေရေးအဖွဲ့စသဖြင့် အကုန်လုံး ထောင့်စေ့အောင် စီမံပါတယ်။ အလှူ ရှင်လောင်းလှည့်မယ်ဆိုရင် မြင်းငှား၊နတ်ပြ၊
ကွမ်းတောင်ကိုင်တွေအထိ မလစ်ရ မဟာရ အောင် ကြီးကြပ်နိုင်ပါတယ်။ ''ဦးဆောင် စီမံရုံတင်မက အောင်ခြေသိမ်းလည်း လို အပ်ရင် ဝင်လုပ်ပေးသေးတယ်''
ရပ်ရေးရွာရေး
တစ်ရက်မှာ အလှူတစ်ခုရှိလို့ ကိုယ့် လမ်းထဲက အိမ်သို့အဖေသွားပြီး ကူညီလုပ် ကိုင်ပေးနေတာ တစ်နေကုန်။ အလှူသာပြီး သွားတယ် အဖေအိမ်ပြန်မလာသေး။ အိမ် ကို ဧည့်သည်လာလို့ အဖေနဲ့တွေ့ချင်ပါ တယ်ဆိုလို့ အမေက အဖေ့ကိုသွားခေါ်ခိုင်း ပါတယ်။
မဏ္ဍပ်ထဲမှာ အဖေ့ကိုရှာမတွေ့ပါ။ မဏ္ဍပ်အလွန်ကွင်းစပ်ဘက် အသံတွေကြား လို့ သွားကြည့်လိုက်တဲ့အခါ ဒန်အိုးအကြီး ကြီးတစ်လုံးကို အဖေကတိုက်ချွတ်ဆေး ကြောနေပါတယ်။ ခေါ်လာပြီးအိမ်ပြန် ရောက်တဲ့အခါ အမေ့ကိုပြောပြတဲ့အခါ အမေက အဖေ့ကို -
''ကိုကြိုင် ရှင်ကလေ သူများကိစ္စကူ တာတော့ကူပေါ့တော်။ လွန်လွန်းတယ်။ ဒန် အိုးတောင်တိုက်ရသလား''လို့ အငေါ်တူး ပါတယ်။ အဖေကတော့ -
''မရီရယ် အားလုံးက အလှူရက် မတိုင်ခင်ကတည်းက လုပ်ကိုင်နေကြရလို့ ပင်ပန်းနေကြပြီ။ အလုပ်ဆိုတာ သာတယ် နာတယ်မဟုတ်ပါဘူးဟယ်။ ကိုယ်နိုင်တဲ့ ဘက်က ဝင်ကူတာ ကုသိုလ်ရပါတယ်'' တဲ့။
အမေကတော့ အဖေ့ကို ယောက်ျားရွှေမိ ဆိုပြီး 'ကိုရွှေမိ'လို့ ခေါ်တတ်ပါတယ်။ (ကလေးဆယ့်တစ်ယောက်ရဲ့အဖေနဲ့အမေ၊ ကိုကြိုင်နဲ့မရီရဲ့ချစ်စနိုးလေးတွေ အမြတ်တ နိုးခေါ်တတ်ပုံကလည်း သတိပြုမိစရာပါ) မပြောဘဲနဲ့ ခံစားသိလာရတဲ့ ချစ်ခြင်း မေတ္တာ။
အရပ်ထဲကတော့ ဦးလေးကြိုင်၊ ဘကြီး ကြိုင်နဲ့ခေါ်ကြပြီး ရပ်ရေးရွာရေးဟူသမျှ ကိုရွှေမိပါမှ။ အဖေဟာ လူငယ်ဘဝ၊ အိမ် ထောင်သည်ဘဝ၊ သားသမီးတစ်ကျိပ် ကျော်ကို မပူမပင်ရအောင်လုပ်ဆောင်ကျွေး မွေးခဲ့ပေမယ့် အသက် ၆ဝနီးတော့ သမီး ကြီးကတစ်လှည့်တစ်အိမ်လုံးကို ကြည့်ရှုနိုင် တဲ့ကုန်သည်ကြီးဖြစ်လာတဲ့အခါ အဖေငွေ ရှာတဲ့တာဝန်မထမ်းရတော့ပါ။
အဖေဟာ အိမ်မှုကိစ္စများမှာ မနေနိုင် စွာအိမ်သားအားလုံးအတွက် ဝင်ကူရှာပါ တယ်။ ထမင်းချက်၊ အဝတ်လျှော်၊ ပန်းပင် ရေလောင်း၊ ခြံရှင်း၊ မီးပူတိုက်တာကအစ အမေ့ကိုကူလုပ်ပေးတယ်။ အလုပ်လုပ်ဖို့ရာ မပျင်းပါ။

ရပ်ရွာလူမှုရေးလုပ်ငန်းဟူသမျှလည်း သူကရှေ့ဆုံးပဲ။ ရပ်ကွက်ထဲရေမြောင်းသန့် ရှင်းရေးဆိုလည်း ပုဆိုးတိုတိုနဲ့သူပါတာပဲ။
အဖေဦးဆောင်ပြီဆိုရင်လည်း တစ်ရပ် ကွက်လုံးသူ့နောက်က တစ်အုပ်တစ်သင်း အားလုံးပါဝင်လာကြတာပဲ။ ''လုပ်အား ပေးပွဲပြီးရင်ကျွေးဖို့ ကောက်ညှင်းပေါင်းပါ ဦးမရီရယ်။ ငါးရံ့ခြောက်လေးလည်းရှိ တယ်မဟုတ်လား၊ ဖုတ်ထားနှင့်ကွယ်'' ကိုယ်တိုင်လည်းပါဝင်ဦးဆောင်လုပ်အားပေး တဲ့အပြင် အကျွေးအမွေးလည်း ကူညီသေး။ တစ်ရပ်လုံးက ချစ်ခင်ကြ၊ ရိုသေကြတာ ပေါ့။
မြို့နယ်လူကြီးတွေက လူမှုရေး၊ ကျန်း မာရေး၊ ပညာရေး၊ လူထုလှုပ်ရှားမှုပါရမယ့် လုပ်ငန်းဟူသမျှ ဦးလေးကြိုင်ကိုထိပ်ဆုံးက ပင့်ဖိတ်တိုင်ပင်ပြီး စီမံချက်ဆွဲ၊ အကောင် အထည်ဖော်၊ လူထုအင်အားနဲ့စုပေါင်းလုပ် ရင် အောင်မြင်တာချည်းပဲလေ။
အရပ်ထဲ လူငယ်ဘာဝရန်ခိုက်ဒေါသ ဖြစ်ကြရင်လည်း ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုကျေအေးပပျောက်အောင် နှစ် ဖက်ဖျောင်းဖျဆုံးမပြီး ဒဏ်ကြေးအဖြစ် မြောင်းပေါက်၊ မြက်ခုတ်ခိုင်း လိုက်တာ ပါပဲ။ ရဲစခန်းမရောက်ရ။ တရားရုံးမရောက် ရ။ ရပ်ကွက်ရုံးမှာတင် ပြီးပြတ်အောင် ဦး ဆောင်နိုင်တဲ့ သြဇာရှိတယ်။(ရာထူးသူကြီး၊ ဆယ်အိမ်မှူးမဟုတ်ပေမယ့် အာဏာမသုံး ရဘဲ သြဇာသက်ရောက်မှုနဲ့ စီမံဝေဖန်တတ် တယ်)ရပ်မိရပ်ဖလူကြီး။
''မိဘဆုံးမလို့မနိုင်တဲ့ သားသမီး အချို့ကို အဖေ့ဆီကိုအပ်ကြတယ်။ အဖေက ချိုချိုသာသာနဲ့ နားဝင်အောင်ပြောပြတတ် လို့ ပြုပြင်ပြောင်းလဲသွားကြတာပဲ။ ရပ် ကွက် ကျောင်းမိဘဆရာအသင်းမှာလည်း ဥက္ကဋ္ဌလုပ်ရတယ်။ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းကို ကျောင်းအုပ်ဆရာကြီး တွေထက် အဆများစွာပါဝင်လှုပ်ရှားအပင် ပန်းခံနိုင်ပါတယ်'' ရပ်ရွာအပေါ် စေတနာ သန့်သူမဟုတ်လား။ ဥပမာ-ကျောင်းကို မပျက်စီးအောင် ထိန်းသိမ်းဖို့ ကျောင်းနံရံ သစ်သား၊ ဝါးထရံများကို ရေနံချေးသုတ် တဲ့အခါ လူငယ်တွေနဲ့အတူ သူကိုယ်တိုင် ဝင်သုတ်တဲ့အဖေပါ။ (အခြားလူတွေက ရေနံချေးစွန်းပေမှာစိုးလို့ အနားတောင် မလာပါ)
လူကြီးလူငယ်မရွေး အဖေ့ကိုချစ်ကြ လွန်းလို့ ကြည်ညိုကြလို့ အမေက မျက်စိ စပါးမွေးစူးပါတယ်။
ဟိုကလည်း ဦးလေးကြိုင်၊ ဒီကလည်း ဘကြီးကြိုင်နဲ့ ''ကိုရွှေမိ''ဖြစ်နေတဲ့အဖေ့ ကို...
''ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ တယ်။ သမီးကောင်းလို့ ရှင်အခုလိုခေါင်း ပေါင်းဖြူရတာ ကိုကြိုင်ရဲ့။ အမလေး၊ ကိုယ့် ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်းတာ လည်း လွန်လွန်းတယ်တော်''တဲ့။
အဖေကတော့ ဟဲဟဲ ဟဲဟဲနဲ့ ရယ်နေ တာပါပဲ။ အပြင်မှာ မျက်နှာချိုလှတဲ့ အဖေ ဟာ ကျွန်မတို့အပေါ်မှာတော့ မျက်နှာအင် မတန်တည်ပါတယ်။ မျက်နှာသာမပေးပါ ဘူး။ အဲဒါကြောင့်လည်း ကျွန်မတို့က အဖေ့ ကိုမချစ်ပါဘူးတဲ့။
ဒါပေမဲ့...
အရွယ်ရောက်လာတဲ့အခါမှာ စဉ်းစား ကြည့်တော့ အဖေကသားသမီးတွေကို လိမ္မာ စေချင်လို့၊ စာတော်စေချင်လို့ ဒီလိုနေထိုင် တာပဲဆိုတာ တွေးမိလာပါတယ်။ ပညာရေး ကိုလည်း အင်မတန်အားပေးတဲ့အဖေပါ။
သျှောင်ထုံး၊ နားပေါက်၊ ထိုးကွင်း
ကြည့်ဦး။ သမီးတွေ စာကျက်ပျက်မှာ စိုးလို့ သမီးတွေရဲ့ ချွေးခံအင်္ကျီကအစလျှော် ပေးတဲ့အဖေပါ။ စာကျက်ရင်လည်း နား ထောင်နေတတ်ပါတယ်။
ငယ်ငယ်က ရွာမှာနေရတဲ့အဖေဟာ ဘုန်းကြီးကျောင်းထွက်ပါ။ ဘဝအခြေအနေ နဲ့ အလုပ်တွေကရခဲ့တဲ့ အတွေ့အကြုံကြောင့် အင်္ဂလိပ်စကားနဲ့ ကုလားစကားကို ထမင်း စားရေသောက်ပြောနိုင်ပါတယ်။ (ပညာကို လိုလားတဲ့အကျင့်၊ ပညာကို အားပေးတဲ့ အလေ့အထရှိတာ ထင်ရှားသိသာပါတယ်)