images
UN
UN
ရုံတင်ပြီးနှစ်ပတ်အတွင်း လက်မှတ်ရှစ်သန်းကျော်ရောင်းထွက်ခဲ့တဲ့ Parasite မြန်မာနိုင်ငံမှာပြသ
ဒဂုံဝေလင်း Sunday, 11 August 2019

CJ Entertainment ကထုတ် လုပ်ပြီး ၂ဝ၁၉ ကိန်းရုပ်ရှင်ပွဲတော် မှာဝင်ပြိုင်ခဲ့တဲ့ Director "Bong Joon-Ho ရဲ့ ပထမဆုံး International Cannes Awards (အမြင့်ဆုံးဆု Palme d'Or) ဆုရရှိ ထားတဲ့ Parasite ကိုရီးယား ရုပ်ရှင်ဇာတ်ကား Sneak Show ကို သြဂုတ် ၉ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Junction City က JCGV မှာ ပြသခဲ့ပါတယ်။ ဇာတ် ကားထဲမှာတော့ ကိုရီးယားနိုင်ငံရဲ့ လူနေမှုဘဝတွေ အကြောင်းကိုမြင် တွေ့ရမှာဖြစ်ပြီး Parasite ဇာတ် ကားဟာ ရုံတင်ပြီးနှစ်ပတ်အတွင်း လက်မှတ်စောင် ရေရှစ်သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။
Song Kang Ho, Lee Sun Kwun, Cho Yeo Hong,Choi Woo Shik နဲ့ Park So Dam တို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ အဆိုပါဇာတ်ကားကို သြဂုတ် ၉ ရက်မှစတင်ပြီး အဆင့် မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမည် ဟု သိရပါတယ်။