images
UN
UN
အမှတ်(၁၅) ခြေလျင်တပ်ရင်းမှ မိုးညှင်းမြို့ ဒေသခံပြည်သူများအား ကြက်သားနှင့် ကြက်ဥများ ဈေးနှုန်းချိုသာစွာရောင်းချ
ကချင်မြေနဂါး Monday, 12 August 2019
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဒေသခံအမှတ်(၁၅)ခြေလျင် တပ်ရင်းမှ မိုးညှင်းမြို့ ဒေသခံပြည်သူများ စားဝတ်နေရေးချောင်လည် စေရန်အတွက် အထောက်အပံ့ဖြစ်စေရန် ယနေ့ နံနက် ၇ နာရီက မိုးညှင်းမြို့ မြို့မဈေးထောင့် ရွှေနဂါးလမ်းဆုံတွင် ကြက်သားနှင့်ကြက်ဥ တို့အား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ ကြသည်။
မိုးညှင်းမြို့တွင် ကြက်သားတစ်ပိဿာ ကျပ် ၅ဝဝဝ နှင့်ကြက်ဥသုံးလုံး ကျပ်၅ဝဝ ဈေးပေါက်နေသော်လည်း အမှတ်(၁၅) ခြေလျင်တပ်ရင်းမှ ကြက်သားတစ်ပိဿာ ကျပ် ၄ဝဝဝ နှင့် ကြက်ဥတစ်လုံးကျပ် ၁၃ဝ နှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။
''ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ သက်သာချောင်ချိစေလိုတဲ့အတွက် အခုလို သက်သာတဲ့နှုန်းထားနဲ့ ရောင်းချပေးတာ ပါ။ တပ်တွင်း သက်သာချောင်ချိရေး အတွက်လည်း ကြက်၊ ဝက်၊ ငါးများကို တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့အတွက် ဖြစ်နိုင်ရင် နေ့စဉ်ရောင်းချပေးဖို့ ရည်ရွယ် ထားပါတယ်။ အခုဆို ကျွန်တော်တို့ ရောင်းချပေးတာ နှစ်ရက်ရှိပါပြီ။ တစ်နေ့ ကို ကြက်သား ၂၃ ပိဿာခန့်နဲ့ ကြက်ဥ အလုံး ၅ဝဝ လောက် ရောင်းချရပါ တယ်''ဟု တပ်ကြပ်ကြီးတစ်ဦးက ဟြေ ကြားခဲ့သည်။
အဆိုပါ ရောင်းချရာသို့ အမှတ်(၁၅) ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နေလင်းကိုကိုက လာရောက်ကြပ်မတ်ကာ စားသုံးသူများ အဆင်ပြေစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။