images
UN
UN
မွေးနေ့မှာပရိသတ်များကို ကျွေးမွေးလှူဒါန်းခဲ့တဲ့ ဖွေးဖွေး
အလင်း Saturday, 10 August 2019
ပရိသတ်အချစ်တော် သရုပ်ဆောင်ဖွေးဖွေးအနေဖြင့် သြဂုတ် ၉ရက်နံနက်ပိုင်းကသူမ၏မွေးနေ့၌ အလှူအတန်းတစ်ခုကို ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း၌ ပရိသတ်များအား ဘဲဥ၊ ပဲကုလား ဟင်းဖြင့် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
''ဖွေးရဲ့မွေးနေ့မှာ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ဝန်းရံပြီးနေရတာ အရမ်းပျော်တယ်။ဖွေးရဲ့မွေး နေ့မှာဖွေးအရမ်းကြိုက်တဲ့ဘဲဥပဲကုလား ဟင်းကိုကျွေးဖြစ်တာ။ ဖွေး Facebook ပေါ်တင်လိုက်တော့အကုန် လုံးက စားချင်တယ်ဆိုလို့ကျွေးဖြစ်တာပါ။ ဖွေးကပါးစပ်နဲ့ပဲချက် တာ။ အဖေနဲ့ အမေက ဖွေးကိုချက်ပေးတာ ပရိသတ်တွေကလည်း ဖွေးကိုကူညီပေးကြတယ်။ မွေးနေ့အမှတ်တရအနေနဲ့အမေကပတ္တမြား လက်ကောက်လက်ဆောင်ပေးတယ်။ နောက်ပြီးဖွေးကမွေးနေ့လည်း မလုပ်ဖြစ်ဘူး။ အခုလာတဲ့ ပရိသတ်အကုန်လုံးကလည်း ဖွေးကို ချစ်လို့လာကြတာ။ ဖွေးကမွေးနေ့ဆိုလည်းမဖိတ်ဖြစ်ဘူး။ ခုလို ပရိသတ်ကချစ်ပြီးလာတဲ့ ခံစားချက်လေးကိုလိုချင်လို့ ခုလိုဘယ် သူ့ကိုမှသိပ်အသိမပေးဘဲလုပ်ဖြစ်တာပါ''ဟုပြောပြခဲ့သည်။