images
UN
UN
မြောက်ကိုရီးယားနှင့်အမေရိကန်ခေါင်းဆောင်များ ထပ်မံတွေ့ဆုံဖွယ်ရှိ
Saturday, 10 August 2019
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့် တို့သည် မြောက်ကိုရီးယားပိုင်ဆိုင်ထား သော နျူကလီးယားလက်နက်များ ဖျက် သိမ်းရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေး ဖွယ်ရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ကင်မ်ဂျုံအန်နှင့်ဒေါ်နယ်ထရန့်တို့သည် စင်ကာပူ၊ ဗီယက်နမ်နှင့်တောင်/မြောက် ကိုရီးယားနယ်စပ်များတွင် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။ ကင်မ်ဂျုံအန်ထံမှ ပေးပို့လာသောစာတစ်စောင်အား ဖတ်ရှုခဲ့ ပြီးနောက်တွင် ဒေါ်နယ်ထရန့်က အပေါင်း လက္ခဏာဆောင်သည့်အကြောင်းအရာများ ထည့်သွင်းရေးသားထားသောစာဖြစ်ကာ တွေ့ဆုံဆွေးနွေးမှု ထပ်မံပြုလုပ်ဖွယ်ရှိနေ ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော် ၏ ပြောရေးဆိုခွင့်ရှိသူက လာမည့်လ အတွင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် နီးစပ် နေကြောင်း ပြောသည်။
NG(Ref; Reuters)