images
UN
UN
ဒေးစွန်ပါစေတီတော်မြတ်ကြီးအနီးရှိ မာန်လျှော့တောင် ဆက်လက်ပြိုကျမှုမဖြစ်စေရေး စုပေါင်းဆောင်ရွက်နေ
ဟိန်းထက်(ပဲခူး) Monday, 12 August 2019
ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါစေတီ တော်မြတ်ကြီးအနီးရှိ မာန်လျှော့တောင်ပြို ကျနေမှုအစိတ်အပိုင်းအား ဆက်လက်ပြို ကျမှုမဖြစ်စေရေးအတွက် ယနေ့မွန်းလွဲပိုင်း က အမှတ်(၇) ခြေမြန်တပ်ရင်းနှင့် အမှတ် (၈) ခြေမြန်တပ်ရင်းတို့မှ တပ်မတော်သား များက တုတ်တန်းရိုက်ခြင်းများလာရောက် ကူညီလုပ်ဆောင်ပေးကြသည်။
အဆိုပါ မာန်လျှော့တောင်သည် ပဲခူး မြို့နယ် ဘုရားကြီးမြို့ ဝမ်းဘဲအင်းကျေး ရွာအနီး ဒေးစွန်ပါစေတီတော်မြတ်ကြီး တည်ရှိရာ တောင်တန်းတွင် တည်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယနေ့နံနက် ၆ နာရီခွဲခန့်က မြေသားများ ပြိုကျခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုကျနေသည့် တောင်အစိတ်အပိုင်း ဆက်လက်ပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် ဂေါပကအဖွဲ့များ နှင့်အတူ ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာ အနီးရှိ အမှတ်(၇) ခြေမြန်တပ်ရင်းနှင့် အမှတ်(၈)ခြေမြန်တပ်ရင်းတို့မှ အရာရှိ၊ စစ်သည်များက ဝါးတုတ်တန်းရိုက်ခြင်း များဖြင့် ကုသိုလ်ယူလာရောက်လုပ်ဆောင် ပေးကြကြောင်း သိရသည်။