images
UN
UN
တနင်္သာရီ-မြိတ် ပြည်ထောင်စုလမ်းမကြီးတွင် မြစ်ရေကြီး၍ ကားလမ်းရေကျော်သောနေရာများ၌ ခရီးသွားများကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်
မြင့်ဦး(မြိတ်) Monday, 12 August 2019
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အ တွင်း၌ ယနေ့နံနက် ၉ နာရီက မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ် မြစ် ရေကြီး၍ ကားလမ်းရေကျော်နေ သောနေရာများတွင် ခရီးသွားပြည် သူများ သွားလာဖြတ်သန်းမှုလွယ် ကူအဆင်ပြေစေရေးအတွက် တပ် မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
တနင်္သာရီမြစ်ရေကြီးမြင့်မှု ကြောင့် မြိတ်-တနင်္သာရီ-ကော့ သောင်း ပြည်ထောင်စုလမ်းမကြီး ၏ တနင်္သာရီမြို့နယ်အတွင်းရှိ ဆင် ခြေဖုံးကျေးရွာအုပ်စု အောက်ကင်း ကျေးရွာအနီး မိုင်တိုင်အမှတ်(၈၃၁) နှင့် (၈၃၂) အကြားတွင် ယမန်နေ့ နံနက် ၉ နာရီက ကားလမ်းမကြီး ပေါ်သို့ အလျားပေ ၃ဝဝ၊ ရေ အနက် ၃ ပေ ၂ လက်မခန့် ကား လမ်းရေကျော်နေသဖြင့် မော်တော် ယာဉ်ကြီးများသာ ဖြတ်သန်းသွား လာနိုင်ပြီး မော်တော်ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်များနှင့် လူများ ဖြတ်သန်းသွားလာမှု မရရှိတော့ သဖြင့် တနင်္သာရီမြို့မရဲစခန်းမှ ဒု ရဲအုပ်ကျော်မျိုးထက်နှင့် တပ်ဖွဲ့ဝင် ငါးဦး၊ တနင်္သာရီ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဖြိုး ဝေဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်လေး ဦးနှင့် နယ်မြေခံတပ်မတော်သား ၁၁ ဦးတို့ ပါဝင်သည့်ပူးပေါင်း အဖွဲ့များက ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင် စေရေးအတွက် တပ်မတော်ပိုင် သံခွံစက်လှေတစ်စင်းဖြင့် မော် တော်ဆိုင်ကယ်နှင့် လူများအား ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု လယ် တောင်ယာကျေးရွာအနီး မိုင်တိုင် အမှတ်(၈၃၄)နှင့် (၈၃၅) အကြား တွင်း ယမန်နေ့နံနက် ၉ နာရီက ကားလမ်းမကြီးပေါ်သို့ အလျားပေ ၁၂ဝဝ ခန့် ရေအနက် သုံးပေ ၅ လက်မခန့် ကားလမ်းမပေါ် ရေ ကျော်နေသဖြင့် မော်တော် ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်လူများ ဖြတ်သန်းသွားလာမှု မရရှိတော့ သဖြင့် တနင်္သာရီမြို့မရဲစခန်းမှ ဒုရဲအုပ်သောင်းကြည် ဦးစီးတပ် ဖွဲ့ဝင်ငါးဦး၊ နယ်မြေခံတပ်မတော် သား ၁၄ ဦးတို့အဖွဲ့သည် တပ်မ တော်ပိုင်သံခွံစက်လှေနှစ်စင်းဖြင့် မော်တော်ဆိုင်ကယ်နှင့်လူများအား ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ဆက်လက်၍ တနင်္သာရီမြို့ နယ်တွင် တနင်္သာရီမြစ်ရေကြီးမြင့် မှုကြောင့် မြိတ်-တကူသွား ကား လမ်းမ၏တနင်္သာမြို့နယ်အတွင်းရှိ တကူကျေးရွာအုပ်စု၊ အင်းရှည် ကုန်းကျေးရွာနှင့်ခြောက်အိမ်စု ကျေးရွာအကြား မြိတ်-တကူသွား ကားလမ်းမပေါ်သို့ အလျားပေ၂၃ဝ ခန့် ရေအနက်လေးပေခြောက် လက်မခန့် ကားလမ်းမပေါ်ရေ ကျော်နေသဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်လူများဖြတ် သန်းသွားလာမှုမရရှိတော့သဖြင့် တကူရဲကင်းစခန်းမှဒုရဲအုပ်သန်း ကျော်ဦးစီး၍ တပ်ဖွဲ့ဝင်ငါးဦး၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ကြပ် ကြီးသက်လွင်နှင့်မီးသတ်တပ်ဖွဲ့ ဝင်သုံးဦး၊ တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ငွေပါသုံး ဦးတို့ပါသော ပူးပေါင်းအဖွဲ့မှခရီး သွားပြည်သူများ အဆင်ပြေချော မွေ့စွာသွားလာနိုင်စေရန်အတွက် အင်းရှည်ကုန်းကျေးရွာမှစက်လှေ နှစ်စင်းဖြင့် မော်တော်ဆိုင်ကယ်နှင့် လူများအား ကူညီပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။
မိုးအဆက်မပြတ်သည်းထန် စွာရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် ယနေ့နံနက် ၆ နာရီ တိုင်ထွာချက်အရ အန္တရာယ်ရေ အမှတ်ကို ကျော်လွန်ကာ ၂၆ ပေ ၄ လက်မသို့ရောက်ရှိနေသော ကြောင့် တနင်္သာရီမြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့်ကျေးရွာပေါင်း ၃၉ ရွာတို့တွင် လူနေအိမ်များ ရေကြီး နစ်မြုပ်မှုဖြစ်ပေါ်နေသဖြင့်နီးစပ်ရာ ဆွေမျိုးများနေအိမ်များနှင့်ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း ခုနစ်ခုတွင် ပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ ၇၂၃ အိမ်၊ အိမ်ထောင်စု ၇၂၃ စု၊ လူဦးရေအမျိုးသား ၁၈ဝ၃ ဦး၊ အမျိုးသမီး ၁၈၅၉ ဦး၊ စုစုပေါင်းအမျိုးသားအမျိုး သမီးလူဦးရေ ၃၆၆၂ ဦးရှိကြောင်း နှင့်အဆိုပါရေဘေးသင့်ပြည်သူများ အတွက် ဆန်ဆီနှင့်စားသောက် ဖွယ်ရာများအပြင် ကျန်းမာရေးနှင့် ညီညွတ်သည် သောက်သုံးရေများ အဓိက လိုအပ်လျက်ရှိကြောင်း ဒေသခံကျေးရွာများရှိ ရွာသူရွာ သားများထံမှသိရသည်။