images
UN
UN
ဥာဏ်ရည်ဥာဏ်သွေး တိုးတက်ရေးပန်းချီဆွဲပြိုင်ပွဲ ကျင်းပ
စိုးဝင်း Thursday, 08 August 2019
ကျောင်းသားကျောင်းသူများ နှင့်စာဖတ်ကလေးငယ်များအား ဥာဏ်ရည်ဥာဏ်သွေးပိုမိုတိုးတက် ရေးအတွက် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီးကော့သောင်းခရိုင် ဘုတ် ပြင်းမြို့နယ် ကရသူရိမြို့ ကလေး စာဖတ်ခန်း၌ကျင်းပသည်။
ပြိုင်ပွဲတွင် ပြန်/ဆက်ဦးစီးမှူး က ကလေးများအနေဖြင့် ပန်းချီ ပုံများကိုမိမိတို့စိတ်သဘောအတွေး အခေါ်များအတိုင်း ရေးဆွဲနိုင် ကြောင်း၊ မိမိပတ်ဝန်းကျင်နှင့်နီး စပ်ရာအတွေးအခေါ်များကို ဖန်တီး ရေးဆွဲကြရန်ပြောကြားပြီး ကျောင်း သားကျောင်းသူများနှင့်စာဖတ် ကလေးများက ပန်းချီပြိုင်ပွဲကို စိတ်ဝင်တစားရေးဆွဲယှဉ်ပြိုင်ခဲ့ ကြပြီး စာထောက်-၃ကဆုများ ရွေးချယ်ပေးခဲ့ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံမြေပုံနှင့်ကမ္ဘာ့မြေပုံတို့ ကို ဗဟုသုတအနေဖြင့် ပြသရာ ကျောင်းသားကျောင်းသူများနှင့် စာဖတ်ကလေးငယ်များက စိတ် ဝင်တစားကြည့်ရှုကြပြီး နားမ လည်သည့် အကြောင်းအရာများ ကိုမေးမြန်းဖြေကြားခဲ့ကြောင်း သိရသည်။