images
UN
UN
အိမ်မဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မွန် ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများသို့ ကူညီထောက်ပံ့
ကျော်သူရဦး(အိမ်မဲ) Tuesday, 13 August 2019
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်လူမှုကူ ညီရေးအဖွဲ့မှ မွန်ပြည်နယ်၊ ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများသို့ သွားရောက် လှူဒါန်းရန်အတွက် အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ သွားရောက်ကူညီလှူ ဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါက်တာထိန်ဝင်း (ကျောင်းကုန်းမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ပု သိမ်ခရိုင်ပါတီဥက္ကဋ္ဌဦးကျော်ကျော်၊ အိမ်မဲမြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင် မောင်ဝင်း၊ အတွင်းရေးမှူးဦးဇွဲ မာန်လွင်နှင့်မြို့နယ်ပါတီကော်မ တီဝင်များနှင့် လူငယ်များက ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဆန်သုံးအိတ် သွားရောက်လှူဒါန်းခဲ့ရာ အိမ်မဲမြို့ နယ် လူမှုကူညီရေးအဖွဲ့မှဦးကျော် ကြီးကလက်ခံရရှိကြောင်းသိရသည်။