images
UN
UN
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အင်ဂျင်စက်ပြင်သင်တန်းဖွင့်
လှမျိုးအောင် Saturday, 10 August 2019
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှ ကြီးမှူးဖွင့်လှစ်ခဲ့သော အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အင်ဂျင်စက်ပြင်သင်တန်းကို ယမန် နေ့က လှည်းကူးမြို့နယ် ဖောင်ကြီး အရှေ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းဖွင့်ပွဲတွင်လှည်း ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူးဦးလှမျိုးအောင် က အဖွင့်အမှာစကားပြောကြား ပြီး သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါသင်တန်းကို ယခုလ ၇ရက်မှ ၂၁ရက်အထိ ၁၅ ရက် ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းသို့ ကျေးရွာ လေးရွာမှ သင်တန်းသား ၃၂ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။