images
UN
UN
မင်းသမီးခြောက်ဦးကိုယ်စားပြု အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Bella Perfume မိတ်ဆက်
အလင်း Monday, 12 August 2019
နိုင်ငံကျော်မင်းသမီးခြောက်ဦးကို ကိုယ်စားပြုပြီး Bella Cosmetics မှ ထုတ်လုပ်လိုက်သည့် Bella Perfume မိတ်ဆက်ပွဲကို သြဂုတ် ၁ဝ ရက်ညနေ ၄ နာရီက ရန်ကုန်မြို့ မြန်မာပလာဇာ၌ ကျင်းပခဲ့သည်။
''ကျွန်မတို့အခုအသစ်ထုတ်တဲ့ ရေမွှေးတွေက ကိုရီးယားနိုင်ငံမှာ သေချာဓာတ်ခွဲစမ်းသပ်ပြီးထုတ်လုပ်ခဲ့တာပါ။ ကျွန်မတို့နိုင်ငံမှာလည်း သေချာလေးကို စစ်ဆေးပြီး အဆင့်ဆင့်ခွင့်ပြုချက်ရမှထုတ်လုပ်တာ ပါ။ ထုတ်လုပ်တဲ့နေရာမှာလည်း ပန်းတွေရဲ့အဆီအနှစ်တွေကို သေ ချာလေးကိုယ်တိုင်ရွေးချယ်ပြီး ပြုလုပ်စမ်းသပ်ခဲ့တာပါ။ ပြည်တွင်း မှာ ဈေးသက်သာပြီး လူကိုဘေးမဖြစ်စေဘဲ အဆင့်မြင့်မြင့်နဲ့သုံးစွဲနိုင် တဲ့အပြင် ဘယ်နေရာသွားသွား အလွယ်တကူသယ်ဆောင်သွားနိုင် သလိုအချိန်ကြာမြင့်စွာလည်း ရနံ့မပြယ်ဘဲကြာရှည်သုံးနိုင်ပါတယ်'' ဟု Bella အလှကုန်ရဲ့CEO ဒေါ်ဝေသစ်လွင်က ပြောပြခဲ့သည်။
အဆိုပါ Bella Perfume ရေမွှေးများသည် ပရိသတ်အချစ် တော်မင်းသမီးများဖြစ်ကြသည့် စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ ဖွေးဖွေး၊ ရွှေမှုံရတီတို့က ရေမွှေးတစ်မျိုး ချင်းစီကို တစ်ယောက်ချင်းစီကိုယ်စားပြုထားတာဖြစ်ပြီး မင်းသမီး ခြောက်ဦးကို ကိုယ်စားပြုထားသည့် ရနံ့၏အမည်များမှာ Floral, Rose, Beautiful, Love, Fearless, Burma စသည့်နာမည်များ ဖြစ်ကြောင်း သိရသည်။