images
UN
UN
ပလတ်စတစ်များလျှော့ချမည့်အစီအစဉ်များကို YKKO မှ ဆောင်ရွက်သွားမည်
သွန်းလေး Saturday, 10 August 2019
ပလတ်စတစ် လျှော့ချမည့် အစီအစဉ်များကို YKKO မှ ''မြို့ တော်သန့်ရှင်းသာယာဖို့ YKKO နှင့်အတူ ပလတ်စတစ်လျှော့ချစို့'' အစီအစဉ်ဖြင့် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ မြန်မာပလာဇာ၌ပြုလုပ် ခဲ့သည့် အခမ်းအနားမှ သိရသည်။
ပလတ်စတစ်များ လူမှုပတ် ဝန်းကျင်တွင် တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ဖြစ်ပေါ် လာသောဆိုးကျိုးများနှင့် နောင် တွင်ဖြစ်ပေါ်လာမည့်သဘာဝပတ် ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင် လျှော့ချရန်ပြုလုပ်သွားမည်ဖြစ်သည်။
ရေနံဘေးထွက်ပစ္စည်းကနေပေါ် ထွက်လာတဲ့ ပလတ်စတစ်များမှာ လူများအတွက်အသုံးပြုရန်ကောင်း ကျိုးရှိသလိုဆိုးကျိုးအနေဖြင့်ဆိုင်ဆာ အမျိုးပေါင်းတစ်ရာကျော်မှတစ်မျိုး ပါဝင်သည့်အတွက် ဆိုင်ဆာအဆိပ် မကင်းသည့်အန္တရာယ်ကို ဖြစ်ပေါ် စေနိုင်ကြောင်းသိရသည်။ ထို့ပြင် ဖော့ဘူးများမှ အပူစားသောက်ကုန် များနှင့်တွေ့ပါကပျော်ဝင်သည့်အခါ ဖော့ဘူးတွင်ပါဝင်သည့်ဆိုင်ဆာမှာ သွေးကင်ဆာကိုဖြစ်ပေါ်စေနိုင်သည်။
YKKO မှပလတ်စတစ်လျှော့ ချသည့်အနေဖြင့် ယင်းဆိုင်တွင် ကိုယ်တိုင်ပြုလုပ်ထားသည့် ပလတ် စတစ်အစားထိုးပစ္စည်းများ ရောင်း ချပေးသွားမည့်အပြင် YKKO ဆိုင် ခွဲများတွင်လာရောက်ဝယ်ယူသူများ က မိမိကိုယ်ပိုင်ထုပ်ပိုးမှုပစ္စည်း များယူဆောင်လာပါက ကျပ် ၂ဝဝ လျှော့ချရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။