images
UN
UN
ကျွန်းစု၌အသက်ခြောက်လမှအသက်ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေး
စည်သူရအောင်(ကျွန်းစု) Saturday, 10 August 2019
တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် ကျွန်းစုမြို့နယ်တွင်မြို့နယ် ကျန်းမာရေးဦးစီးဌာနကအသက် ခြောက်လမှအသက်ငါးနှစ်အောက် ကလေးငယ်များကိုဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉နာရီက ကျွန်းစု မြို့နယ်အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဆေးတိုက်ကျွေးရာတွင် မြို့ နယ်ကျန်းမာရေးဦးစီးဌာန ဆရာမ ဒေါ်မျိုးမျိုးလှိုင်(ကျန်းမာရေး-၂)နှင့် သူနာပြုဆရာမတို့က အမှတ်(၃) ရပ်ကွက်အတွင်းရှိအသက်ခြောက် လမှငါးနှစ်အောက်ကလေးငယ်၃၂ ဦးအားဗီတာမင်အေနှင့်သန်ချဆေး များ တိုက်ကျွေးခဲ့ပြီး အခြားကျန်း မာရေးဆိုင်ရာစစ်ဆေးမှုများ ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။
ဗီတာမင်ချို့တဲ့လျှင် ကလေး များအတွက် ကျန်းမာရေးဆိုးကျိုး များရှိကြောင်း အစားအစာမှဗီတာ မင်အေအလုံအလောက်မရရှိပါက ဗီတာမင်အေချို့တဲ့နိုင်ကြောင်း၊ ဗီ တာမင်အေဓာတ်များများပါသည့် အစားအစာများစားရန် ကျွေးရန် လိုအပ်ကြောင်း၊ အင်အားဖြည့်ဗီ တာမင်အေ ဆေးလုံးများသောက် ရန်၊ တိုက်ကျွေးရန်လိုအပ်ကြောင်း နှင့်ထိုသို့တိုက်ကျွေးခြင်းကြောင့် ကလေးများအတွက် ပုံမှန်ကြီး ထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်း ခြင်း၊မျက်စိကျန်းမာရေးနှင့် အမြင် အာရုံကောင်းမွန်ရေးအတွက်အရေး ကြီးသော အာဟာရဗီတာမင် တစ်မျိုးဖြစ်ကြောင်း သိရသည်။