images
UN
UN
အိမ့်ချစ် Girls Get Equal Campaign 99 days ရဲ့ Ambassador အဖြစ်ခန့်အပ်ခံရ
ကိုလင်း Monday, 12 August 2019
အနုပညာအသိုင်းအဝိုင်းမှာ ပရိသတ်နဲ့ရော မီဒီယာနဲ့ပါ ထိတွေ့ သူတစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကို Girls Get Equal Campaign 99 days မှာ ပါဝင်ဖို့ Ambassador အဖြစ်ခန့်အပ်တော့မှာ ဖြစ်ပါတယ်။
''မိန်းကလေးတွေနဲ့ပတ်သက် ပြီးသိသင့်သိထိုက်တဲ့ ဥပဒေတွေ သူတို့အတွက်ရရှိနိုင်တဲ့အခွင့်အရေး တွေ သူတို့ရဲ့ဦးဆောင်နိုင်မှုစွမ်း ရည်တွေအဲဒါတွေကို Campaign တွေ လုပ်ဖို့ အစီအစဉ်တွေရှိတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဖြစ်တာက လူမှုအကျိုးပြုတဲ့ဟာဆိုရင် တော် တော်များများလုပ်ဖြစ်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အိမ့်ချစ် အမြဲ ပြောဖြစ်တဲ့စကားရှိတယ်။ ကိုယ်က ပိုက်ဆံသိပ်ချမ်းသာတဲ့အထဲမှာ မပါဘူး။ သူများတွေလိုမျိုးဘာ ကြီးလှူလိုက်မယ်ဆိုတာမျိုး ဘာ ကျောင်းဆောင်ကြီးတွေ ဆောက် ပစ်မယ်ဆိုတာမျိုးတွေ မလုပ်နိုင် တဲ့သူဆိုတော့ကိုယ်ဘာလုပ်နိုင်မ လဲ။ကိုယ့်မှာနာမည်တစ်ခုရှိတယ်။ အဲဒီနာမည်နဲ့ ဘယ်လိုအကျိုးပြုနိုင် မလဲ၊ဒီလိုမျိုးပဲ အိမ့်ချစ်က စဉ်းစား တယ် အဲဒီအခါကျတော့ ဒီလိုကမ် ပိန်းတွေမှာ ပါဝင်တာက အကျိုး အများကြီးရှိတယ်လေ။ နောက်ပြီး လူငယ်တွေအတွက်ဖြစ်တာကြောင့် လည်း ပါဝင်ဖြစ်တာများတယ်။ တခြားဟာဆိုရင်စဉ်းစားဖြစ်ရင် စဉ်းစား၊ နိုင်ငံရေးနဲ့ ပတ်သက်တာ မျိုးဆိုရင် အိမ့်ချစ်စဉ်းစားဦးမှာ၊ အခုကျတော့ နောင်တက်လာမယ့် လူငယ်တွေအတွက်ကို အများကြီး ကောင်းကျိုးဖြစ်မယ့် အရာမို့လို့ ပါဝင်ဖြစ်တာပါ'' ဟု အိမ့်ချစ်က ကမ်ပိန်းနဲ့ပတ်သက်ပြီး ပါဝင်ဖြစ် သည့်အကြောင်း ပြောပြခဲ့သည်။
ရဲလေးရေးပြီး အိမ့်ချစ်ဆိုထား သည့် အလှဆုံးမိန်းမပျိုသီချင်း ရိုက်ကူးရေးကိုလည်း သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့ ရင်ပြင်၊ ကန်တော်ကြီးထဲတွင်ရိုက် ကူးခဲ့ပြီး Girls Get Equal Campaign 99 days အတွက် ရိုက် ကူးခဲ့ကြောင်း သိရသည်။