images
UN
UN
ကရုဏာတွဲလက်များ ခိုင်မြဲပြန့်ပွားတိုးတက်ပါစေ
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) Sunday, 11 August 2019

မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများတွင် ပရဟိတအသင်းအဖွဲ့များနှင့် နာရေး ကူညီမှုအသင်းများ တစ်နေ့တခြား တိုးပွားများပြားလာကြရာ အားရဝမ်းသာ နှင့် မုဒိတာ ပွားနေကြရပါသည်။
သွေးအရေးပေါ်လိုအပ်သော ရောဂါ ဝေဒနာရှင်များနှင့် သွေးလွန်တုပ်ကွေး ရာသီမျိုးတွင် သွေးလှူရှင်များအသင်း များ၏ပံ့ပိုးကူညီမှုသည် အလွန်ထိရောက် လှပါပေသည်။ လေဘေးနှင့် ရေဘေး သင့်သူများကို ပံ့ပိုးကူညီလှူဒါန်းနေကြ သော ပရဟိတ အသင်းများကိုလည်း ကျေးဇူးတင်နေကြရပါသည်။
အထူးသဖြင့် ရာသီမရွေး၊ နေ့ည မရွေး၊ နေရာမရွေး ကူညီနေကြသော အသင်းများမှာ 'နာရေးကူညီမှုအသင်း များ'ပင် ဖြစ်ကြပါသည်။ နာရေးကူညီမှု အသင်းများသည် ဝမ်းနည်းကြေကွဲသူ များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ နေကြရင်းက အပူမီးသောကမီးကို လျော့ နည်းစေအောင် စွမ်းဆောင်ပေးနေကြ သော စွမ်းဆောင်ရှင်များဖြစ်ကြပါသည်။
နာရေးကူညီမှုအသင်းများ၏ အကျိုး ကျေးဇူးအထူးထူးကို မုဒိတာပွားနေရင်း က အိန္ဒိယနိုင်ငံမှ နာရေးဒုက္ခသည်များ၏ ရင်နင့်စရာဖြစ်ရပ်ကို ပြန်လည် သတိရ သွားခဲ့ပါသည်။
၁၅-၁-၂ဝ၁၅ ရက်နေ့က ထုတ်ဝေ ခဲ့သော 'မဇ္ဈိမနေ့စဉ်သတင်းစာ' နိုင်ငံ တကာသတင်းကဏ္ဍမှာ အေအက်ဖ်ပီ၏ သတင်းကို ဘာသာပြန်ပြီး ဖော်ပြထား သည့် သတင်းဖြစ်သည်။ ထိုသတင်းထဲ ၌ 'အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ရဲ့ မြစ်လက် တက်တစ်ခုတွင် ဇန်နဝါရီလ ၁၄ ရက်နေ့ က ရုပ်အလောင်း၈ဝခန့် မျောပါလာသည် ကို တွေ့ရှိခဲ့သောကြောင့် နိုင်ငံမှာ သန်း ပေါင်းများစွာသော ဟိန္ဒူတို့ သေဆုံးသူ တွေကို မီးသဂြုင်္ိဟ်မှုတွေ လုပ်ဆောင်နေ ကြသည့် ဒေသရှိ အသက်သွေးကြော မြစ်ရဲ့ သန့်ရှင်းမှုအပေါ် စိုးရိမ်ပူပန်မှု မြင့်တက်လာကြောင်း၊ နိုင်ငံမြောက်ပိုင်း၊ ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ မီးသဂြုင်္ိဟ် သော ဧရိယာအနီး ဂင်္ဂါမြစ်၏ မြစ်လက် တက်တစ်ခုအတွင်းမှာ ထိုအလောင်း ၈ဝ ကို တွေ့ခဲ့ကြကြောင်း၊ နိုင်ငံအတွင်းမှာ မီးသဂြုင်္ိဟ်စရိတ်မတတ်နိုင်တဲ့ ဆင်းရဲနွမ်း ပါးသူတွေက မြစ်အတွင်း အလောင်း တွေကို မျှောချခဲ့တာဖြစ်နိုင်ကြောင်း၊ ရုပ်သံပြကွက်တွေထဲမှာ ရေစီးအတိုင်း မျောပါလာခဲ့ကြသော ပုပ်ပွနေကြတဲ့ အလောင်းတွေကို ခွေးတွေ၊ ငှက်တွေက စားသောက်နေကြပုံကို တွေ့မြင်နေကြရ ကြောင်း၊ လက်ရှိ မြင်တွေ့နေကြရတာက ရုပ်အလောင်း ၈ဝ ခန့်သာဖြစ်ပေမယ့် ဒီထက်မက များပြားနိုင်ကြောင်း၊ အခု အချိန်က ရေကျချိန်မို့ အလောင်းတွေ ပေါ်လာကြောင်း၊ အလောင်း ၁ဝဝ ဝန်းကျင်အထိရှိလာနိုင်ကြောင်း' ဖော်ပြ ထားပါသည်။
ဥတာပရာဒေ့ရှ်ပြည်နယ်၏ လူဦး ရေမှာ သန်း ၁၁ဝ ကျော်ရှိရာ မြန်မာ နိုင်ငံ၏ လူဦးရေထက် နှစ်ဆကျော် များပြားနေပါသည်။ အိန္ဒိယနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အများဆုံး ပြည်နယ် လည်း ဖြစ်ပါသည်။ မြတ်ဗုဒ္ဓတန်ခိုး ကြောင့် ဂယာလေဆိပ် ဖြစ်ပေါ်လာပြီး ဗုဒ္ဓဘာသာဝင်တွေရှိသော နိုင်ငံတိုင်းက လာရောက်ဖူးမြော် လေ့လာနေကြခြင်း ကြောင့်သာ ဂယာသည် စည်ကားနေခြင်း ဖြစ်သည်။ လူနေမှုစရိုက်နှင့် ဆင်းရဲမွဲတေ မှုကိုတော့ စာဖွဲ့လျှင် ကုန်နိုင်ဖွယ်မရှိပေ။ ကျေးရွာတွေမှာ အိမ်သာမရှိကြတော့ ဘုရားဖူးအဖွဲ့များသည် လမ်းမှာကားရပ် ပြီး အပေါ့အပါးသွားချင်ကြတာတောင် ချီး (ချေးပုံ)တွေကိုြေ>ွမသိုင်းလို သိုင်း ကွက်နင်း ရှောင်ကွင်းခဲ့ကြရပါသည်။ ကျေးရွာတွေမှာ အိမ်သာမရှိကြတော့ နီးစပ်ရာချုံပုတ်တွေကို အကာအကွယ် ယူပြီး ကျင်ကြီးကျင်ငယ်စွန့်ရန် သွားလာ ကြရင်းက မိန်းကလေးအချို့ အဓမ္မကျင့်၊ သတ်ဖြတ်ခံခဲ့ကြရပါသည်။ ယခုမှ အိမ် တိုင်း အိမ်သာဆောက်ကြဖို့ လှုံ့ဆော်နေ ကြပါသည်။ လူနေမှုဆင်းရဲ ကျပ်တည်း နေကြသလို ကျန်းမာရေး အသိပညာ လည်း အားနည်းနေကြပါသေးသည်။
အိန္ဒိယနိုင်ငံရှိ နယူးဒေလီ၊ ဘုံဘေ၊ ကိုးလ်ကတ္တား၊ မွန်ဘိုင်းမြို့များကတော့ မြန်မာနိုင်ငံထက်များစွာ သာလွန်လှပါ သည်။ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်နေ ပြီး ကွန်ပျူတာပညာရပ်တွေကိုတောင် အခြားနိုင်ငံများက သွားရောက်လေ့လာ သင်ကြားနေကြရပါသည်။ ယခု လူနေမှု ခေတ်နောက်ကျနေတာက ဥတာပရာ ဒေ့ရှ်ပြည်နယ်ပါ။ ထိုပြည်နယ်မှာ အိမ် တိုင်းအိမ်သာဆောက်လုပ်ထားရှိကြဖို့ လှုံ့ ဆော်နေကြရပါသည်။ မြန်မာနိုင်ငံက အိမ်သာရိုးရိုးမဟုတ်ဘဲ ရေလောင်းအိမ် သာထားရှိကြဖို့ လှုံ့ဆော်ပညာပေးနေကြ ပါသည်။ မြန်မာနိုင်ငံထက် ပိုမိုတိုးတက် နေသော ထိုင်းနိုင်ငံမှာတော့ ရေလောင်း အိမ်သာအဆင့်ထက်ကျော် သွားပါပြီ။ 'ခေတ်မီသူတိုင်း ဘိုထိုင်အိမ်သာဆောက် လုပ်ကြဖို့'' လှုံ့ဆော်ပညာပေးနေကြပါ သည်။ အသက်(၄ဝ)ပြည့်ပြီးသူ ကျားမ များသည် အသက်အရွယ်နှင့် ခန္ဓာကိုယ် အနေအထားအရ ဒူးဆစ်တွေနာကျင်မှု ဒုက္ခ၊ ဒူးဝေဒနာကင်းဝေးစေရေးအတွက် 'ဘိုထိုင်အိမ်သာ'တွေ ထားရှိကြရမည် ဟု ကျန်းမာရေးရှုထောင့်အမြင်ဖြင့် ခေတ် မီအောင် လုပ်ဆောင်နေကြပါပြီ။


အိန္ဒိယနိုင်ငံ၏ ဆင်းရဲလှသော ဥတာပရာဒေ့ရှ်ပြည်နယ်သည် ဆင်းရဲ ကျပ်တည်းအသိပညာနည်းသဖြင့် အိမ် သာတွေမရှိကြသလို လူသေအလောင်း တွေကို ရေထဲမျှောတာကတော့ တော် တော် ဆိုးရွားချို့တဲ့ နွမ်းပါးလွန်းသော အခြေအနေ ရောက်နေကြ၍သာ ထိုသို့ ဖြစ်ရတာလို့ ယူဆရတော့မှာပါ။ မြန်မာ နိုင်ငံမှာ 'နာရေးကူညီမှုအသင်းတွေ' များပြားလာသည်ကို ဂုဏ်ပြုချီးကျူးကြ သင့်ပါသည်။ အလေးထားအားပေး အသိ အမှတ် ပြုကြရပေလိမ့်မည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသော ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင် ထားနေကြသော ဗုဒ္ဓဘာသာဝင် အများ ဆုံးရှိသည့် မြန်မာနိုင်ငံမှာမို့ ယခုလို 'နာရေးကူညီမှုအသင်းတွေ' ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။
ရန်ကုန်တွင်ရှိသော နာရေးကူညီမှု အသင်းတစ်သင်းသည် တရိပ်ရိပ် တိုး တက်လာသည့်အပြင် တစ်နိုင်ငံလုံးမှာ စံပြနာရေး ကူညီမှုအသင်းကြီးအဖြစ် ရပ်တည်နေနိုင်ခဲ့ပါသည်။ ထို့ပြင် ကွယ် လွန်သွားခဲ့သော ဆရာကြီး ဦးသုခကို လေးစားဂုဏ်ပြု အမွှမ်းတင်သည့်အနေ ဖြင့် 'သုခကုသိုလ်ဖြစ်ဆေးခန်း'ကိုလည်း ဖွင့်လှစ်ကုသိုလ်ပြုနေကြပါသေးသည်။ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး မျက်စိ၊ အရိုးအကြော၊ ကလေးအထူးကု၊ သားဖွားမီးယပ်၊ နား၊ နှာခေါင်း၊ လည် ချောင်းခွဲစိတ်အထူးကု၊ အရေပြားရောဂါ၊ သွားရောဂါနှင့် အထွေထွေရောဂါတွေ ကုသကြလိုပါက အကူအညီတောင်းခံ လာကြလျှင် ကုသပေးနေကြပါသည်။ 'ဗြဟ္မစိုရ်နှလုံးသားနှင့်ခရီးသွား၍ ပေး ဆပ်နေသူများ'ဟူသော ဆောင်ပုဒ်ကိုပင် ထုတ်ထားပါသည်။ အနယ်နယ်အရပ်ရပ် နှင့် ရန်ကုန်ထဲက ဆေးကုသဖို့လာကြသူ တွေ တော်တော်များပြားလှပါသည်။
တချို့ရွာတွေမှာလည်း နာရေးကူညီ မှုအသင်းများကို တစ်နိုင်တစ်မဖွဲ့စည်း ထားကြပါသည်။ ရွာသင်္ချိုင်းတွေထဲမှာ နိဗ္ဗာန်ယာဉ်တွေ၊ မီးသဂြုင်္ိဟ်စက်တွေ ထားရှိနေကြပါပြီ။ တကယ်တွေးကြည့် လျှင် နာရေးရှင်တိုင်းသည် အပူသည် များ ဖြစ်ကြပါသည်။ ချမ်းသာသူလည်း ပူဆွေးငိြုေ<ွကးကြရသည်။ ဆင်းရဲသူ လည်း ပူဆွေးငိြုေ<ွကးကြရသည်။ ပုထု ဇဉ်လူသားတွေမို့ တရားမရကြသေးတော့ သွေးသားထဲက ဆုံးပါးသွားကြလျှင် 'ကိသာဂေါတမီနှင့်ပဋာစာရီ'တို့လောက် ရူးသွပ်မတတ် ငိြုေ<ွကးတမ်းတမှု မရှိကြ သော်လည်း အတိုင်းအတာတစ်ရပ်အနေ နှင့် ပူဆွေးငိြုေ<ွကးကြရစမြဲပါ။ ပိုဆိုးတာ က တချို့ဆင်းရဲနွမ်းပါးကျပ်တည်းကြ သူများသည် လူကသေ၊ြေ<ွကးကပတ် လည်ဝိုင်း အသုဘမြေချဖို့ကလည်း မရှိ ကြတော့ တစ်ပူပေါ် နှစ်ပူဆင့် အပူတွေ ဝိုင်းနေကြပါသည်။ အရပ်ကောင်းမှ အလောင်းလှရသည့် ဘဝတွေပါ။ ထို အပူသည်တွေ၏ မျက်ရည်ကို ကရုဏာ နှင့်ဆေးကြောဖယ်ရှား၊ စွန့်လွှတ်စွန့်စား နေကြသူများမှာ 'နာရေးကူညီမှုအသင်း က အမှုဆောင်များ'ပင် ဖြစ်ကြပါသည်။
နာရေးကူညီမှုအသင်းတစ်သင်း၏ ဂုဏ်သတင်းကို ဖတ်ရှုမှတ်သားခဲ့ရပါ သည်။ ရပ်ကွက်တစ်ရပ်ကွက်ထဲမှာ အဘိုးကြီးဇနီးမောင်နှံနှစ်ယောက်ရှိသည့် အထဲက အဘိုးကြီးသေဆုံးသွားတော့ အဘွားကြီးက ဘယ်သူ့ကိုမျှ အသိမပေး ခဲ့ပေ။ ကျိတ်ပြီးငိုရှိုက်နေခဲ့သည်။ သား သမီးကလည်း တစ်ယောက်မျှမရှိ။ ဆွေ မျိုးသားချင်းလည်း ရှိကြပုံမပေါ်ပေ။ဘာသိဘာသာ နေထိုင်နေကြရင်းက အပုပ်နံ့ထွက်လာတော့မှ ဘေးအိမ်တွေ ရိပ်စားမိပြီး တစ်ရပ်ကွက်လုံးသိသွားခဲ့ ကြသည်။ ဒီတော့မှ ရပ်မိရပ်ဖတွေက ရပ်ကွက်ထဲမှာ သဒ္ဓါကြေးစုဆောင်းပြီး အသုဘကို ချပေးခဲ့ကြသည့်အပြင် ရက် လည်ဆွမ်းကိုလည်း ဆက်ကပ်လှူဒါန်း ပေးခဲ့ကြသည်။ ခိုကိုးရာမဲ့အဘွားကြီးကို လူမှုဝန်ထမ်းဌာနနှင့်ဆက်သွယ်ပြီး ဘိုး ဘွားရိပ်သာကို ပို့ပေးခဲ့ကြသည်။ ထိုဖြစ် ရပ်သင်ခန်းစာကို အခြေခံပြီး ရပ်ကွက် နာရေးကူညီမှုအသင်းဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ယခု တိုးတက်နေပြီဖြစ်ကြောင်း သိရပါ သည်။
သို့သော် တချို့နေရာဒေသတွေမှာ ရှေးအယူသီး၊အယူစွဲကြီးတွေက ရှိနေကြ ဆဲပါ။ ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်း အဆင်ပြေနေကြသော ဇနီးမောင်နှံသည် သူတို့ဇာတိကျေးရွာကို ကျေးဇူးဆပ်ချင် ကြသည့် စေတနာမေတ္တာနှင့်အမှတ်တရ အလှူဒါနပြုလုပ်ချင်ကြောင်း၊ ရပ်မိရပ် ဖများနှင့်ရွာဦးဘုန်းတော်ကြီးဆရာတော် ကို လျှောက်ထားပြောကြားခဲ့ရာ ခေတ် မီသောရွာဦးဆရာတော်က ကျေးရွာ အဆင့်ဂုဏ်တင့်အောင် နာရေးရှင်တွေ အတွက် သတ္တုခေါင်းတစ်ခေါင်းအပြင် အသုဘလှည်း အသစ်တစ်စီးကိုလည်း လှူဒါန်းရန် ပြောကြားချက်အရ ငွေကျပ် ကိုးသိန်းခန့်အကုန်အကျခံပြီး လှူဒါန်းခဲ့ ပါသည်။ မကြာခင်မှာ ရွာထဲက အဘွား ကြီးတစ်ယောက် လူအိုနာရောဂါ ဝေဒနာ ကြောင့် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ ပါသည်။ ဘုန်းတော်ကြီးကျောင်းမှာ ရှိသော သတ္တုခေါင်းအသစ်၊ အသုဘ လှည်းအသစ်နှင့် အသုဘ ချပေးခဲ့ကြပါ သည်။ ထိုသို့ကူညီသည်ကို တချို့က အပြစ် ပြောကြပါသည်။ ခေါင်းသစ်၊ အသုဘလှည်းသစ်ကြောင့် ရွာကိုခိုက် ကြောင်း၊ ထိုကြောင့် ထိုခေါင်းသစ်၊ လှည်းသစ်ကို ရွာဦးဘုန်းတော်ကြီး ကျောင်းထဲမှာမထားဘဲ သင်္ချိုင်းကုန်းထဲ ရွှေ့ထားပါဟု တောင်းဆိုခဲ့ကြသည်။ ရွာဦးဆရာတော်က တရားပြ နားချသော် လည်း မရပေ။ ရွာသူရွာသားများ၏ အားကို ရွာဦးဆရာတော်ကလည်း မလွန် ဆန်နိုင်တော့ဘဲ သတ္တုခေါင်းနှင့် အသုဘ လှည်းကို ရွာပြင်သင်္ချိုင်းထဲရွှေ့ထားခဲ့ရ ပါသည်။ အလှူရှင်က နာရေးဇရပ် ဆောက်ပေးချင်တာတောင် နောက်တွန့် သွားခဲ့ရပါ ''နောက်...နယ်မြို့တစ်မြို့မှာ နာ ရေးကူညီမှုအသင်းရုံး ဆောက်လုပ်ပြီး နိဗ္ဗာန်ယာဉ်ထားဖို့ မြို့အဝင် ရပ်ကွက် တစ်ကွက်ဘေး လမ်းဘေးကို နေရာ ရွေးချယ်ခဲ့ကြသည်။ ပန္နက်ရိုက်၊ အုတ် မြစ်ချနေတုန်းမှာပဲ ရပ်ကွက်သူ ရပ်ကွက် သားတွေက ကန့်ကွက်စာတင်ကြသည်။ ပစ်စာလို့လည်း ပြောကြသည်။ မြို့ခံ ဆရာတော်ကြီးတွေနှင့် မြို့မိ မြို့ဖတွေ နာရေးကူညီမှုအသင်းအမှုဆောင်၊ လူကြီး လူငယ်တွေက ထိုရပ်ကွက်က တာဝန်ရှိ သူတွေနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ နားလည်မှုလွဲပြီး မပြေမလည် ဖြစ်လာ ခဲ့ကြသည်။ နာရေးကူညီမှုအသင်းက အမှုဆောင်တွေက စိတ်ဓာတ်ကျကုန် ကြပြီး သူတို့ ဆက်မလုပ်ကြတော့ဘူး။ နာရေးကူညီမှုအသင်းကိုလည်း ဖျက်သိမ်း တယ်လို့ ကြေညာလိုက်ကြသည်။ ထို အချိန်မှာ ရပ်ကွက်တစ်ကွက်က နာရေး ပေါ်လာခဲ့သည်။ နာရေးကူညီမှုအသင်း ဖျက်သိမ်းလိုက်ပြီဆိုတော့ မြို့နယ်ထဲက နာရေးကူညီမှုအသင်းဝင်အမျိုးသမီးတွေက အသုဘကို ထမ်းချမယ်လုပ်ကြသဖြင့် ဆရာတော်ကြီးတွေကဝင်ပြီး တားဆီး မေတ္တာရပ်ခံခဲ့ရသည်။ယခုတော့ အားလုံး အဆင်ပြေသွားကြပြီလို့ကြားသိရပါသည်။အချို့က နာရေးကူညီမှုအသင်းရုံးကို မြို့ထဲတစ်နေရာရာမှာဖွင့်ထားပြီး နိဗ္ဗာန် ယာဉ်ကို သုသာန်ထဲမှာပဲထားရင် မဖြစ် ဘူးလားလို့ မေးကြည့်တော့ မဖြစ်ဘူးတဲ့။ ညဘက်မှာနာရေးပေါ်ရင် ယာဉ်တိုက်မှု ဖြစ်ပွားရင် နာရေးကူညီမှုအသင်းကို အကူအညီတောင်းခံကြတယ်တဲ့။ ကားကို သုသာန်ထဲမှာထားရင် ညဘက်မှာ ကား သွားယူဖို့ခက်ခဲတယ်တဲ့။ နိဗ္ဗာန်ယာဉ်ကို လူတိုင်းမောင်းချင်ကြတာမဟုတ်ဘူးတဲ့။ နိဗ္ဗာန်ယာဉ်မောင်းသူဆိုလျှင် ကားအုံနာ ကားပိုင်ရှင်တွေက သူတို့ကားကို ပေး မမောင်းချင်ကြတော့ဘူးတဲ့။ ကားမောင်း ရမှ ထမင်းစားနေကြရတဲ့ ရိုးရိုးသားသား ယာဉ်မောင်းတွေဟာစေတနာ၊ ကရုဏာ အရ နိဗ္ဗာန်ယာဉ်ကိုကူညီပြီးမောင်းပေး ချင်ကြပေမယ့် ကားပိုင်ရှင်တွေကအလုပ် မပေးရင် ထမင်းငတ်မှာကြောက်ပြီး မိသားစုစားဝတ်နေရေးထိခိုက်မှာစိုးလို့ ဝေးဝေးကပဲရှောင်နေကြပြီတဲ့။ ဒါကြောင့် တချို့တွေကလည်း ''နာရေးကူညီမှု အသင်း'' လို့ နာမည်မတပ်ကြတော့ဘဲ ''မေတ္တာရှင် ကရုဏာရှင် လူမှုရေး အသင်း''လို့နာမည်ပြောင်းလာကြပါသည်။
နိဗ္ဗာန်ယာဉ်မောင်းကိုပါ သုဘရာဇာ စာရင်းသွင်းပြီး လူရာမဝင်အောင်ပိတ်ဆို့ တားဆီးချင်ကြသူတွေရှိနေပါသည်။ ''မသာတစ်ခေါက်၊ ကျောင်းဆယ် ခေါက်''ဆိုသည့် ''မရဏနုဿတိကမ္မ ဋ္ဌာန်းစီးဖြန်းမှု''ကို မသိကြ၍သာ အယူ သီးနေကြခြင်းဖြစ်ပါသည်။
''တစ်နေကွယ် သေနယ်သို့တစ်ခါ ကူး၊ မေ့လျော့ကာ၊ မသေဘူးရယ်လို့၊ မထင်လိုက်ပါနဲ့၊ နေကွယ်တာ အကြိမ် များရင်၊ သေနယ်ကို၊ တစ်ခါသွားရမယ်၊ တားမရဘူး''ဆိုသော အသုဘရှုဓမ္မ သံဝေဂ လင်္ကာလေးကို ထိုလူတွေကို ပေးပြီး နေ့စဉ် ရွတ်ဆိုစေချင်ပါသည်။ မရဏာနုဿတိ၊ အသိ သတိရှိကြစေဖို့ အတွက် ''လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌၊ မျိုးစုံကကြ၊ မာန်မာနနှင့်၊ ငါကရာဇာ၊ ငါကသူဌေး၊ ငါပဂေးဟု၊ ငါသွေး တက်ြ<ွက၊ ယစ်မူးကြကာ၊ တဏှာဘီလူး၊ အမှောင့်ပူးသော်၊ ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖော်၍၊ မော်မော်မောက်မောက်၊ ငါတစ်ယောက်သာ၊ မိုးအောက်တစ်လွှား၊ ရွှေကိုယ်လားဟု၊ ထင်မှားမက်လွဲ၊ သို့စဉ် စွဲလည်း၊ ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော်၊ သုဘရာဇာ၊ မြေအောက်မှာပင်၊ ဘာသာ လူမျိုး၊ ချိန်မထိုးဘဲ၊ ပုပ်သိုးခန္ဓာ၊ မြှုပ် ရရှာသည်၊ ဘယ်မှာငါဟု၊ ရှိအံ့နည်း'' ဆိုသော ဓမ္မသံဝေဂ ကဗျာကိုလည်း လက်ကမ်းဝေပေးချင်ပါသည်။
''မသွားဘဲနီးနီးလာတာကသုသာန်၊ သွားပါလျက်နဲ့ ဝေးနေသေးတာက နိဗ္ဗာန်''
''ငါသည်မုချသေရမည်၊ အချိန်ပိုင်း သာလိုတော့သည်''
''မသေခင်ဟုတ်၊ သေလျှင်ပုပ်၊ အနှစ်မပါ၊ ငါ့ခန္ဓာ''
''ဘဝသံသရာ၊ ဤကွန်ချာဝယ်၊ ဆုံလာခဏ၊ ကြုံတွေ့ရလည်း၊ မသွေ တစ်နေ့၊ တရွေ့ရွေ့လျှင်၊ မုန်းမေ့ကြေကွဲ၊ မျက်ရည်ဝဲနှင့်ခွဲရမည်မှာ၊ ဓမ္မတာတည်း''
''ဟိုတစ်နေ့ကသေ၍ လူ့ပြည်သို့ ခေတ္တရောက်၊ စိတ်နေမမောက်ကြနှင့် စိတ်နေမောက်ကအရင်းပျောက်လိမ့်မည်''
''သက်တမ်းခပ်တိုတိုလေးမှာ၊ ခပ် ခိုခိုလုပ်နေမယ်ဆိုရင်၊ အသေစောသွားရင်၊ ကိုယ်ကျိုးနည်းသွားလိမ့်မယ်''
''အို၊ နာ၊ သေ၊ ကွဲ၊ တွေ့ကြုံမြဲ၊ မလွဲငါ့ကံ၊ ငါ့စီမံ''
''ဟိုအဘိုးကြီး(အဘွားကြီး)ပြက်တီး ပြက်ချော်၊ အသက်ကြီးမှ မြေးတွေနဲ့ ပျော်။ ပျော်ရင်းပျော်ရင်း၊ သေမင်းက ခေါ်၊ သူ့အတွက်၊ ဘဝနာသနော်၊ တရား အလုပ်အားထုတ်နိုင်မှတော်''
''မီးစွဲလောင်မှ၊ ရေကိုတသော်၊ မရ ဖြစ်အင်၊ ပုံနှိုင်းယှဉ်၍ မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်၊ မသေခင်က၊ ပြင်ဆင် တောက်လျှောက်၊ မေ့မပျောက်နှင့်၊ ချွေး ပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ်ကိုရလိမ့်''
စသည့် အသုဘရှု သံဝေဂတရား လင်္ကာလေးတွေကို မျှဝေပြီး အများသူ ငါ၊ တရားရကြစေချင်ပါသည်။
ယခုတော့ လူအချို့သည် မာန်မာန တွေခက်ထန်၊ အသွင်သဏ္ဌာန်နှင့် အနှစ် သာရကို မခွဲခြားတတ်ကြပေ။ ကိုယ့် ကိုယ်ကိုယ်ဘယ်လောက်ပဲ အလှပြင်ပြင်၊ အိမ်သာတက်တော့ ဇာတိရုပ်ပေါ်လာကြ ပါသည်။ ခန္ဓာကိုယ်ဟာ အနာစိမ်းနဲ့တူ တယ်။ အနာစိမ်းဟ