images
UN
UN
ရွှေလင်ဗန်းစက်မှုဇုန်မှအစာတောင့်စက်ရုံမီးလောင် ကျပ်သိန်း ၄ဝဝ ကျော်ဖိုးခန့်ဆုံးရှုံးသွား
ရွှေမြင့်ဦး(ရွှေပြည်သာ) Tuesday, 13 August 2019
လှိုင်သာယာမြို့နယ် ရွှေလင် ဗန်းစက်မှုဇုန် ကစင်ကျေးရွာအုပ်စု အပိုင်ဆိပ်ကမ်းသာလမ်းရှိ''ထူး သစ်''အစာတောင့်စက်ရုံတွင် ယခု လ ၁၁ ရက်ည ၉ နာရီမိနစ် ၅ဝ က မီးလောင်မှုတွင်ကျပ်သိန်း ၄ဝဝ ကျော်ဖိုးခန့်ဆုံးရှုံးသွားကြောင်းသိရ သည်။ မီးလောင်ရသည့်အကြောင်း အရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးတို့ကိုယမန် နေ့ကဘုတ်အဖွဲ့ဖွဲ့၍စစ်ဆေးခဲ့သည်။
''ပုစွန်၊ ဖွဲသိုလှောင်သည့်ဂို ဒေါင်၌သုံးစွဲထားတဲ့ဆလိုက်မီးလွန် ကဲစွာအသုံးပြုရာကနေ အပူလွန်ကဲ ပြီး ဂိုဒေါင်အတွင်းမှာရှိတဲ့ပီနံအိတ် တွေ ဖွဲအိတ်တွေမှတစ်ဆင့် မီး စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း လှိုင်သာယာမြို့နယ်မှ မီးသတ်တပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်ရာသို့ရန်ကုန်မြောက် ပိုင်းခရိုင် မီးသတ်ဦးစီးမှူးဦးမြင့် ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုး သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ ဝင်များက မီးသတ်ယာဉ်အစီး ၃ဝ၊ အုပ်ချုပ်မှုယာဉ်လေးစီး၊ ရေသယ် ယာဉ်ခြောက်စီးတို့ဖြင့် Leve-3 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁ဝ နာရီ ၄၂မိနစ်တွင် မီးငြိမ်းသွား ခဲ့သည်။
မီးလောင်မှုကြောင့် အလျား ပေ ၁၁ဝ အနံပေ ၁၄ဝ သွပ်မိုး အုတ်ကာကွန်ကရစ်ခင်းအဆောက် အအုံတစ်လုံး တန်ဖိုးကျပ်သိန်း ၄၂ဝ၊ ပီနံအိတ်ခွံ ၃ဝဝဝဝ တန်ဖိုး ငွေကျပ် ၁၅ သိန်း၊ ပုစွန်ဖွဲအိတ် ၂ဝဝ တန်ဖိုးငွေကျပ် ၂၄ သိန်း၊ သစ်သားခုံ ၁ဝဝ တန်ဖိုးငွေကျပ် ငါးသိန်း စုစုပေါင်းငွေကျပ် ၄၆၄ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မီးအားပေါ့ဆစွာသုံးစွဲသူဂိုဒေါင် တာဝန်ခံဦးဟန်လင်းထွဋ်(၃၅နှစ်) အား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၄၆၂၁/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။