images
UN
UN
ရဒေးကျေးရွာ၌ ကန်တော်ချောင်းရေလျှံ၍ ရွာချင်းဆက်လမ်းများ ရေတိုက်စားပျက်စီး
စစ်ကြည်(စလင်း) Monday, 12 August 2019
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ရဒေးကျေးရွာအုပ်စု ရဒေး ကျေးရွာ၌ စလင်းမြို့နယ်တွင် မိုးများဆက်တိုက် ရွာသွန်းနေခြင်း ကြောင့် ယမန်နေ့ ည ၉ နာရီက ကန်တော်ချောင်းရေလျှံပြီးအဆိုပါ ချောင်းရေများက ရဒေးကျေးရွာဘက်သို့ ဦးတိုက်စီးဆင်းမှုကြောင့် ရဒေး ကန်တော်ကျေးရွာချင်းဆက်လမ်းမှာ ဆိုင်ကယ်များပင် စီးမရ အောင် ပျက်စီးခဲ့သည်။
ရဒေးကျေးရွာသည်ဆင်ဖြူကျွန်းနှင့် ခြောက်မိုင်ခန့်ကွာဝေးကာ စလင်း-ချောက်သွားကားလမ်းအရှေ့ဘက် တစ်မိုင်ကျော်ခန့်အကွာ၌ တည်ရှိသည်။ အဆိုပါမိုးများအဆက်မပြတ်ရွာသွန်းပြီး ကန်တော် ချောင်းရေကြောင့် လမ်းများပျက်စီး၍အရေးပေါ်သွားလာရန်ပင်အခက် အခဲရှိနေသည်။ ရဒေးရွာသည် အိမ်ထောင်စု ၂၈၇ စု၊ လူဦးရေ ၁ဝ၇၇ ဦးရှိကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။