images
UN
UN
သိက္ခာကိုရိက္ခာနဲ့လဲနေကြတဲ့ ငတေများ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Thursday, 08 August 2019
''အမေရယ်...ဥပဒေဆိုတာ ငိုလို့ ရယ်လို့မရပေမယ့် နှလုံးသားဆိုတာက တော့ခက်တယ် အမေ။ ဥပဒေနဲ့ပတ် သက်လာရင် သားကြီးတို့မှာ လိုက်နာ စောင့်ထိန်းရတာတွေရှိတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်ရပါတယ် အမေရယ်။ အမေ့ဘက်ကကြည့်ရင်တော့မှန်ပါတယ်။ တရားသူကြီး တစ်ယောက်အနေနဲ့ ကျတော့ မျက်နှာလွှဲထားရမယ့် အနေ အထားမှာ ရှိနေပါတယ်''
''ရှေ့နေစာရေးဆရာ ချစ်ကိုကိုယု'' ၏ ''နှလုံးလှလူမိုက်'' ဝတ္ထု/ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းတစ်ခန်း။ သားကြီးဖြစ်သူ ခရိုင်တရားသူကြီးဦးသိန်းကျော် (အကယ် ဒမီနေအောင်)က လူသတ်တရားခံဖြစ်သူ ညီငယ်လေး အောင်ဒွေး(အကယ်ဒမီ မင်းမော်ကွန်း)ကို ညီအရင်းမို့ ဘက် လိုက်ခြင်းမရှိဘဲ၊ ဒေါ်ဝိုင်းစိန် (အကယ် ဒမီမြင့်မြင့်ခင်)အား ''ဥပဒေဆိုတာက မိသားစုအတွက် ပြဋ္ဌာန်းထားတာမဟုတ် ဘူး။ အများအတွက် ပြဋ္ဌာန်းထားတာ ပါ''ဟု မချိတင်ကဲခံစားရင်း ရှင်းပြ တောင်းပန်နေသည့် ဇာတ်ဝင်ခန်း။
ကျောက်ကပ်လှူဒါန်းခဲ့သောအသက် သခင်ကျေးဇူးရှင် ညီငယ်ထွေးလေး အောင်ဒွေးကို ဥပဒေနှင့်အညီ ဥပဒေ ဘက်တော်သားပီပီ၊ ဘက်မလိုက်ဘဲ၊ သေဒဏ်ချမှတ်ခဲ့သော အစ်ကိုကြီးအရင်း၊ ခရိုင်တရားသူကြီးတို့၏ ရင်နင့်ကြေကွဲ စရာဇာတ်ရုပ်ကို ပီပြင်သက်ဝင်အောင် ဖော်ထုတ်နိုင်ခဲ့ကြသဖြင့် နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားကြီးသည် အကယ်ဒမီ ငါးဆုပင်ရခဲ့ပါသည်။ နေ့ကြီးရက်ကြီး များ၊ လွှတ်တော်အစည်းအဝေးစတင်ခါနီး အချိန်များနှင့် အကယ်ဒမီပေးခါနီးအချိန် များတွင် ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စံပြု ဇာတ်ကားကြီးအဖြစ် အမြဲတမ်းပြသနေ ခဲ့ပါသည်။
ထိုနည်းတူ ''ဆရာ တက္ကသိုလ်ဘုန်း နိုင်''၏ ''တစ်ပြည်သူမရွှေထား'' ဝတ္ထု၊ ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းတစ်ခန်း။ ငယ်ရွယ်စဉ်က ''ထား''(အကယ်ဒမီ မေသန်းနု)က သူ့ချစ်သူ ''မြတ်ဆွေ'' (အကယ်ဒမီကျော်သူ)ကို တရားသူကြီး ဖြစ်ဖို့ အားပေးခဲ့သော်လည်း တရားသူ ကြီးဖြစ်သွားသော ဦးမြတ်ဆွေထံသို့ တရားခံသား၏မိခင် ဒေါ်ထားက လာ ရောက်တွေ့ဆုံသောအခါ မတွေ့ချင်ဘူး ဟု အပြတ်ငြင်းဆန်သော ဇာတ်ဝင်ခန်း။ နှလုံးသားခံစားချက်ကို ကြိတ်မှိတ်မျိုသိပ် ကာ ဥပဒေမျက်နှာနှင့် ကိုယ်ကျင့်သိက္ခာ ကိုသာ ဦးစားပေး အလေးထားသည့် ပြကွက်။
အဂတိလိုက်စား၊ ကိုယ်ကျင့်တရား ပျက်ပြားနေကြသူများ ကြီးစိုးရမ်းကား နေကြသော ယခုလိုခေတ်မျိုးတွင် ဦးသိန်း ကျော်နှင့် ဦးမြတ်ဆွေလို တာဝန်သိ၊ သိက္ခာရှိ၊ ဥပဒေဘက်တော်သား တရား သူကြီးတွေ ထွန်းကားပွားများစေချင်စမ်း ပါဘိ။
ပထမအကြိမ် အစိုးရသမ္မတကြီး ရော၊ ဒုတိယအကြိမ် အစိုးရသမ္မတ ကြီးပါ၊ သမ္မတကြီးတာဝန်များကို စတင် ထမ်းဆောင်ခဲ့ကြသည့်အချိန်တိုင်းတွင် ''အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊လာဘ် ပေးလာဘ်ယူမှုနှင့် အကျင့်စာရိတ္တခြစားမှု ပပျောက်ရေး''လုပ်ငန်းစဉ်များကို မလွဲ မသွေ ဆောင်ရွက်သွားကြရန်၊ တွန်းအား ပေးလှုံ့ဆော်ခဲ့ကြပါသည်။ ပထမအကြိမ် အစိုးရသက်တမ်းအတွင်း (၈-၁-၂ဝ၁၃) ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဥက္ကဋ္ဌအဖြစ် ပါဝင်သော ''လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင် ရွက်ရေးကော်မတီ''ကို ဖွဲ့စည်းခဲ့သည်။ ၁၇-၉-၂ဝ၁၃ ရက်နေ့တွင် ''အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ''ကို အာဏာတည်စေရမည်ဟုဆိုကာ နိုင်ငံ တော် သမ္မတကြီးက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့ပါသည်။
သို့သော် ထိုဥပဒေ မပြဋ္ဌာန်းမီက တည်းက သောင်းကျန်းလွန်းနေခဲ့သော လာဘ်ပေးလာဘ်ယူမှုများက အရှိန်တန့် မသွားဘဲ ဆက်လက် သောင်းကျန်းရမ်း ကားနေခဲ့သည်။ ထို့ကြောင့် ၉-၁၂-၂ဝ၁၃ ရက်နေ့ထုတ်Weekly Eleven News ဂျာနယ်၊ အတွဲ(၉) အမှတ်(၉)မှာ ''ဆရာနေထွန်းနိုင်''က ''မြန်မာ့တရား စီရင်ရေးနယ်ပယ်မှာ၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အကျင့်ပျက် ခြစားမှုလျော့ပါးခြင်းမရှိသေး''ဟူသော ခေါင်းစီးဖြင့် လာဘ်ပေးလာဘ်ယူမှုမှာ ရန်ကုန်က အများဆုံးဖြစ်ပြီး၊

ဒုတိယ မန္တလေးဖြစ်ကြောင်း၊ ငွေများတရားနိုင် ဖြစ်နေကြောင်း၊ တရားစီရင်မှု မမျှတ လို့ နစ်နာသူတွေက တိုင်ကြားကြတဲ့ တိုင်ကြားစာရော အမှုတွဲရောပေါင်းရင် ၈ဝဝဝ ကျော်ရှိကြောင်း၊ အထူးသဖြင့် လာဘ်ပေးလာဘ်ယူမှုတွေက သိန်း ထောင်ဂဏန်းအထိရှိကြောင်း (xx) တိုင်းဒေသကြီးနှင့် (xx)ပြည်နယ်မှာ တရားဥပဒေမစိုးမိုး တော့ဘဲ ပုဒ်မ ၄-----ပေးမှ လုပ်ဖြစ်နေကြောင်း၊ တိုင် ကြားခံရသူများ အရေးယူမခံကြရဘဲ တိုင်ကြားသူများသာ တာဝန်မှ ယာယီ ရပ်ဆိုင်းပြောင်းရွှေ့ခံနေကြရကြောင်း၊ ရှေ့နေများနှင့် ဥပဒေအရာရှိအချို့ အရေး ယူခံကြရကြောင်း၊ တရားသူကြီး အရေး ယူခံရတယ်ဆိုတာ တော်တော်ရှားပါး ကြောင်း၊ နှစ်ပေါင်း ၂ဝ ကျော်အထိ တရားစီရင်ရေးက အုပ်ချုပ်ရေး ယန္တရား ရဲ့ခိုင်းဖက်လုံးလုံးဖြစ်နေကြောင်း၊ ပြတ် သားပွင့်လင်းစွာ ထောက်ပြခဲ့ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၇၇နိုင်ငံ ၏ အဂတိလိုက်စားမှုအခြေအနေများကို ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် Tran-sparenc International အဖွဲ့၏ ၂ဝ၁၃ ခုနှစ်အတွက် အစီရင်ခံစာထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အဆင့်မှာ ၂ဝ၁၂ ခုနှစ်တွင် အဂတိလိုက် စားမှုအရှိဆုံးအဆင့် ငါးတွင်ရှိနေခဲ့ရာမှ ၂ဝ၁၃ ခုနှစ်တွင် အဆင့် ၂ဝ အထိ လျော့နည်းကျဆင်းသွားကြောင်း နောက် ဆုံးသတင်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် အဆင့် ၁၄၇ ရှိရာ အဆင့် ၂၁အထိလျော့နည်းကျဆင်းသွားကြောင်း၊ ဒေသတွင်းမှာက မြန်မာနိုင်ငံ၏နောက် မှာကမ္ဘောဒီးယားနိုင်ငံသာရှိတော့ကြောင်း ဖော်ပြထားပါသည်။
ဘယ်မူဘယ်စံတွေနှင့်တိုင်းတာကြလို့ ဘယ်လိုအဆင့်တွေရလာကြသည်ကိုမသိ။ အဂတိလိုက်စားမှုလျော့နည်းကျဆင်း လာပြီဟု ဂုဏ်ယူနေကြသော်လည်း လက်တွေ့ခံစားနေကြရသည့် ပြည်သူ တွေကတော့ ဆတက်ထမ်းပိုးတိုး၍သာ ခံနေကြရပါသည်။ လျော့နည်းသွားခြင်း မရှိဘဲ ကင်ဆာမြစ်ပွားနာကဲ့သို့ ပြန့်ပွား များပြားလာပါသည်။ လာဘ်ပေးလာဘ် ယူမှု၊ အဂတိလိုက်စားမှုနယ်ပယ်များစွာ ထဲတွင် ရိုက်စားခွင်အလွယ်ဆုံး၊ အကျယ် ဆုံး၊ အရချောင် အချောင်ရဆုံး၊ အကျည်း တန်ဆုံး၊ အရက်စက်ဆုံး၊ အဆိုးဆုံးနယ် ပယ်မှာ တရားစီရင်ရေးနယ်ပယ်ဖြစ်ပါ သည်။
ထို့ကြောင့်လည်း မြို့နယ်အချို့ရှိ တရားသူကြီးများနှင့် တရားရုံးများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် မကြာခဏ ဆန္ဒပြရှုတ်ချနေကြပါသည်။ တရားရေး မဏ္ဍိုင်နှင့်အုပ်ချုပ်ရေးမဏ္ဍိုင်မယိမ်းမယိုင် ခိုင်မြဲစွာရပ်တည်နိုင်ရေးအတွက် စတုတ္ထ မဏ္ဍိုင်အင်အား၊စာနယ်ဇင်းသမားများက ဝေဖန်ထောက်ပြ၊ ကျားကန်ပေးခဲ့ကြပါ သည်။ သို့သော် ကျွဲပါးစောင်းတီး အချည်း နှီးသာတည်း။ ယခုတော့ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တရားသူကြီးများကို အရေးယူနေကြပြီဖြစ်ရာ အချို့မှာ တရား ခံပြေးများဘဝသို့ ရောက်နေကြပါသည်။
ဘယ်သူသေသေငတေမာရင်ပြီးရော သဘောဖြင့် အပူသည်များထံမှ ငိုစား ရယ်စားလုပ်နေကြသူအချို့ကြောင့် ''တရားဥပဒေဟာ အယိုင်အရွဲ့၊ အတိမ်း အစောင်းကနေ ဝုန်းခနဲပြိုကျသွားခဲ့ပြီ''ဟု ၂ဝ-၉-၂ဝ၁၆ ရက်နေ့ထုတ် ''စံတော် ချိန်နေ့စဉ်သတင်းစာ''မှာ ''ကာတွန်း ဆရာစောနိုင်ထူး''က သရော်ထားရာ စာချစ်သူများ၏ခံစားချက်နှင့် ထပ်တူကျ နေသဖြင့်နှစ်သက်ကျေနပ်နေကြပါသည်။ (တရားသူကြီး အများစုကို မဆိုလိုပါ)
''ဆရာဝန်တွေရဲ့အမှားကို အုတ်ဂူနဲ့ မီးသင်္ဂြိုဟ်စက်တွေက ဖုံးကွယ်ထားနိုင် ကြသလို တရားသူကြီးတွေရဲ့အမှားကို ထောင်နံရံတွေက ဖုံးကွယ်ထားနိုင်ကြပေ မယ့် အမိအဖတို့ရဲ့မေတ္တာနဲ့ကျေးဇူးတရား ကိုတော့ဘယ်အရာကမှဖုံးကွယ်လို့မထား နိုင်ပါဘူး''
''ကျေးဇူးကြီးလှ မိနှင့်ဖ''စာပေ ပြိုင်ပွဲတွင် ပထမဆုရခဲ့သော ''စာရေး ဆရာအဲမွန်တာရာ''၏ ဝတ္ထုတို။ ''မြိုင် သာယာမယ်နုနှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်''ဝတ္ထုတိုထဲမှ ဇာတ်ကောင် ''ရှေ့နေမလေးမြကျေးညို''၏ တရား ခွင်လျှောက်လဲချက်က စာပေဆုရွေးချယ် ရေးအဖွဲ့ဝင် စာရေးဆရာ၊ ဆရာမကြီး များ၏ နှလုံးသားကို မြားတစ်စင်းဖြင့် ပစ်ခွင်းလိုက်သလို နင့်ခနဲခံစားခဲ့ကြရပါ သည်။ တမြည့်မြည့်နာကျင်သွားစေခဲ့ပါ သည်။ သွေးထွက်အောင်မှန်လွန်းလှပါဘိ။ ရင်ထိမြားရယ်လို့ တင်စားညွှန်းဆိုငိုချင် ရက်လက်တို့ကိန်းဆိုက်သွားပါသည်။
''မနုကျယ်ဓမ္မသတ်''မှာ တရား သူကြီးမဖြစ်အပ်သူ ခုနစ်ယောက်သတ် မှတ်ထား၏။ (၁) အမျိုးမြတ်သူကို မျက်နှာလိုက်၍ မနိုင်သင့်ဘဲအနိုင်ပေးသူ၊ (၂) ငွေကြေးပဏ္ဏာ(လက်ဆောင်တံစိုး) အများပေး၍ရှုံးမည့်သူကို အနိုင်ပေးသူ၊ (၃) ဆွေမျိုးသားချင်းဖြစ်သည်ဟု ရှုံးမည့် သူကို အနိုင်ပေးသူ၊ (၄) သေဘေးပျက် ဘေးကိုကြောက်၍ ရှုံးမည့်သူကိုအနိုင် ပေးသူ၊ (၅) ရန်သူဖြစ်၍ နိုင်အံ့သူကို အရှုံးပေးသူ၊ (၆) ဟုတ်သည် မဟုတ် သည်ကို မသိမမြင်၍စီရင်သောသူ၊ (၇) ဟုတ်သည်မဟုတ်သည်ကိုသိလျက်၊ လောဘနိုင်ငံသို့လိုက်၍ ရှုံးစေ၍အာဏာ ပေး၍ခြိမ်းခြောက်စီရင်သည်တွင် မဟုတ် သည်ကိုပြီးစေတတ်သောသူဟူ၍ဖြစ်၏။
''ဤခုနစ်ယောက်တို့သည် ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟလိုက်စားကြပြီး စီရင်ကြသဖြင့် ယင်းတို့အားပြည့်ရှင်မင်း ဧကရာဇ်၊ အမတ်သူရဲကောင်းတို့နှင့် တိုင်ပင်၍ နှင်ထုတ်အပ်၏။ စီရင်၍ပြီးရာ ကုန်ကျသမျှကိုလည်းပြန်(လျော်)စေရာ ၏။ သို့မှသာပြည်ရွာတိုင်းကား၊ သာယာ မည်''ဟု ''မြန်မာနှင့် အင်္ဂလိပ် မနု ကျယ်ဓမ္မသတ်'' စာမျက်နှာ(၁၅၇)မှာ ဖော်ပြထားပါသည်။
သိြု့ဖစ်၍ လာဘ်စားကြသူများ၊ အဂတိ လိုက်စားကြသူများကိုလည်း မနုကျယ် ဓမ္မသတ်နည်းတူအရေးယူအပြစ်ပေးသင့် ပါသည်။ မတရားလာဘ်စား မျိုစို့ထား ကြသမျှကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် ဖော်ထုတ်သိမ်းဆည်းသင့်ပါသည်။
ခရစ်နှစ်(၁၁)ရာစုက ထင်ရှားခဲ့ သော''အရှင်ဝိညာနိဿရ'' ရေးသားဖွဲ့ ဆိုခဲ့သည့် ''မိတက္ခရာဋီကာ''တွင် လာဘ်ယူသူအပြစ်ရှိသလို လာဘ်ပေးသူ လည်းအပြစ်ရှိသည်ဟု ဖော်ပြထားပါ သည်။ လာဘ်ပေးသူများက အကျင့်ပျက် အောင်ဖျက်ဆီးထားကြသဖြင့် လာဘ်စား သူများက ကမ်းတက်နေကြသည်။ ရလေ လိုလေ အိုတစ္ဆေဖြစ်နေကြသည်။ ဘယ် သူသေသေ ငတေမာရင်ပြီးရော သဘော ထားနေကြသည်။ ငိုစားရယ်စား အေး ဓားပြမှုများ ဖြစ်နေကြသည်။
''ပေးမှုသည်''ပါရမီဆယ်ပါးတွင် (အစ)ဦးဆုံးပါရမီဖြစ်သည်။(ဒါနပါရမီ)။ ''ပေးမှုသည်''ရာဇဓမ္မဆယ် ပါးတွင် (အစ)ဦးဆုံးရာဇဓမ္မဖြစ်သည်။ (မင်းကျင့် တရား)။ ''ပေးမှုသည်'' သင်္ဂဟတရား လေးပါးတွင်(အစ)ဦးဆုံး သင်္ဂဟတရား ဖြစ်သည်။ (စည်းရုံးရေးတရား)။
အပေးမှန်လျှင် ပါရမီဖြစ်သည်။ ရာဇဓမ္မ ဖြစ်သည်။ သင်္ဂဟတရား ဖြစ် သည်။ အပေးမှားလျှင် တံစိုးလက် ဆောင်ဖြစ်သွားသည်။ လာဘ်ထိုးမှုဖြစ် သွားသည်။ အဂတိလိုက်စား၊ အကျင့် ပျက်ပြားသူများကလည်း မာယာ ပရိယာယ်အသွယ်သွယ်ဖြင့် လာဘ်ပေး အောင် လက်ဆောင်ပဏ္ဏာပေးအောင် မြှူ ဆွယ်ကြသည်။ ချူစားကြသည်။ ခြိမ်း ခြောက်အကျပ်ကိုင်ကြသည်။
''မတော်မလျား၊ ကြေးငွေစား၍ စီးပွားမသောင်း၊ ရှေးသော်ကောင်းလည်း၊ နှောင်းလေသောအခါ၊ ဆင်းရဲရှာလျက်'' (ငရဲခန်းပျို့)
''ရွှေသည်ြေ>ွမ၊ ငွေသည်ြေ>ွမ၊ လက် ဆောင်သည်ြေ>ွမ၊ တံစိုးသည်ြေ>ွမ၊ လာဘ် သည်ြေ>ွမ၊ ရွှေငွေပေးလည်း ၊ြေ>ွမပွေးြေ>ွမဟောက် ၊ ပေါက်ပေါက်ကိုက်ဟပ်၊ မှတ်တို့အပ်၏။''(ငရဲခန်းပျို့)
တံစိုးလက်ဆောင်နှင့် လာဘ်စားပြီး အောင်မြင်နေကြသူများသည် စားနေ၊ ဝါးနေကြဆဲမှာသာ ပြောင်ပြောင်ရောင် ရောင်ဖြစ်နေကြသော်လည်း ထိုတံစိုး လက်ဆောင်များကပင် နောက်ပိုင်းတွင် ဆင်းရဲဒုက္ခရောက်အောင် ရောဂါမျိုးစုံ ရအောင် အကျိုးဆောင်ပေးကြလေ့ရှိပါ သည်။ ငိုစားရယ်စား အေးဓားပြများ လုပ်ခဲ့ကြသောကြောင့် ကာလဝိပါက် နောက်ပိုးတက် ခံကြရလေ့ရှိပါသည်။ သိက္ခာကို ရိက္ခာနှင့်လဲခဲ့ကြသဖြင့် ဘဝပြို ကွဲကုန်ကြပြီး ဇာတ်သိမ်းမလှဖြစ်ကုန်ကြ ပါသည်။
လာဘ်စားနေကြသူများ၊အဂတိလိုက် စားနေကြသူများ၊ အကျင့်ပျက်ခြစားနေ ကြသူများ၊ ကောင်းစားနေကြသောနှစ် များသည် သူတို့သေပန်းပွင့်သောနှစ်များ၊ ခေတ်များဖြစ်ကြောင်း ''ငှက်ပျော၊ ဝါး၊ ပေ၊ ကျူ''ပင်များသီးသော နှစ်များသည် ၄င်းတို့သေပန်းပွင့်သော နှစ်များ၊ ကျဆုံး ပျက်သုဉ်းသောနှစ်များဖြစ်ကြောင်း''ဆရာ ကြီး(ဦး)ဆန်းထွန်း(မန်းတက္ကသိုလ်)'' က ရေးသားသတိပေးခဲ့ပါသည်။
သိက္ခာကို ရိက္ခာနှင့်လဲနေကြသော ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထားနေကြသော ငတေများ သံဝေဂ ရကြစေချင်ပါသည်။