images
UN
UN
မှုခင်းကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော
ဒေါန(နေပြည်တော်) Monday, 12 August 2019
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရှမ်းစု ကျေးရွာအုပ်စု ရှမ်းစုကျေးရွာ ရပ်မိရပ်ဖ ဦးသောင်း၏နေအိမ် တွင် လယ်ဝေးမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးမြင့်အောင် နှင့်နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းနိုင်တို့က မှုခင်းကျ ဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင်တားဆီးကာကွယ် ရေး၊ ရဲတပ်သားသစ် စုဆောင်းရရှိရေးတို့ကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲကို မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ရာ ရှမ်းစု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းနွယ်နှင့် ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း ၁၅ဝ တက်ရောက်ခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။