images
UN
UN
စက်မှုလုပ်ငန်းများတွင် စင်ကာပူနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်းဝီဒိုဒိုပြောကြား
KK(IR) Sunday, 11 August 2019

အင်ဒိုနီးရှားနိုင်ငံ၏ အကြီး ဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်သည့် စင်ကာပူနှင့်ချစ်ကြည်မှုပိုမိုကောင်း မွန်ပြီး နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်လိုသည်ဟု အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည် ဟု သိရသည်။
ဘာတမ်၊ ဘင်တန်နှင့် ကာရီ မန်နေရာများတွင် ဆက်လက်ပူး ပေါင်းလုပ်ဆောင်နိုင်မည်ဟု မျှော် လင့်ကြောင်း၊ ဒီဂျစ်တယ်ကဏ္ဍ၊ စီးပွားရေး၊ ခရီးသွားကဏ္ဍနှင့် စက်မှုကဏ္ဍများ အစရှိသောကဏ္ဍ များအတွက် ယင်းနေရာများတွင် ပူးပေါင်းဆောင်ရွက်မှုအများအပြား ရှိမည်ဟု ယူဆပါကြောင်း ဝီဒိုဒိုက ဆိုသည်။ အင်ဒိုနီးရှားသည် ယခု အခါ စင်ကာပူအနီးရှိ ဘာတမ်နှင့် ဘင်တန်ကျွန်းများကိုချိတ်ဆက် သောအရှည်ဆုံးတံတားတစ်ခုတည် ဆောက်ရန်စီစဉ်လျက်ရှိသည်။
ယင်းတံတားသည် ခုနစ်ကီလို မီတာရှိမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် တွင် စတင်ဆောက်လုပ်ရန် ရည် ရွယ်ထားသည်။ ယင်းတံတားပြီးစီး သည့်အခါ ပင်လယ်ကူးတံတားရှိ သည့်အတွက် ခရီးသွားမှုပိုမိုလွယ် ကူလာနိုင်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပိုမိုတိုးတက်စေမည်ဖြစ် သည်။ နောင်ငါးနှစ်အတွက် ¤င်း ၏ အဓိကရည်မှန်းချက်ဖြစ်သည့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု အတွက် စင်ကာပူနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လိုသည်။ ၂ဝ၁၆ ခုနှစ်တွင် စင်ကာပူဝန်ကြီး ချုပ်လီရှန်လွန်းနှင့် ဝီဒိုဒိုတို့သည် ဂျာဗာအလယ်ပိုင်း၊ ဆဲမာရန်ရှိ ကန်ဒယ်စီးပွားရေးဇုန်ကိုတရားဝင် ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။
Ref: CNA