အိန္ဒိယတွင် ဖြစ်ပွားနေသော ရေဘေးဒဏ်ကြောင့် သေဆုံးသူ ရာဂဏန်းနီးပါးရှိလာ
Saturday, 10 August 2019
အိန္ဒိယနိုင်ငံအတွင်း၌ ဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ကြောင့် သေဆုံးသူ ရာဂဏန်းနီးပါးရှိလာကြောင်း အိန္ဒိယတိုင်းမ်သတင်းဌာနက ဖော်ပြသည်။
လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံအတွင်းရှိ ကာနာတာကာပြည်နယ်၊ ကာရယ်လာပြည်နယ်နှင့် မဟာရာရှာထရာပြည်နယ်များတွင် ဆိုးရွား သည့်ရေဘေးဒဏ်နှင့်ရင်ဆိုင်ရလျက်ရှိသည်။ မုတ်သုံမိုးရွာသွန်းမှုမြင့် မားခြင်းကြောင့် ရေဘေးဒဏ်နှင့်ကြုံတွေ့နေခြင်းဖြစ်ကာ မြေပြိုမှုများ ပါ ဖြစ်ပေါ်ခဲ့၍ သေဆုံးသူရာဂဏန်းနီးပါးခန့် ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်၌ အိန္ဒိယနိုင်ငံအတွင်းရှိ နေရာရာခိုင်နှုန်း ၇ဝခန့်တွင် မုတ်သုံမိုး ရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် မြစ်ချောင်းများတွင် စိုးရိမ် ရေမှတ်အထက်သို့ ရောက်ရှိလျက်ရှိ၍ ရေဘေးဒဏ်ကြုံတွေ့နေသည့် ဒေသများတွင် အချိန်တိုအတွင်း ပုံမှန်အနေအထားသို့ ရောက်ရှိရန် လွယ်ကူဖွယ်မရှိပေ။ ကာရယ်လာပြည်နယ်အတွင်း၌ ဖြစ်ပေါ်လျက်ရှိ သော ရေဘေးဒဏ်ကြောင့် နေအိမ်များကို စွန့်ခွာကာ ဘေးလွှတ်ရာသို့ ရှောင်တိမ်းခဲ့ရသူဦးရေမှာ တစ်သိန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၂ဦးအထိ ရှိခဲ့သည်။
NG(Ref; Times of India)