images
UN
UN
ရေစီးဆင်းမှုရပ်တန့်သွားသည့် ဓာတ်တော်ချိုင့် ရေတံခွန်ရေပြန်လည်စီးဆင်း
WT Monday, 12 August 2019
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၇ အနီး စခန်း ဓာတ်တော်ချိုင့်ရေတံခွန်သည် ယမန်နေ့ညနေ ၄ နာရီခန့်တွင် ရေစီးဆင်းမှုရပ်တန့်သွားသဖြင့် သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရေကျဆင်းသော ရေလမ်းကြောင်းများတွင် ကျောက်တုံးကြီးများနှင့် အခြားသောပစ္စည်းများပိတ်ဆို့နေပြီး ရေတံခွန်အပေါ်ဆုံးထပ်ကန်တွင်
အကျယ်တစ်ပေခန့်၊ အနက်ရှစ်ပေခန့်ရှိသည့် ဂလိုင်ပေါက်အတွင်းသို့ ရေများစီးဝင်နေသောကြောင့် ရေစီးဆင်းမှုမရှိတော့ဘဲ ရေတံခွန်များ ရပ်တန့်သွားကြောင်း သတင်းရရှိသဖြင့် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင် ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြင်စာရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဆည်မြောင်းအဖွဲ့၊ မြို့နယ်လျှပ်စစ် အဖွဲ့တို့နှင့်ပူးပေါင်း၍ ရေလမ်းကြောင်းများပြန်လည်စီးဆင်းစေရန် ဆောင် ရွက်ခဲ့ရာ ရေများမူလအတိုင်း ပြန်လည်စီးဆင်းနေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။