images
UN
UN
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး) မှတစ်ဆင့် မွန်ပြည်နယ်ရေဘေးသင့်ဒေသများမှ ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် အလှူငွေကျပ် ၁၇၅ဝဝဝဝ လှူဒါန်း
သုတ(မန္တလေး) Monday, 12 August 2019
မန္တလေးမြို့မဟာအောင်မြေ မြို့နယ် ၅၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇လမ်းကြားရှိံHotel Hazel တွင် မွန်ပြည်နယ်ရေဘေးသင့်ဒေသများမှ ပြည်သူများအား ကူညီထောက်ပံ့ နိုင်ရန်အတွက် မြန်မာနိုင်ငံသတင်း စာဆရာအသင်း(မန္တလေးတိုင်း ဒေသကြီး)ထံHotel Hazel ပိုင်ရှင် ဒေါ်သန်းသန်းဆွေ (သား) ကို ကျော်ခိုင်၊ကိုပြည်စုံခိုင် မိသားစု နှင့်အတူ အခြားအလှူရှင်များ စုပေါင်း၍ အလှူငွေကျပ်၁၇၅ဝဝဝဝ အားယနေ့ညနေ ၄နာရီက ပေးအပ် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင်Hotel Hazel ပိုင်ရှင် ဒေါ်သန်းသန်း ဆွေ (သား)ကိုကျော်ခိုင်၊ ကိုပြည့် စုံခိုင်မိသားစုမှ အလှူငွေကျပ် ၁၅ သိန်း၊ ကိုအောင်ကျော်ဦးနှင့်ဇနီး မစိုးသန္တာမိသားစုက ငွေကျပ်ငါး သောင်း၊ကိုအားပေါက်ကငွေကျပ်ငါး သောင်း၊ ကိုလွင်မျိုးဟိန်းနှင့်ဇနီး မိသားစုက ငွေကျပ်ငါးသောင်း၊ ကိုဇော်ဆိုင်းလတ်ကငွေကျပ် ငါး သောင်း၊ ကိုစိုးလင်းအောင်က ငွေကျပ်ငါးသောင်း၊ စုစုပေါင်း ငွေကျပ် ၁၇၅ဝဝဝဝ အား အလှူ ရှင် ဒေါ်သန်းသန်းဆွေမိသားစုမှ စုပေါင်းပေးအပ်လှူဒါန်းခဲ့ရာမြန်မာ နိုင်ငံ သတင်းစာဆရာအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးမျိုးမင်းမင်းနှင့်တိုင်းဒေသကြီး အလုပ်အမှုဆောင်များမှ လက်ခံရ ယူခဲ့သည်။
ထို့နောက် အလှူရှင်ဒေါ်သန်း သန်းဆွေက အလှူငွေပေးအပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးမျိုးမင်းမင်းက ဝမ်းမြောက် မုဒိ တာကျေးဇူးတင်စကားပြောကြား ပေးခဲ့သည်။
ထိုသို့ လှူဒါန်းရာသို့အလှူရှင် မိသားစုဝင်များ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (မန္တလေး တိုင်းဒေသကြီး)ဥက္ကဋ္ဌဦးမျိုးမင်း မင်း၊အသင်းအတွင်းရေးမှူး ဦးသန့် ဇင်ထွန်း၊တွဲဖက်အတွင်းရေးမှူး-၁ ဦးမြတ်သစ်ခိုင်၊ ဘဏ္ဍာရေးမှူး ဦးအောင်မြင့်မြတ်၊ ပြန်ကြား ရေးမှူးဦးကျော်မင်းသော်၊ အလုပ် အမှုဆောင်များဖြစ်ကြသောဦး ကျော်ကြီးနှင့် ဦးကျော်ထူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
မြန်မာနိုင်ငံသတင်းစာဆရာ အသင်း (မန္တလေးတိုင်းဒေသ ကြီး)အနေဖြင့် ဒေါ်သန်းသန်းဆွေ (သား)ကိုကျော်ခိုင်၊ကိုပြည်စုံခိုင်Hotel Hazelမိသားစုကပေးအပ် လှူဒါန်းသော အလှူငွေကျပ် ၁၅သိန်းနှင့်အခြားအလှူရှင်များက ပေးအပ်လှူဒါန်းထားသော ငွေ ကျပ် ၂၅ဝဝဝဝ စုစုပေါင်း အလှူ ငွေကျပ် ၁၇၅ဝဝဝဝ အား မွန်ပြည် နယ်မှ အလှူရှင်ရောက်ရှိမှုနည်း ပါးသော မွန်ပြည်နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအား ကူညီ ထောက်ပံ့လှူဒါန်းရန်အတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မွန်ပြည်နယ်)သို့ ပြန်လည်လွှဲ ပြောင်း ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။