images
UN
UN
ကော့ကရိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေကြီးနစ်မြုပ်သောကျေးရွာများသို့ ဆန်နှင့်ခေါက်ဆွဲခြောက်များလှူဒါန်း
ခင်နီနီအောင် Monday, 12 August 2019
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံတိုင်းကျေးရွာအုပ်စုရှိ တောင်ကျရေစီးဆင်းမှုကြောင့် ရေကြီး နစ်မြုပ်နေသော ကြာအင်းစု၊ သုံးအိမ်စု၊ ကော့သာဆူးကျေးရွာများသို့ ယမန်နေ့နံနက် ၁ဝ နာရီတွင် ကော့ကရိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ အိမ်ခြေ ၁၁၆ လုံးအတွက် ဆန်နှင့်ခေါက်ဆွဲခြောက်များ၊ သုံးအိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအား ဆန်တစ်အိတ်နှင့် အလှူငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။
ရေကြီးနစ်မြုပ်သော အိမ်ခြေများမှာ ကြာအင်းစုကျေးရွာတွင် ၁ဝ အိမ်၊ သုံးအိမ်စုကျေးရွာတွင် ၃၅ အိမ်နှင့် ကျေးရွာဘုန်းကြီးကျောင်း တစ်ကျောင်း၊ ကော့သာဆူးကျေးရွာတွင် အိမ်ခြေ ၇၁ အိမ်၊ စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် လယ်မြေ ၁၄ ဧက ရေကြီးနစ်မြုပ်ခဲ့သည်။
အဆိုပါ ရေကြီးနစ်မြုပ်နေသော ကျေးရွာများသို့ ပြည်နယ်ပါတီကော် မတီဝင် ဦးအောင်မြင့်သိန်း၊ ကော့ကရိတ်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ဘဏ္ဍာ ရေးမှူး၊ ကော့ကရိတ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းဇော်လတ်နှင့် ပါတီကော်မတီ ဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီဝင်လူငယ် ၂ဝ တို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။