images
UN
UN
ငြိမ်းချမ်းရေးစာချုပ်အတွက် ကင်ညာသံတမန် တောင်ဆူဒန်သို့သွားရောက်
KK(IR) Sunday, 11 August 2019

တောင်ဆူဒန်ဆိုင်ရာ ကင်ညာ အထူးသံတမန် ကာလွန်ဇိုမက်ရို ကာသည် ၂ဝ၁၈ ခုနှစ် စက်တင် ဘာလတွင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီမှု ဆက်လက်လုပ် ဆောင်ရေးအတွက်ကင်ညာနိုင်ငံသို့ သွားရောက်ခဲ့သည်ဟု သိရသည်။
မက်ရိုကာသည် တောင်ဆူဒန် သမ္မတဆယ်လ်ဗာခီရာနှင့် အခြား သော ထိပ်တန်းအစိုးရအရာရှိများ နှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ဖြစ်စဉ်အကောင်အထည်ဖော်ခြင်း နှင့်ပတ်သက်ပြီး မြို့တော်ဂျူးဘား တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။¤င်း ၏သုံးရက်ကြာခရီးစဉ်တွင် တောင် ဆူဒန်အပစ်အခတ်ရပ်စဲရေး စောင့် ကြည့်ခြင်း၊ အပစ်အခတ်ရပ်စဲ ရေးနှင့်လုံခြုံရေးအစီအစဉ်ပြုပြင် ပြောင်းလဲမှုလေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တို့ကို လုပ်ဆောင် မည်ဖြစ်ပြီး ငြိမ်းချမ်းရေးသဘော တူညီမှုအကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်နှေးကွေးမှုတို့ကိုလည်း ဆွေးနွေးဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သုံးလက ငြိမ်းချမ်း ရေးအတွက် အရှိန်အဟုန်မြှင့်လုပ် ဆောင်မှုများမှ အောင်မြင်မှုများ ရရှိသော်လည်း သဘောတူညီမှု ပိုမိုအလုပ်ဖြစ်ရေးအတွက် လုပ် ဆောင်ရမည့်အရာများစွာရှိသေး ကြောင်း ဂျူးဘားရှိ အပစ်အခတ် ရပ်စဲရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ (၁၃)ကြိမ်မြောက်နည်းပညာ ကော်မတီဆွေးနွေးပွဲ ဖွင့်ပွဲတွင် စောင့်ကြည့်ရေးလုပ်ငန်းစဉ် ဥက္ကဋ္ဌ အာဘီချီအန်ဂျီနိုက ပြောကြားခဲ့ သည်ဟု သိရသည်။
သမ္မတခီရာနှင့် သူပုန်ခေါင်း ဆောင် ရိုက်မာချာတို့သည် အီသီ ယိုးပီးယားနိုင်ငံ အဒစ်အဘာဘာ တွင် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ က ပဋိပက္ခအဆုံးသတ်ရန် တရား ဝင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။ Ref: Chinadaily