images
UN
UN
ပရဟိတလုပ်ငန်းတွေလုပ်ချင်လို့ Miss ပြိုင်ပွဲကိုဝင်ပြိုင်တာပါဆိုတဲ့ နန်းစိမ့်စိမ့်ဖွေး
သွန်းလေး Sunday, 11 August 2019

ပရဟိတလုပ်ငန်းတွေကို လုပ်ချင်တဲ့အတွက် Miss ပြိုင်ပွဲတွေ ကိုဝင်ရောက်ယှဉ်ပြိုင်တာပါလို့ Miss နန်းစိမ့်စိမ့်ဖွေးကပြောပါတယ်။
Miss Earth Myanmar 2019 ပြိုင်ပွဲမှာပထမဆုံးအတွေ့အ ကြုံအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ်နန်းစိမ့်စိမ့်ဖွေးကတော့ လက်ရှိမှာလည်း ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက်လုပ် ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
''လားရှိုးမြို့ကိုယ်စား ပြုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်တာပါ ညီမ ဒီ Miss ပွဲကို Miss တစ်ယောက်ဖြစ်ချင်လို့၊ ပြီးတော့ကမ္ဘာမြေမှာ ပရဟိတ လုပ်ငန်းတွေလုပ်ချင်လို့ပါကြိုတင်ပြင်ဆင်မှုတွေလုပ်ထား တယ်''ဟု နန်းစိမ့်စိမ့်ဖွေးက ပြောပါတယ်။
တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ သူမအနေနဲ့စကားပြောတဲ့နေရာ မှာ စကားမပီတဲ့အတွက် အနည်းငယ်အခက်အခဲရှိပြီးဘာသာစကား အနေနဲ့ရှမ်းစကား၊တရုတ်စကားနဲ့ အင်္ဂလိပ်စကားတွေကိုကျွမ်းကျင် စွာပြောဆိုတတ်တယ်လို့ပြောပါတယ်။
Miss တစ်ယောက်မှာရှိသင့်တဲ့အလှအပရေးရာနဲ့ပတ်သက်ရင် လည်း အွန်လိုင်းကလေ့လာမှုတွေကို အများကြီးလုပ်ထားတယ်လို့ လည်းပြောပြသွားခဲ့ပါတယ်။