images
UN
UN
အိန္ဒိယနှင့်ကုန်သွယ်မှုပြုလုပ်ခြင်းကို လျှော့ချရန် ပါကစ္စတန်အစိုးရဆုံးဖြတ်
အိန္ဒိယနှင့်ကုန်သွယ်မှုပြုလုပ်ခြင်းကို လျှော့ချရန် ပ Saturday, 10 August 2019
ပါကစ္စတန်အစိုးရသည် အိန္ဒိယနှင့် ကုန်သွယ်မှုပြုလုပ်ခြင်းများကို လျှော့ချမည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အိန္ဒိယ အစိုးရက ကက်ရှ်မီးယားဒေသတွင် လုံခြုံရေးတင်းကျပ်မှုများ ပိုမိုပြုလုပ်လာသည့် အပြင် အဆိုပါဒေသအတွင်း၌ နေထိုင်သော လူအများစုဖြစ်သည့် မွတ်စလင်များကိုပါ ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်လာခြင်းကြောင့် အိန္ဒိယနှင့်ပါကစ္စတန်ကြားတွင် ဆက် ဆံရေးတင်းမားမှုများ တိုးပွားလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယဘက်မှ ကက်ရှ်မီးယားဒေသ အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့် ပေးအပ်ထားခြင်းကို လျှော့ချခဲ့ပြီးနောက်တွင် ပါကစ္စတန်ကလည်း ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အား နိုင်ငံအတွင်းမှ ထွက်ခွာစေကာ သံတမန်အဆင့်လျှော့ချမှုပြုလုပ်ခဲ့သည်။ ကုန်သွယ်မှုအဆင့်လျှော့ချမှု ပါ ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် အိန္ဒိယနှင့်ပါကစ္စတန်ကြားတွင် စစ်ဖြစ်နိုင်သည့်လားရာ အထိ ရောက်ရှိသွားနိုင်သည်ဆိုသော သုံးသပ်မှုများလည်း ပေါ်ထွက်လျက်ရှိသည်။
NG(Ref; Reuters)