images
UN
UN
အင်တာနက်မြန်နှုန်းအမြင့်ဆုံးအနေအထားတွင်ရှိမည့် မိုဘိုင်းလ်ဖုန်းအား ဈေးကွက်တင်မည်
Monday, 12 August 2019
တရုတ်နိုင်ငံအခြေစိုက် မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သော OPPO သည် အင်တာနက်မြန်နှုန်းအမြင့်ဆုံးအနေအထားတွင်ရှိမည့် မိုဘိုင်းလ်ဖုန်းမော်ဒယ်သစ်အား ဈေးကွက်တင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါမိုဘိုင်းလ်ဖုန်းမော်ဒယ်သစ်အား Reno ဟု အမည်ပေးထား ကာ 5G ဆက်သွယ်ရေးစနစ်ကို အထောက်အပံ့ပေးသည့်မိုဘိုင်းလ်ဖုန်း အဖြစ် တည်ဆောက်ထားသည့်အပြင် အင်တာနက်မြန်နှုန်းမြင့်မားစေ ရန် အထောက်အကူဖြစ်စေမည့် လုပ်ဆောင်ချက်များလည်း ပါဝင်နေ ခြင်းကြောင့် အင်တာနက်မြန်နှုန်းအမြင့်ဆုံးအနေအထားကို ပိုင်ဆိုင်သည့် မိုဘိုင်းလ်ဖုန်းဖြစ်လာဖွယ်ရှိနေခြင်းဖြစ်သည်။Reno ၏ အင်တာနက် မြန်နှုန်းကို စမ်းသပ်ခဲ့ရာတွင် တူညီသော File တစ်ခုအား Download လုပ်ကာ စမ်းသပ်ခဲ့ရာ၌ ပြီးစီးချိန်သည် 4G မြန်နှုန်းရှိသော မိုဘိုင်းလ်ဖုန်းထက် ၁၈စက္ကန့်ပိုစောခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ မိုဘိုင်းလ်ဖုန်းတွင် အရည်အသွေးမြင့်သည့် ဓာတ်ပုံနှင့်ဗီဒီယိုများ ရိုက် ကူးနိုင်သည့်ကင်မရာစနစ်သစ်ကိုပါ ထည့်သွင်းထားပြီး ရောင်းဈေးသည် iPhone XR နှင့် တူညီသောဈေးနှုန်းမျိုး ရှိမည်ဖြစ်သည်။
NG(Ref; Dailymail)