images
UN
UN
သဲဖြူကုန်းကျေးရွာမြေပြိုမှုတွင် သေဆုံးသူ ၅၉ဦးထိရှိလာ ရှာဖွေမှုများဆက်လက်လုပ်ဆောင်
သက်ပိုင် Monday, 12 August 2019
မုတ္တမအဝင် သဲဖြူကုန်းကျေး ရွာအတွင်း မြေပြိုမှုဖြစ်ပွားခဲ့သည့် အတွက် ယနေ့ညနေ ၆ နာရီအထိ သေဆုံးသူ ၅၉ ဦးအထိရှိပြီး ဆက် လက်ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။
ယခုလ ၉ ရက် နံနက် ၇ နာရီခွဲနှင့် ၈ နာရီကြားတွင် မြေပြိုမှု စတင်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားသည့် အဓိကအကြောင်းမှာ မိုးသည်းထန် စွာရွာသွန်းပြီး တောင်နံရံပဲ့ကျရာမှ ပြိုကျခြင်းဖြစ်ကြောင်း၊ တောင်ပြို ကျမှုအရှိန်ကြောင့် အောက်တွင် ရှိသည့်အိမ်များ၊ ရပ်ထားသည့်ကား များအားလုံးကမြေကြီးအောက်ထဲ သို့ရောက်သွားကြောင်းသိရသည်။
မြေပြိုသည့်နေ့မှစတင်ကာရှာ ဖွေကယ်ဆယ်မှုလုပ်ငန်းများ လုပ် ဆောင်ရာ ယမန်နေ့ ညနေ ၄ နာရီ အထိ သေဆုံးသူ၅၂ဦးနှင့် ဒဏ်ရာ ရသူ ၂၈ဦးရှိနေပြီး မြေကြီးအောက် တွင် ကျန်ရှိနေသူများအား ဆက် လက်ရှာဖွေမှုများ ပြုလုပ်ရာ ယနေ့ ညနေ ၆နာရီအထိ သတင်း အရ မြေပြိုမှုပိမိကာ သေဆုံးသူအရေ အတွက်မှာ စုစုပေါင်း ၅၉ ဦးအထိ ရှိလာခဲ့သည်။